ရန်ကုန်စတော့အိတ်ချိန်းနှင့် ချေးငွေလက်မှတ်ကုမ္ပဏီများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် လိုက်နာမှုအားနည်းသည်ဟု ကော်မရှင်က သတိပေး - Property News in Myanmar from iMyanmarHouse.com
956 Views
ရန်ကုန်စတော့အိတ်ချိန်းနှင့် ချေးငွေလက်မှတ်ကုမ္ပဏီများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် လိုက်နာမှုအားနည်းသည်ဟု ကော်မရှင်က သတိပေး
[Unicode]
ရန်ကုန်စတော့အိတ်ချိန်း နှင့် ချေးငွေသက်သေခံလက်မှတ်ကုမ္ပဏီများသည် ငွေကြေးခဝါချမူနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးတို့တွင် လိုက်နာဆောင်ရွက်မှုအားနည်းနေသည်ဟု ချေးငွေသက်သေလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က သတိပေးလိုက်သည်။
ကော်မရှင်က ရန်ကုန်စတော့အိတ်ချိန်းကို ပထမအကြိမ် နှင့်အကျိုးဆောင်ကုမ္ပဏီဖြစ်သည့် ချေးငွေ သက်သေခံ လက်မှတ်လုပ်ငန်းကုမ္ပဏီ ၆ ခု ကို တတိယအကြိမ်စစ်ဆေးပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထိုကြောင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည် မေ ၁၈ ရက်တွင် ကြေငြာသည်။
လက်ရှိအချိန်တွင် ငွေကြေးခါဝချမှုနှင့် အကြမ်းဖျက်ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် အရေးကြီးနေသောကြောင့် ရန်ကုန်စတော့အိတ်ချိန်းနှင့် ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများကို သတိပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်းသည် အချက်၃ ချက်ကို မလိုက်နာကြောင်း ကော်မရှင်က သတိပေးထားသည်။ ၎င်းတို့ထဲတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးတွင် အချက်အလက်များစုဆောင်းရန်နှင့် အစီရင်ခံစာတင်ပြရန် လုံလုံလောက်လောက်ဆောင်ရွက်ထားခြင်းမရှိဟု ပါဝင် သည်။ ထိုအပြင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ထမ်းလုံလောက်စွာ ခန့်ထားရန်နှင့် စာရင်းစစ်အဖွဲ့ထားရန်ကိုလည်း သတိပေးထားသည်။
ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများသည် အချက် ၉ချက်ကို မလိုက်နာဟု ကော်မရှင်ကဆိုသည်။ ၎င်းတို့ထဲတွင် ငွေစာရင်းဖွင့်လှစ်သည့် လူတစ်ဦးနှင့် ကုမ္ပဏီများကို လိုအပ်သည့် အချက်အလက်များ ပြည်စုံလုံလောက်စွာတောင်းခံခြင်းမရှိဟု ကော်မရှင်ကဆိုသည်။
ထိုပြင် ကုမ္ပဏီများသည် ဆက်သွယ်ဆောင်ရွက်သူများနှင့် အရောင်းအဝယ်ဆိုင်ရာ အချက်အလက်များကို ပြည့်စုံလုံလောက်စွာ မှတ်တမ်းတင်ထားခြင်းမရှိဟုလည်းကော်မရှင်ကဆိုသည်။ ထိုပြင် ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့် လမ်းညွန့်ချက်များကိုလည်း လိုက်နာခြင်းမရှိဟုဆိုသည်။ ကိုယ်တိုင်ပြုစုထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းလမ်းညွန်များကို လိုက်နာခြင်းမရှိဟုဆိုသည်။
ထိုကုမ္ပဏီများသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးွင် အချက်အလက်များစုဆောင်းရန်နှင့် အစီရင်ခံစာတင်ပြရန်ကိုလည်း လုံလောက်စွာဆောင်ရွက်ထားခြင်းလည်းမရှိဟု ကော်မရှင်ကဆိုသည်။ ဝန်ထမ်းများကို ပြည့်စုံလုံလောက်စွာခန့်အပ်ထားခြင်းမရှိဟုလည်း ကော်မရှင်ကထုတ်ပြန်ထားသည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service