COVID-19 တိုက်ဖျက်ရန်နှင့် နိုင်ငံတော်လိုငွေဖြည့်တင်းရေး နိုင်ငံတကာမှ ဒေါ်လာ သန်း ၇၅၀ ချေးရန် အစိုးရက လွှတ်တော်တင် - Property News in Myanmar from iMyanmarHouse.com
1295 Views

COVID-19 တိုက်ဖျက်ရန်နှင့် နိုင်ငံတော်လိုငွေဖြည့်တင်းရေး နိုင်ငံတကာမှ ဒေါ်လာ သန်း ၇၅၀ ချေးရန် အစိုးရက လွှတ်တော်တင်

[Unicode] COVID-19 ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံတော်လိုငွေဖြည့်တင်းရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ဒေါ်လာ သန်း ၇၅၀ ချေးယူရန် အစိုးရက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုချေးငွေများကို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံဖြိုးရေးအဖွဲ့(IDA) တို့ထံမှ ရယူမည်ဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပြီး အခွန်ရလျော့ကာ နိုင်ငံတော်ဝင်ငွေမှာ အကြီးအကျယ်သက်ရောက်မည်ဖြစ်သည်ဟု အစိုးရက လွှတ်တော်သို့ တင်ပြသည်။ ထိုကြောင့် IMFမှ ဒေါ်လာ သန်း ၇၀၀ နှင့် ကမ္ဘာဘဏ်ထံမှ ဒေါ်လာ သန်း ၅၀ ရယူမည်ဟုဆိုသည်။

IMF က ချေးငွေသည် အစိုးရ၏ ဘတ်ဂျတ်လိုငွေကိုဖြည့်တင်းမည်ဖြစ်ပြီး ကမ္ဘာဘဏ်မှချေးငွေကို ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအပေါ် အရေးပေါ်စီမံချက် အကောင်အ ထည်ဖော်ရန် အသုံးပြုမည်ဟုဆိုသည်။

ဘဏ္ဍာရေးလိုငွေကို ဖြည့်ဆည်းရာတွင် ယခင်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူသည့်နည်းလမ်းဖြင့် ဖြည့်တင်းပြီး ယခုအခါ လိုငွေပမာဏများ၍ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ချေးငွေ ဖြင့် ဖြည့်ဆည်းခြင်းဖြစ်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

IMF ၏ချေးငွေသန်း ၇၀၀တွင် အတိုးမဲ့ချေးငွေက သုံးပုံတစ်ပုံနှင့် အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် သုံးပုံနှစ်ပုံရယူမည်ဟု ဝန်ကြီးဌာနကဆိုသည်။ IMF ၏ အတိုးမဲ့ချေးငွေကို ဝင်ငွေနည်းသည့် နိုင်ငံများ သဘာဝဘေး အန္တရာယ်၊ စီးပွားရေးရိုက်ခတ်မှု၊ ထိခိုက်လွယ်သော ကိစ္စများကြောင့် အရေးပေါ်လိုအပ်ချိန် တွင် ပေးအပ်ခြင်းဖြစ်သည်။ ချေးငွေ သက်တမ်းမှာ ၁၀နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလမှ ၅ နှစ်ခွဲဖြစ်သည်။

ဆိုင်ရာ စည်းကမ်းမှာ ဆိုင်းငံ့ကာလ ငါးနှစ်ခြောက်လ၊ ပြန်ဆပ်ကာလ လေးနှစ်ခြောက်လ၊ စုစုပေါင်း ချေးငွေသက်တမ်း ၁၀ နှစ်ဖြစ်ပြီး အတိုးမဲ့ ချေးငွေဖြစ်သည်။ IMF ၏ အတိုးနှုန်း တစ်ရာခိုင်နှုန်း ချေးငွေမှာ အဖွဲ့ဝင် နိုင်ငံအားလုံးရယူနိုင်ပြီး ချေးငွေသက်တမ်းမှ ငါးနှစ်ဖြစ်သည်။ ဆိုင်းငံ့ကာလမှ ၃ နှစ်နှင့် ၃ လဖြစ်သည်။

ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ ဒေါ်လာ သန်း ၅၀ ချေးငွေသည် COVID-19 တိုက်ဖျက်ရန် တစ်နိုင်ငံလုံးရှိ ဆေးရုံကြီး ၄၃ ရုံနှင့် ရန်ကုန်၊ မန္တလေး၊နေပြည်တော်တို့ရှိ ဗဟိုအဆင့် ဆေးရုံကြီးရှစ်ရုံတွင်ရှိသည့် အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်တင်ရန်ဖြစ်သည်။

ချေးငွေသက်တမ်းမှာ နှဏ် ၃၀ ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခ ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သည်။ဆိုင်းငံ့ကာလမှ ငါးနှစ်ဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

COVID-19 တိုက္ဖ်က္ရန္ႏွင့္ ႏိုင္ငံေတာ္လိုေငြျဖည့္တင္းေရး ႏိုင္ငံတကာမွ ေဒၚလာ သန္း ၇၅၀ ေခ်းရန္ အစိုးရက လႊတ္ေတာ္တင္

COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ႏွင့္ ႏိုင္ငံေတာ္လိုေငြျဖည့္တင္းေရးအတြက္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားထံမွ ေဒၚလာ သန္း ၇၅၀ ေခ်းယူရန္ အစိုးရက လႊတ္ေတာ္သို႔ တင္ျပခဲ့သည္။

