ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အုပ်စုကို ငွေကြေးထောက်ပံ့မှုတို့တွင်အန္တရာယ်ရှိမှုမြင့်မားသည် နိုင်ငံအဖြစ် မြန်မာနိုင်ငံကို အီးယူက သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
1133 Views

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အုပ်စုကို ငွေကြေးထောက်ပံ့မှုတို့တွင်အန္တရာယ်ရှိမှုမြင့်မားသည် နိုင်ငံအဖြစ် မြန်မာနိုင်ငံကို အီးယူက သတ်မှတ်

[Unicode]

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့မှုတို့တွင် အန္တရာယ်ရှိမှုမြင့်မားသည့် စာရင်းတွင် ထည့်သွင်းလိုက် ကြောင်း မေလ ၇ ရက်တွင်ထုတ်ပြန်သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့အစည်းကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် အားနည်းချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် မူတည်၍ ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

“ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိတ်ဆို့ကန့်သတ်လိုက်တာမဟုတ်ပါဘူး၊ မြန်မာအတွက် ရိုးရိုးရှင်းရှင်းလေးပါပဲ၊ ငွေကြေးခဝါချတာ၊ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့တာတွေကို တိုက်ဖျက်ဖို့ကိုတိုးတက်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဘဏ်တွေကလည်း ကောင်းတာတွေပဲလုပ်ဖို့ နိုးနိုးကြားကြားရှိသင့်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံမတ် Kristian Schmidt ကပြောသည်။

မြန်မာနိုင်ငံနှင့်အတူ နိုင်ငံ ပေါင်း ၂၂ နိုင်ငံပါဝင်ပြီး၎င်းတို့ထဲတွင် ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ မြောက်ကိုရီးယား စသည့်နိုင်ငံများလည်း ပါဝင်သည်။မြန်မာနိုင်ငံသည် ငွေကြေးခဝါချမူနှင့်အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုကိုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တိုးတက်ခဲ့ခြင်းကြောင့် ၂၀၁၆ မှ ၂၀၂၀အထိထိုစာရင်းမှာ ကင်းလွတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ထိုစာရင်းတွင် ပါဝင်သည့်နိုင်ငံများ၏ ငွေကြေးဆိုင်ရာအဖွဲ့ အစည်းများ၊စီးပွားရေးဆိုင်ရာ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များသည်ဥရောပသမဂ္ဂနိုင်ငံများနှင့် ငွေ ကြေးဆိုင်ရာ လွှဲပြောင်းခြင်း၊ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အနီးကပ် စောင့်ကြည့်ခံရမည်ဖြစ်သည်။

ငွေကြေးခဝါချမူနှင့် အကြမ်းဖက်အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများ တိုးတက်လာမှ စာရင်း မှပယ်ဖျက်ပေးခြင်းခံရမည်ဖြစ်သည်။သို့သော် မြန်မာနိုင်ငံသည် အန္တရာယ်ရှိမှုမြင့်မားသည့်နိုင်ငံအဆင့်ဖြစ်ပြီး အမည်ပျက်စာရင်း သွင်းခံရခြင်းမဟုတ်ပေ။ အမည်ပျက်စာရင်းသွင်းခြင်းခံရပါက ငွေကြေးလွှဲပြောင်းမှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တားမြစ်ခံရမည်ဖြစ် သည်။

ထိုသို့ထည့်သွင်းခံရခြင်းသည် နာမည်ပျက်စာရင်းသွင်းပြီးအပြီးသတ်တားမြစ်ခြင်းမဟုတ်ဘဲ၊ ငွေကြေးလွဲပြောင်းခြင်းနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများတွင် ပိုမို တင်းကြပ်စွာစောင့်ကြည့်ခံရမည့်ဖြစ်သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ၂၀၁၉ အောက်တိုဘာ တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံသည် ပြင်သစ် အခြေစိုက် ငွေကြေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့(Financial ActionTask Force-FATF) ၏ ငွေမည်းခဝါချမှုစာရင်း (Black List) မှ ၂၀၁၆ တွင် လွတ်မြောက်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္အုပ္စုကို ေငြေၾကးေထာက္ပံ့မႈတို႔တြင္အႏၲရာယ္ရွိမႈျမင့္မားသည္ ႏိုင္ငံအျဖစ္ ျမန္မာႏိုင္ငံကို အီးယူက သတ္မွတ္

ဥေရာပသမဂၢက ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်မႈႏွင့္အၾကမ္းဖက္အဖြဲ႕အစည္းကို ေငြေၾကးေထာက္ပံ့မႈတို႔တြင္ အႏၲရာယ္ရွိမႈျမင့္မားသည့္ စာရင္းတြင္ ထည့္သြင္းလိုက္ ေၾကာင္း ေမလ ၇ ရက္တြင္ထုတ္ျပန္သည္။

