COVID-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၁၂ သန်းကျော်ဖိုး ပဲခူးတိုင်းအစိုးရ ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
874 Views

COVID-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၁၂ သန်းကျော်ဖိုး ပဲခူးတိုင်းအစိုးရ ခွင့်ပြု

[Unicode]

COVID-19 ကာလအတွင်း ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ဒေါ်လာ ၁၂ သန်းကျော်နှင့် ကျပ် ၄ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုကိုခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ခုနှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်း ၁ ခုတို့ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ထုတ်ပြန်သည်။

ထိုပြင် COVID-19ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကလည်း တည်ဆောက်ရေးကာလ သက်တမ်းတိုးပေးရန် တင်ပြလာသည်ဟုဆိုသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေသော်လည်း အမေရိကန်ဒေါ်လာ ၅၅၅ သန်း နှင် ကျပ် ၅၁ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၁ မျိုးကို ဧပြီ ၃ ရက်တွင် ခွင့်ပြု ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)က ထုတ်ပြန်ထားသည်။

ထိုပြင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီ ယံကျော် ရင်းနှီးမြှုပ်နှံရန် အဆို ပြုထားသည့် နိုင်ငံခြားကုမ္ပဏီ အသစ်များအမြန်ဆုံး ထပ်မံခွင့် ပြုနိုင်ရန် စီစဉ်နေကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောထားသည်။

နိုင်ငံခြားကုမ္ပဏီ ၂၇ ခု သည် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီ ယံ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထား ပြီး လက်ရှိ တိုင်းနှင့် ပြည်နယ် အစိုးရများ၊ ဝန်ကြီးဌာနများ သဘောထားမှတ်ချက်များတောင်းယူခြင်းတို့ကို ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများနှင့် ညှိနှိုင်းနေသည်ဟု ၎င်းကဆိုသည်။

၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဧပြီ ၂၈ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျာ် မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည်။ အတည်ပြု၊ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းပေါင်း ၁၆၂ ခု၊ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော်၊ ထပ်မံတိုးမြှင့်ရင်းနှီး မြှုပ်နှံမှုက ဒေါ်လာ တစ်ဘီလီယံ ခန့်နှင့် သီလဝါအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုများလည်းပါဝင်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]














 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service