ယခု စိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၇၀၀ ဘီလီယံထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
708 Views

ယခု စိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၇၀၀ ဘီလီယံထုတ်ချေးမည်

[Unicode]

ယခုဘဏ္ဍာ မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေကို ကျပ် ၁,၇၀၀ ဘီလီယံကျော်အထိ ထုတ်ချေးသွားမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မိုးရာသီစိုက်ပျိုးစရိတ် ကျပ် ၁,၆၈၀ ဘီလီယံကျော် ထုတ်ချေးခဲ့ ပြီး ယခုဘဏ္ဍာနှစ်ကျပ် ဘီလီယံ ၂၀ကျော်ပိုမိုထုတ်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ်ထက် ၄ ရာခိုင်နှုန်းခန့် တိုးမြှင့်ထုတ်ချေးပေးခြင်း ဖြစ်သည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ထုတ်ချေးမည့် ငွေကြေးပမာဏသည် ဝန်ကြီးဌာန စုစု ပေါင်း အသုံးစရိတ်၏ ၂၀ ရာခိုင် နှုန်းကျော်ဖြစ်သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်စတွင် အစိုးရက ဝန်ကြီးဌာနအတွက် လျာထားပေးသော ဘတ်ဂျက်အသုံးစရိတ်က ကျပ် ၇,၃၀၀ ဘီလီယံကျော်ရှိသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကစတင်ပြီး အစိုးရက စိုက်ပျိုးစရိတ်ကို လယ်ယာဖွံ့ဖြိုးရေးဘဏ် က တောင်သူလယ်သမားများအတွက် စပါးတစ်ဧကလျှင် ကျပ် တစ်သိန်းခွဲနှင့် အခြားသီးနှံများ ကို ကျပ်ငါးသောင်း ထုတ်ချေး ပေးနေခြင်းဖြစ်သည်

COVID-19 ရောဂါ ကြုံနေ ရချိန်တွင် လယ်ယာလုပ်ငန်းကဏ္ဍကို စိတ်ဝင်စားမှုတိုးမြင့်လာ စေရန်နှင့် အားစိုက်လုပ်နိုင်ရန်လာမည့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧက ကျပ်နှစ်သိန်း နှုန်း တိုးမြှင့်ပေးရန်နှင့် ချေးငွေ ထုတ်ပေးရာတွင် ၁၀ ဧကအထိ ငွေချေးခြင်းကို ဧက ၁၀၀ အထိ တိုးပေးရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အစိုးရကို အကြံ ပြုထားသည်။

စိုက်ပျိုးစရိတ် ချေးငွေများကို အတိုးနှုန်း ၇ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က မေလ ၄ ရက်တွင် ထုတ်ပြန်သည်။ တောင်သူများ၏ စုဆောင်းအပ်နှံငွေများကိုလည်း လက်ရှိအတိုးနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဟုဆိုသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် စိုက်ပျိုးစရိတ်ချေးငွေ အပြင် JICA (ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) နှစ်ဆင့်ချေးငွေနှင့် မြန်မာ့စီးပွားရေးဘဏ် နှစ်ဆင့် ချေးငွေတို့ကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယခုအတိုးနှုန်းလျှော့ ချရာတွင် အဆိုပါ ချေးငွေများ လည်း အကျုံးဝင်ပြီး JICA နှစ် ဆင့်ချေးငွေကို ၆ ဒသမ ၅ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းနှင့် မြန်မာ့ စီးပွားရေးဘဏ် နှစ်ဆင့်ချေးငွေ ကို ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ယခု စိုက္ပ်ိဳးရာသီတြင္ စိုက္ပ်ိဳးစရိတ္​ေခ်း​ေငြက်ပ္ ၁၇၀၀ ဘီလီယံထုတ္​ေခ်းမည္

ယခုဘ႑ာ မိုးရာသီတြင္ စိုက္ပ်ိဳးစရိတ္ေခ်းေငြကို က်ပ္ ၁,၇၀၀ ဘီလီယံေက်ာ္အထိ ထုတ္ေခ်းသြားမည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းက ေျပာသည္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္က မိုးရာသီစိုက္ပ်ိဳးစရိတ္ က်ပ္ ၁,၆၈၀ ဘီလီယံေက်ာ္ ထုတ္ေခ်းခဲ့ ၿပီး ယခုဘ႑ာႏွစ္က်ပ္ ဘီလီယံ ၂၀​ေက်ာ္ပိုမိုထုတ္​ေပးသြားမည္ျဖစ္သည္ဟုဆိုသည္။

