ဟောင်ကောင်ကုမ္ပဏီ v-power၏ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံစတင်စမ်းသပ်မောင်းနှင် - Property News in Myanmar from iMyanmarHouse.com
879 Views

ဟောင်ကောင်ကုမ္ပဏီ v-power၏ မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံစတင်စမ်းသပ်မောင်းနှင်

[Unicode]

ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီ၏ LNG သုံးဓာတ်အားပေးစက်ရုံကို မေ ၁၀ ရက်တွင် နိုင်ငံမဟာဓာတ်အားလိုင်းဖြင့်စမ်းသပ်ချိန်မောင်းလိုက်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်သည်။

အစိုးရ၏ နွေရာသီမီးမပြတ်စေ ရေး ဆောင်ရွက်နေသည့် ဓာတ်အားပေးစီမံကိန်းငါးခုအနက်မှ တစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ထိုဓာတ်အားပေးစက်ရုံသည် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည်ဖြစ်ပြီး သာကေတမြို့နယ်တွင် တည်ရှိသည်။ ၎င်းကို Consortium of China National Technical Import & Export Corporation နှင့် ဟောင်ကောင်အခြေစိုက် v-power ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခြင်းလည်းဖြစ်သည်။

အစိုးရက ယခုနှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ၁၁၆၆ မဂ္ဂါဝပ်ကိုထုတ်လုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ၎င်းအနက်မှ ၆၆ မဂ္ဂါဝပ်ကိုထုတ်လုပ်ပြီးဖြစ်ကာ ယခု ဓာတ်အားပေးစက်ရုံသည် မဂ္ဂါဝပ် ၄၀၀ထုတ်လုပ်မည်ဖြစ်သည်။

အစိုးရက ယခုနှစ်နွေရာသီတွင် မီးမပျက်စရန် တင်ဒါခေါ်ခဲ့သည့်စီမံကိန်းငါးခုသည် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် တည်ဆောက်ရန်ဖြစ်သည်။ ၎င်းတို့မှ ငါးနှစ်ကြာဓာတ်အားဝယ်ယူမည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ထိုစီမံကိန်းများအနက် ကျောက်ဖြူတွင် မဂ္ဂါဝပ် ၁၅၀၊ သန်လျင်တွင် မဂ္ဂါဝပ်၃၅၀၊ သာကေတတွင် မဂ္ဂါဝပ် ၄၀၀ နှင့် ကျွန်းချောင်းရှိ မဂ္ဂါဝပ် ၂၀ စက်ရုံတို့ကို ဟောင်ကောင်အခြေစိုက် v-power ကုမ္ပဏီကလုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]










Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service