ဂျပန်အစိုးရ ကူညီထားသည့် ရထားတွဲ (၂၁) စင်း ရန်ကုန်မြို့သို့ရောက်ရှိလာ - Property News in Myanmar from iMyanmarHouse.com
926 Views

ဂျပန်အစိုးရ ကူညီထားသည့် ရထားတွဲ (၂၁) စင်း ရန်ကုန်မြို့သို့ရောက်ရှိလာ

[Zawgyi]

ဂျပန်အစိုးရကူညီထားသည့် ရထားတွဲ ၂၁ စင်း သည် ရန်ကုန်မြို့သို့ မေ ၁၁ ရက်က ရောက်ရှိခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာ့မီးရထားနှင့်ပူးပေါင်း၍ ဂျပန်နိုင်ငံမှ မီးရထားတွဲအသစ် ၆၆ စင်းဝယ်ယူရန် ဆောင်ရွက်နေပြီး ၎င်းမတိုင်ခင် ရထားတွဲဟောင်း ၃၂ စင်းကို လွဲပြောင်းပေးရန် ယခုနှစ်တွင် စီစဉ်ထားခြင်းဖြစ်သည်။ ယခုရထားတွဲများသည် ၎င်းတို့အနက်မှ ၂၁ တွဲဖြစ်သည်ဟု ဆိုသည်။

ယခုရောက်ရှိလာသည့် ရထားတွဲဟောင်းကို ပြန်လည်ပြင်ဆင်ပြီးက ရန်ကုန်မြို့ပတ်ရထားလမ်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်သည်ဟု သံရုံးကထုတ်ပြန်သည်။

၂၀၂၀ ဖေဖော်ဝါရီလတွင်လည်း ရထားတွဲဟောင်း ၅ တွဲရောက်ရှိပြီး မြန်မာ့မီးရထားက ပြုပြင်မွမ်းမံပြီး စမ်းသပ်မောင်နှင်းနေသည်ဟုဆိုသည်။ မကြာခင်ပေးဆွဲတော့မည်ဟု ဂျပန်သံရုံးကထုတ်ပြန်သည်။

ဂျပန်အစိုးရသည် ရထားတွဲများလွဲပြောင်းပေးခြင်းအပြင် ရထားသံလမ်းများ အဆင့်မြှင့်တင်ခြင်း ၊ ရထားလမ်း အချက်ပြစနစ်များမွမ်းမံခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်နေသည်ဟုဆိုသည်။

ရထားသံလမ်းများ အဆင့်မြှင့်တင်ခြင်းကို ဂျပန်အကြံပေးကုမ္ပဏီနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း ဆောင်ရွက်နေပြီး လုပ်ငန်းပြီးစီလုနီးပါးဖြစ်သည်ဟု သံရုံးကဆိုသည်။

ဂျပန်အစိုးရက မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရထားသံလမ်းအပါအဝင် သယ်ယူပို့ဆောင်ရေး ကဏ္ဍအဆင့်မြှင့်ရေး ပူးပေါင်းဆောင်ရွက်နေသည်ဟုဆိုသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်ခြင်း စီမံကိန်းအတွက် အစိုးရ က ကျပ် ၅၄ ဘီလီယံနှင့် ရထား တွဲဆိုင်းများဝယ်ယူရန် ဂျပန်နိုင်ငံ မှချေးငွေ ဒေါ်လာသန်း ၂၀၀ ကျော်ဖြင့် ဆောင်ရွက်ခြင်းဖြစ် သည်ဟု မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တစ်ပတ် ၂၉ မိုင် ခွဲရှိပြီး လက်ရှိတွင် တစ်ရက်လျှင် ခရီးသည် ၇၃,၀၀၀ ကို ရထားဖြင့် နေ့စဉ်ပို့ဆောင်နေသည်။ လက်ရှိ တွင် မြို့ပတ်ကြာချိန် သုံးနာရီခန့် ဖြစ်ပြီး တစ်နာရီ ၂၅ မိုင် သွားနိုင်သည်။

အဆင့်မြှင့်တင်ပြီးပါက ခရီး သည် ၂၆၀,၀၀၀ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်ပြီး ကြာမြင့်ချိန် နှစ်နာရီသာရှိမည်ဟု မြန်မာ့မီးရထားလုပ်ငန်းက ထုတ်ပြန်သည်။ မြန်နှုန်း တစ်နာရီ ၃၇ မိုင်အထိ တိုးမြင့်လာမည်ဟုဆိုသည်။

ထိုစီမံကိန်း အဆင့်မြှင့်တင် ခြင်းကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း အဆင့်မြှင့်တင်ရာတွင် လမ်းပိုင်း၊ ဘူတာရုံပိုင်းပါ မြှင့်တင်မည်ဖြစ် သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းကို ကိုလိုနီခေတ်တွင် ဗြိတိသျှတို့က တည်ဆောက်ပြီး အသွားအပြန် နှစ်လမ်းသွားရထားလမ်းကို ၁၉၅၄ ၌ တည်ဆောက်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Unicode]

ဂ်ပန္အစိုးရ ကူညီထားသည့္ ရထားတြဲ (၂၁) စင္း ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိလာ

ဂ်ပန္အစိုးရကူညီထားသည့္ ရထားတြဲ ၂၁ စင္း သည္ ရန္ကုန္ၿမိဳ႕သို႔ ေမ ၁၁ ရက္က ေရာက္ရွိခဲ့ သည္ဟု ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ုံးက သတင္းထုတ္ျပန္သည္။