ထိုပမာဏသည္ ယခင္ဘ႑ာႏွစ္ထက္ ၄ ရာခိုင္ႏႈန္းခန႔္ တိုးျမႇင့္ထုတ္ေခ်းေပးျခင္း ျဖစ္သည္။ လယ္ယာက႑ ဖြံ႕ၿဖိဳးေရးအတြက္ ထုတ္ေခ်းမည့္ ေငြေၾကးပမာဏသည္ ဝန္ႀကီးဌာန စုစု ေပါင္း အသုံးစရိတ္၏ ၂၀ ရာခိုင္ ႏႈန္းေက်ာ္ျဖစ္သည္။

၂၀၁၉-၂၀ ဘ႑ာႏွစ္စတြင္ အစိုးရက ဝန္ႀကီးဌာနအတြက္ လ်ာထားေပးေသာ ဘတ္ဂ်က္အသုံးစရိတ္က က်ပ္ ၇,၃၀၀ ဘီလီယံေက်ာ္ရွိသည္။

၂၀၁၆-၁၇ ဘ႑ာႏွစ္ကစတင္ၿပီး အစိုးရက စိုက္ပ်ိဳးစရိတ္ကို လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ က ေတာင္သူလယ္သမားမ်ားအတြက္ စပါးတစ္ဧကလွ်င္ က်ပ္ တစ္သိန္းခြဲႏွင့္ အျခားသီးႏွံမ်ား ကို က်ပ္ငါးေသာင္း ထုတ္ေခ်း ေပးေနျခင္းျဖစ္သည္

COVID-19 ေရာဂါ ႀကဳံေန ရခ်ိန္တြင္ လယ္ယာလုပ္ငန္းက႑ကို စိတ္ဝင္စားမႈတိုးျမင့္လာ ေစရန္ႏွင့္ အားစိုက္လုပ္ႏိုင္ရန္လာမည့္ မိုးရာသီစိုက္ပ်ိဳးစရိတ္ ေခ်းေငြကို တစ္ဧက က်ပ္ႏွစ္သိန္း ႏႈန္း တိုးျမႇင့္ေပးရန္ႏွင့္ ေခ်းေငြ ထုတ္ေပးရာတြင္ ၁၀ ဧကအထိ ေငြေခ်းျခင္းကို ဧက ၁၀၀ အထိ တိုးေပးရန္ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္က အစိုးရကို အႀကံ ျပဳထားသည္။

စိုက္ပ်ိဳးစရိတ္ ေခ်းေငြမ်ားကို အတိုးႏႈန္း ၇ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ေၾကာင္း ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ က ေမလ ၄ ရက္တြင္ ထုတ္ျပန္သည္။ ေတာင္သူမ်ား၏ စုေဆာင္းအပ္ႏွံေငြမ်ားကိုလည္း လက္ရွိအတိုးႏႈန္း ၆ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်သြားမည္ဟုဆိုသည္။

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရး ဘဏ္သည္ စိုက္ပ်ိဳးစရိတ္ေခ်းေငြ အျပင္ JICA (ဂ်ပန္အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ) ႏွစ္ဆင့္ေခ်းေငြႏွင့္ ျမန္မာ့စီးပြားေရးဘဏ္ ႏွစ္ဆင့္ ေခ်းေငြတို႔ကို ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။ ယခုအတိုးႏႈန္းေလွ်ာ့ ခ်ရာတြင္ အဆိုပါ ေခ်းေငြမ်ား လည္း အက်ဳံးဝင္ၿပီး JICA ႏွစ္ ဆင့္ေခ်းေငြကို ၆ ဒသမ ၅ ရာခိုင္ ႏႈန္းမွ ၅ ရာခိုင္ႏႈန္းႏွင့္ ျမန္မာ့ စီးပြားေရးဘဏ္ ႏွစ္ဆင့္ေခ်းေငြ ကို ၈ ရာခိုင္ႏႈန္းမွ ၆ ဒသမ ၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်မည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service