ဧပြီလအတွက် အစိုးရကင်းလွတ်ခွင့်ပေးခဲ့သည့် လျှပ်စစ်မီတာခ ကျပ် ၃၅ ဘီလီယံခွဲဖိုးရှိဟု သမ္မတရုံးဆို - Property News in Myanmar from iMyanmarHouse.com
724 Views

ဧပြီလအတွက် အစိုးရကင်းလွတ်ခွင့်ပေးခဲ့သည့် လျှပ်စစ်မီတာခ ကျပ် ၃၅ ဘီလီယံခွဲဖိုးရှိဟု သမ္မတရုံးဆို

[Unicode]

COVID-19 ကပ်ရောဂါထိန်းချုပ်ရေး အတွက် ဧပြီ အတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် မီတာခ ၃၅ ဘီလီယံခွဲဖိုး ကင်းလွတ်ခွင့်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောသည်။

အစိုးရသည် လျှပ်စစ်ကဏ္ဍတွင် အိမ်ထောင်စု ပေါင်း ငါးသန်းနီးပါးအတွက် ထိုပမာဏကို အခမဲ့ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကပ်ရောဂါကာလအတွင်း အစိုးရက ပြည်သူများကို အိမ်တွင်သာ နေထိုင်ရန် တိုက်တွန်းပြီးနောက် ဧပြီလအတွင် မီတာ ယူနစ် ၁၅၀ နှင့်မေလအတွက် ၇၅ ယူနစ်ကို အခမဲ့ပေး သုံးဆွဲခွင့်ပြုခဲ့သည်။

ထိုကာလအတွင်းအိမ်ထောင်စု ၅ သန်းကို ပေးနိုင်၍ အစိုးရမျှော်မှန်းသည့် အခြေခံလူတန်းစား၊ လက်လုပ်လက်စားများကို မီတာ ခ အခမဲ့ပေးသည်ဆိုခြင်းကို လွှမ်း ခြုံနိုင်သည်ဟုဆိုသည်။

အစိုးရ လျှပ်စစ်မီတာကို ဧပြီ အတွက် ယူနစ် ၁၅၀အတွက် ကျပ် ၁၁၅၀၀ နှင့် ၇၅ ယူနစ်အတွက် ကျပ် ၃၈၀၀ကို အစိုးရက အခမဲ့ပေးခြင်းဖြစ်သည်။

ဝန်ကြီးဌာနက ဧပြီအတွင်း လျှပ်စစ်ယူနစ် ၁၅၀ ကို အခမဲ့ ပေးသုံးရာတွင် သုံးစွဲသူ ပြည်သူ အချို့က ကျသင့်ငွေ ၁၁,၅၅၀ ကျပ်ကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ ပြန်လည်လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသည့် အိမ်ထောင် စုသည် ၂၀၁၉ ဖေဖော်ဝါရီက ၄ ဒသမ ၈ သန်းရှိပြီး တစ်နှစ်လျှင် လေးသိန်းခွဲကျော် တိုးတက်လျက်ရှိသည်။ တစ်အိမ်ထောင်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ယူနစ် ၃၇၀ ကျော် သုံးစွဲသည်။ ထို့ကြောင့် ယခုအစိုးရက တစ်အိမ်ထောင်လျှင် အခမဲ့ သုံးစွဲခွင့်ပြုသည့် ယူနစ် ၁၅၀ ဖြင့် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံးအတွက် တွက်ချက်ပါက စုစုပေါင်းကုန်ကျစရိတ်သည် ကျပ်ဘီလီယံ ၆၀ ကျော်ရှိမည်ဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဧၿပီလအတြက္ အစိုးရကင္းလြတ္ခြင့္ေပးခဲ့သည့္ လွ်ပ္စစ္မီတာခ က်ပ္ ၃၅ ဘီလီယံခြဲဖိုးရွိဟု သမၼတ႐ုံးဆို

COVID-19 ကပ္ေရာဂါထိန္းခ်ဳပ္ေရး အတြက္ ဧၿပီ အတြင္း တႏိုင္ငံလုံးအတိုင္းအတာျဖင့္ လွ်ပ္စစ္ မီတာခ ၃၅ ဘီလီယံခြဲဖိုး ကင္းလြတ္ခြင့္ေပးခဲ့သည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးကေျပာသည္။

အစိုးရသည္ လွ်ပ္စစ္က႑တြင္ အိမ္ေထာင္စု ေပါင္း ငါးသန္းနီးပါးအတြက္ ထိုပမာဏကို အခမဲ့ေဆာင္႐ြက္ေပး ခဲ့ျခင္းျဖစ္သည္ဟု ၎က ဆိုသည္။

ကပ္ေရာဂါကာလအတြင္း အစိုးရက ျပည္သူမ်ားကို အိမ္တြင္သာ ေနထိုင္ရန္ တိုက္တြန္းၿပီးေနာက္ ဧၿပီလအတြင္ မီတာ ယူနစ္ ၁၅၀ ႏွင့္ေမလအတြက္ ၇၅ ယူနစ္ကို အခမဲ့ေပး သုံးဆြဲခြင့္ျပဳခဲ့သည္။

ထိုကာလအတြင္းအိမ္ေထာင္စု ၅ သန္းကို ေပးႏိုင္၍ အစိုးရေမွ်ာ္မွန္းသည့္ အေျခခံလူတန္းစား၊ လက္လုပ္လက္စားမ်ားကို မီတာ ခ အခမဲ့ေပးသည္ဆိုျခင္းကို လႊမ္း ၿခဳံႏိုင္သည္ဟုဆိုသည္။

အစိုးရ လွ်ပ္စစ္မီတာကို ဧၿပီ အတြက္ ယူနစ္ ၁၅၀အတြက္ က်ပ္ ၁၁၅၀၀ ႏွင့္ ၇၅ ယူနစ္အတြက္ က်ပ္ ၃၈၀၀ကို အစိုးရက အခမဲ့ေပးျခင္းျဖစ္သည္။

ဝန္ႀကီးဌာနက ဧၿပီအတြင္း လွ်ပ္စစ္ယူနစ္ ၁၅၀ ကို အခမဲ့ ေပးသုံးရာတြင္ သုံးစြဲသူ ျပည္သူ အခ်ိဳ႕က က်သင့္ေငြ ၁၁,၅၅၀ က်ပ္ကို COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ သို႔ ျပန္လည္လႉဒါန္းခဲ့ၾကသည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားသုံးစြဲသည့္ အိမ္ေထာင္ စုသည္ ၂၀၁၉ ေဖေဖာ္ဝါရီက ၄ ဒသမ ၈ သန္းရွိၿပီး တစ္ႏွစ္လွ်င္ ေလးသိန္းခြဲေက်ာ္ တိုးတက္လ်က္ရွိသည္။ တစ္အိမ္ေထာင္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား ယူနစ္ ၃၇၀ ေက်ာ္ သုံးစြဲသည္။ ထို႔ေၾကာင့္ ယခုအစိုးရက တစ္အိမ္ေထာင္လွ်င္ အခမဲ့ သုံးစြဲခြင့္ျပဳသည့္ ယူနစ္ ၁၅၀ ျဖင့္ တစ္ႏိုင္ငံလုံးရွိ အိမ္ေထာင္စုအားလုံးအတြက္ တြက္ခ်က္ပါက စုစုေပါင္းကုန္က်စရိတ္သည္ က်ပ္ဘီလီယံ ၆၀ ေက်ာ္ရွိမည္ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service