ျမန္မာ့မီးရထားႏွင့္ပူးေပါင္း၍ ဂ်ပန္ႏိုင္ငံမွ မီးရထားတြဲအသစ္ ၆၆ စင္းဝယ္ယူရန္ ေဆာင္႐ြက္ေနၿပီး ၎မတိုင္ခင္ ရထားတြဲေဟာင္း ၃၂ စင္းကို လြဲေျပာင္းေပးရန္ ယခုႏွစ္တြင္ စီစဥ္ထားျခင္းျဖစ္သည္။ ယခုရထားတြဲမ်ားသည္ ၎တို႔အနက္မွ ၂၁ တြဲျဖစ္သည္ဟု ဆိုသည္။

ယခုေရာက္ရွိလာသည့္ ရထားတြဲေဟာင္းကို ျပန္လည္ျပင္ဆင္ၿပီးက ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းတြင္ စတင္ေျပးဆြဲသြားမည္ျဖစ္သည္ဟု သံ႐ုံးကထုတ္ျပန္သည္။

၂၀၂၀ ေဖေဖာ္ဝါရီလတြင္လည္း ရထားတြဲေဟာင္း ၅ တြဲေရာက္ရွိၿပီး ျမန္မာ့မီးရထားက ျပဳျပင္မြမ္းမံၿပီး စမ္းသပ္ေမာင္ႏွင္းေနသည္ဟုဆိုသည္။ မၾကာခင္ေပးဆြဲေတာ့မည္ဟု ဂ်ပန္သံ႐ုံးကထုတ္ျပန္သည္။

ဂ်ပန္အစိုးရသည္ ရထားတြဲမ်ားလြဲေျပာင္းေပးျခင္းအျပင္ ရထားသံလမ္းမ်ား အဆင့္ျမႇင့္တင္ျခင္း ၊ ရထားလမ္း အခ်က္ျပစနစ္မ်ားမြမ္းမံျခင္းတို႔ကိုလည္း ပူးေပါင္းေဆာင္႐ြက္ေနသည္ဟုဆိုသည္။

ရထားသံလမ္းမ်ား အဆင့္ျမႇင့္တင္ျခင္းကို ဂ်ပန္အႀကံေပးကုမၸဏီႏွင့္ ျမန္မာ့မီးရထားတို႔ ပူးေပါင္း ေဆာင္႐ြက္ေနၿပီး လုပ္ငန္းၿပီးစီလုနီးပါးျဖစ္သည္ဟု သံ႐ုံးကဆိုသည္။

ဂ်ပန္အစိုးရက ျမန္မာ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ရထားသံလမ္းအပါအဝင္ သယ္ယူပို႔ေဆာင္ေရး က႑အဆင့္ျမႇင့္ေရး ပူးေပါင္းေဆာင္႐ြက္ေနသည္ဟုဆိုသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းအဆင့္ျမႇင့္ျခင္း စီမံကိန္းအတြက္ အစိုးရ က က်ပ္ ၅၄ ဘီလီယံႏွင့္ ရထား တြဲဆိုင္းမ်ားဝယ္ယူရန္ ဂ်ပန္ႏိုင္ငံ မွေခ်းေငြ ေဒၚလာသန္း ၂၀၀ ေက်ာ္ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ သည္ဟု ျမန္မာ့မီးရထားက ထုတ္ျပန္ထားသည္။

ရန္ကုန္ၿမိဳ႕တစ္ပတ္ ၂၉ မိုင္ ခြဲရွိၿပီး လက္ရွိတြင္ တစ္ရက္လွ်င္ ခရီးသည္ ၇၃,၀၀၀ ကို ရထားျဖင့္ ေန႔စဥ္ပို႔ေဆာင္ေနသည္။ လက္ရွိ တြင္ ၿမိဳ႕ပတ္ၾကာခ်ိန္ သုံးနာရီခန႔္ ျဖစ္ၿပီး တစ္နာရီ ၂၅ မိုင္ သြားႏိုင္သည္။

အဆင့္ျမႇင့္တင္ၿပီးပါက ခရီး သည္ ၂၆၀,၀၀၀ သယ္ယူပို႔ ေဆာင္ႏိုင္မည္ျဖစ္ၿပီး ၾကာျမင့္ခ်ိန္ ႏွစ္နာရီသာရွိမည္ဟု ျမန္မာ့မီးရထားလုပ္ငန္းက ထုတ္ျပန္သည္။ ျမန္ႏႈန္း တစ္နာရီ ၃၇ မိုင္အထိ တိုးျမင့္လာမည္ဟုဆိုသည္။

ထိုစီမံကိန္း အဆင့္ျမႇင့္တင္ ျခင္းကို ၂၀၁၆-၁၇ ဘ႑ာႏွစ္မွ ၂၀၂၁-၂၂ ဘ႑ာႏွစ္အထိ ေဆာင္႐ြက္မည္ျဖစ္ၿပီး စီမံကိန္း အဆင့္ျမႇင့္တင္ရာတြင္ လမ္းပိုင္း၊ ဘူတာ႐ုံပိုင္းပါ ျမႇင့္တင္မည္ျဖစ္ သည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းကို ကိုလိုနီေခတ္တြင္ ၿဗိတိသွ်တို႔က တည္ေဆာက္ၿပီး အသြားအျပန္ ႏွစ္လမ္းသြားရထားလမ္းကို ၁၉၅၄ ၌ တည္ေဆာက္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service