ထိုေခ်းေငြမ်ားကို အျပည္ျပည္ဆိုင္ရာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF)၊ ကမာၻဘဏ္၊ အျပည္ျပည္ဆိုင္ရာဖြံၿဖိဳးေရးအဖြဲ႕(IDA) တို႔ထံမွ ရယူမည္ျဖစ္သည္။

COVID-19 ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္ၿပီး အခြန္ရေလ်ာ့ကာ ႏိုင္ငံေတာ္ဝင္ေငြမွာ အႀကီးအက်ယ္သက္ေရာက္မည္ျဖစ္သည္ဟု အစိုးရက လႊတ္ေတာ္သို႔ တင္ျပသည္။ ထိုေၾကာင့္ IMFမွ ေဒၚလာ သန္း ၇၀၀ ႏွင့္ ကမာၻဘဏ္ထံမွ ေဒၚလာ သန္း ၅၀ ရယူမည္ဟုဆိုသည္။

IMF က ေခ်းေငြသည္ အစိုးရ၏ ဘတ္ဂ်တ္လိုေငြကိုျဖည့္တင္းမည္ျဖစ္ၿပီး ကမာၻဘဏ္မွေခ်းေငြကို က်န္းမာေရးဆိုင္ရာ တုံ႔ျပန္မႈအေပၚ အေရးေပၚစီမံခ်က္ အေကာင္အ ထည္ေဖာ္ရန္ အသုံးျပဳမည္ဟုဆိုသည္။

ဘ႑ာေရးလိုေငြကို ျဖည့္ဆည္းရာတြင္ ယခင္က ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ေငြေခ်းယူသည့္နည္းလမ္းျဖင့္ ျဖည့္တင္းၿပီး ယခုအခါ လိုေငြပမာဏမ်ား၍ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားထံမွ အတိုးႏႈန္းသက္သာေသာ ေခ်းေငြ ျဖင့္ ျဖည့္ဆည္းျခင္းျဖစ္ဟု စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မူဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကေျပာသည္။

IMF ၏ေခ်းေငြသန္း ၇၀၀တြင္ အတိုးမဲ့ေခ်းေငြက သုံးပုံတစ္ပုံႏွင့္ အတိုးႏႈန္း တစ္ရာခိုင္ႏႈန္းျဖင့္ သုံးပုံႏွစ္ပုံရယူမည္ဟု ဝန္ႀကီးဌာနကဆိုသည္။ IMF ၏ အတိုးမဲ့ေခ်းေငြကို ဝင္ေငြနည္းသည့္ ႏိုင္ငံမ်ား သဘာဝေဘး အႏၲရာယ္၊ စီးပြားေရး႐ိုက္ခတ္မႈ၊ ထိခိုက္လြယ္ေသာ ကိစၥမ်ားေၾကာင့္ အေရးေပၚလိုအပ္ခ်ိန္ တြင္ ေပးအပ္ျခင္းျဖစ္သည္။ ေခ်းေငြ သက္တမ္းမွာ ၁၀ႏွစ္ျဖစ္ၿပီး ဆိုင္းငံ့ကာလမွ ၅ ႏွစ္ခြဲျဖစ္သည္။

ဆိုင္ရာ စည္းကမ္းမွာ ဆိုင္းငံ့ကာလ ငါးႏွစ္ေျခာက္လ၊ ျပန္ဆပ္ကာလ ေလးႏွစ္ေျခာက္လ၊ စုစုေပါင္း ေခ်းေငြသက္တမ္း ၁၀ ႏွစ္ျဖစ္ၿပီး အတိုးမဲ့ ေခ်းေငြျဖစ္သည္။ IMF ၏ အတိုးႏႈန္း တစ္ရာခိုင္ႏႈန္း ေခ်းေငြမွာ အဖြဲ႕ဝင္ ႏိုင္ငံအားလုံးရယူႏိုင္ၿပီး ေခ်းေငြသက္တမ္းမွ ငါးႏွစ္ျဖစ္သည္။ ဆိုင္းငံ့ကာလမွ ၃ ႏွစ္ႏွင့္ ၃ လျဖစ္သည္။

ကမာၻ႔ဘဏ္၊ အျပည္ျပည္ ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ (IDA) ထံမွ ေဒၚလာ သန္း ၅၀ ေခ်းေငြသည္ COVID-19 တိုက္ဖ်က္ရန္ တစ္ႏိုင္ငံလုံးရွိ ေဆး႐ုံႀကီး ၄၃ ႐ုံႏွင့္ ရန္ကုန္၊ မႏၲေလး၊ေနျပည္ေတာ္တို႔ရွိ ဗဟိုအဆင့္ ေဆး႐ုံႀကီးရွစ္႐ုံတြင္ရွိသည့္ အထူးၾကပ္မတ္ကုသေဆာင္မ်ားကို အဆင့္ျမႇင့္တင္ရန္ျဖစ္သည္။

ေခ်းေငြသက္တမ္းမွာ ႏွဏ္ ၃၀ ျဖစ္ၿပီး အတိုးႏႈန္း ၁ ဒသမ ၂၅ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္ခ ၀ ဒသမ ၇၅ ရာခိုင္ႏႈန္းျဖစ္သည္။ဆိုင္းငံ့ကာလမွ ငါးႏွစ္ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service