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္အဖြဲ႕အစည္းကို ေငြေၾကး ေထာက္ပံ့မႈတိုက္ဖ်က္ေရးလုပ္ငန္းစဥ္ အားနည္းခ်က္မ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္မည့္လုပ္ငန္းစဥ္မ်ားအေပၚ မူတည္၍ ထည့္သြင္းလိုက္ျခင္းျဖစ္သည္။

“ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ဖြံ႕ျဖိဳးေရးပူးေပါင္းေဆာင္႐ြက္မႈေတြမွာ ပိတ္ဆို႔ကန႔္သတ္လိုက္တာမဟုတ္ပါဘူး၊ ျမန္မာအတြက္ ႐ိုး႐ိုးရွင္းရွင္းေလးပါပဲ၊ ေငြေၾကးခဝါခ်တာ၊ အၾကမ္းဖက္သမားေတြကို ေငြေၾကးေထာက္ပံ့တာေတြကို တိုက္ဖ်က္ဖို႔ကိုတိုးတက္ေအာင္ ေဆာင္႐ြက္ဖို႔လိုပါတယ္။ ဘဏ္ေတြကလည္း ေကာင္းတာေတြပဲလုပ္ဖို႔ ႏိုးႏိုးၾကားၾကားရွိသင့္ပါတယ္”ဟု ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢသံမတ္ Kristian Schmidt ကေျပာသည္။

ျမန္မာႏိုင္ငံႏွင့္အတူ ႏိုင္ငံ ေပါင္း ၂၂ ႏိုင္ငံပါဝင္ၿပီး၎တို႔ထဲတြင္ ကေမာၻဒီးယား၊ ပါကစၥတန္၊ ေျမာက္ကိုရီးယား စသည့္ႏိုင္ငံမ်ားလည္း ပါဝင္သည္။ျမန္မာႏိုင္ငံသည္ ေငြေၾကးခဝါခ်မူႏွင့္အၾကမ္းဖက္အဖြဲ႕အစည္းမ်ားကို ေငြေၾကးေထာက္ပံ့မႈကိုတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားတြင္ တိုးတက္ခဲ့ျခင္းေၾကာင့္ ၂၀၁၆ မွ ၂၀၂၀အထိထိုစာရင္းမွာ ကင္းလြတ္ခြင့္ရခဲ့ျခင္းျဖစ္သည္။

ထိုစာရင္းတြင္ ပါဝင္သည့္ႏိုင္ငံမ်ား၏ ေငြေၾကးဆိုင္ရာအဖြဲ႕ အစည္းမ်ား၊စီးပြားေရးဆိုင္ရာ ကုမၸဏီမ်ား၊ လူပုဂၢိဳလ္မ်ားသည္ဥေရာပသမဂၢႏိုင္ငံမ်ားႏွင့္ ေငြ ေၾကးဆိုင္ရာ လႊဲေျပာင္းျခင္း၊ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို အနီးကပ္ ေစာင့္ၾကည့္ခံရမည္ျဖစ္သည္။

ေငြေၾကးခဝါခ်မူႏွင့္ အၾကမ္းဖက္အဖြဲ႕အစည္းကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ား တိုးတက္လာမွ စာရင္း မွပယ္ဖ်က္ေပးျခင္းခံရမည္ျဖစ္သည္။သို႔ေသာ္ ျမန္မာႏိုင္ငံသည္ အႏၲရာယ္ရွိမႈျမင့္မားသည့္ႏိုင္ငံအဆင့္ျဖစ္ၿပီး အမည္ပ်က္စာရင္း သြင္းခံရျခင္းမဟုတ္ေပ။ အမည္ပ်က္စာရင္းသြင္းျခင္းခံရပါက ေငြေၾကးလႊဲေျပာင္းမႈႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တားျမစ္ခံရမည္ျဖစ္ သည္။

ထိုသို႔ထည့္သြင္းခံရျခင္းသည္ နာမည္ပ်က္စာရင္းသြင္းၿပီးအၿပီးသတ္တားျမစ္ျခင္းမဟုတ္ဘဲ၊ ေငြေၾကးလြဲေျပာင္းျခင္းႏွင့္ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ ပိုမို တင္းၾကပ္စြာေစာင့္ၾကည့္ခံရမည့္ျဖစ္သည္။

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီကို ၂၀၁၉ ေအာက္တိုဘာ တြင္ ဒုတိယသမၼတ ဦးျမင့္ေဆြ ဦးေဆာင္ဖြဲ႕စည္းခဲ့သည္။

ျမန္မာႏိုင္ငံသည္ ျပင္သစ္ အေျခစိုက္ ေငြေၾကးဆိုင္ရာေစာင့္ၾကည့္ေရးအဖြဲ႕(Financial ActionTask Force-FATF) ၏ ေငြမည္းခဝါခ်မႈစာရင္း (Black List) မွ ၂၀၁၆ တြင္ လြတ္ေျမာက္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service