ချေးငွေများကို အာမခံပေးမည့် အာမခံအဖွဲ့အစည်းထူထောင်ရန် ADB မှာ ချေးငွေ ဒေါ်လာ သန်း ၆၀ ယူမည် - Property News in Myanmar from iMyanmarHouse.com
739 Views

ချေးငွေများကို အာမခံပေးမည့် အာမခံအဖွဲ့အစည်းထူထောင်ရန် ADB မှာ ချေးငွေ ဒေါ်လာ သန်း ၆၀ ယူမည်

[Unicode]

ချေးငွေများအတွက် အာမခံပေးမည့် အာမခံအဖွဲ့အစည်း (CGC) ထူထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ဒေါ်လာ သန်း ၆၀ ရယူမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကပြောသည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ စတုတ္တနှစ် တစ်နှစ်တာ ဆောင်ရွက်ချက်များကို နိုင်ငံပိုင် သတင်းစာများက ဖော်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့အစည်းသည် အပေါင်ပစ္စည်းမဲ့ ချေးငွေများအတွက် အာမခံပေးမည်ဖြစ်သည်။ အထူးသဖြင့် Credit Guarantee Corporation- CGC သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) ကို ချေးငွေပံ့ပိုးနိုင်ရန်နှင့် ချေးငွေပေးသည့် ဘဏ်များ၏ ဆုံးရှုံးဆိုင်ခြေကို မျှဝေနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။ ထိုအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာသန်း၆၀ ရယူဆောင်ရွက်သွားမည်ဖြစ်သည်။

CGC သည် အပေါင်ပစ္စည်းမထားနိုင်သည့် တောင်သူများနှင့် MSMEလုပ်ငန်းများကို ချေးငွေထုတ်ချေးရာတွင် ဆုံးရှုံးနိုင်သည့် စွန့်စားမှုကို အစိုးရနှင့် သက်ဆိုင်ရာဘဏ်ကမျှ ခံပေးရခြင်းဖြစ်သည်။

ဥပမာအားဖြင့် ချေးငွေဆုံးရှုံးနိုင်ချေကို CGCက ၈၀ ရာခိုင်နှုန်းနှင့် ချေးငွေထုတ်ပေးသည့် ဘဏ်က ၂၀ ရာခိုင်နှုန်း မျှခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် CGC က ၆၀ ရာခိုင်နှုန်း၊ ဘဏ်က ၄၀ ရာခိုင်နှုန်း စသည့်ဖြင့် တဖြေးဖြေး တိုးမြှင့်သွားရန်စဉ်းစားထားသည်ဟု အဆိုပါဝန်ကြီးဌာနကဆိုထားသည်။

မြန်မာနိုင်ငံတွင် ချေးငွေကို အာမခံပေးသည့် အဖွဲ့အစည်းမရှိသေး၍ CGC ကိုထူထောင်ခြင်းဖြစ်ပြီး ထိုအဖွဲ့အစည်းပေါ်ပေါက်လာရန်အတွက် အနည်းဆုံး အချိန်နှစ်နှစ်မှ သုံးနှစ်ကြာမြင့်နိုင်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေခ်းေငြမ်ားကို အာမခံေပးမည့္ အာမခံအဖြဲ႕အစည္းထူေထာင္ရန္ ADB မွာ ေခ်းေငြ ေဒၚလာ သန္း ၆၀ ယူမည္

ေခ်းေငြမ်ားအတြက္ အာမခံေပးမည့္ အာမခံအဖြဲ႕အစည္း (CGC) ထူေထာင္ရန္ အာရွဖြံ႕ၿဖိဳးေရးဘဏ္မွ ေခ်းေငြ ေဒၚလာ သန္း ၆၀ ရယူမည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္းကေျပာသည္။

စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန၏ စတုတၱႏွစ္ တစ္ႏွစ္တာ ေဆာင္႐ြက္ခ်က္မ်ားကို ႏိုင္ငံပိုင္ သတင္းစာမ်ားက ေဖာ္ျပရာတြင္ ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုအဖြဲ႕အစည္းသည္ အေပါင္ပစၥည္းမဲ့ ေခ်းေငြမ်ားအတြက္ အာမခံေပးမည္ျဖစ္သည္။ အထူးသျဖင့္ Credit Guarantee Corporation- CGC သည္ အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းမ်ား (MSME) ကို ေခ်းေငြပံ့ပိုးႏိုင္ရန္ႏွင့္ ေခ်းေငြေပးသည့္ ဘဏ္မ်ား၏ ဆုံးရႈံးဆိုင္ေျခကို မွ်ေဝႏိုင္ရန္ျဖစ္သည္ဟု ဝန္ႀကီးက ဆိုသည္။ ထိုအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) မွ ေဒၚလာသန္း၆၀ ရယူေဆာင္႐ြက္သြားမည္ျဖစ္သည္။

CGC သည္ အေပါင္ပစၥည္းမထားႏိုင္သည့္ ေတာင္သူမ်ားႏွင့္ MSMEလုပ္ငန္းမ်ားကို ေခ်းေငြထုတ္ေခ်းရာတြင္ ဆုံးရႈံးႏိုင္သည့္ စြန႔္စားမႈကို အစိုးရႏွင့္ သက္ဆိုင္ရာဘဏ္ကမွ် ခံေပးရျခင္းျဖစ္သည္။

ဥပမာအားျဖင့္ ေခ်းေငြဆုံးရႈံးႏိုင္ေခ်ကို CGCက ၈၀ ရာခိုင္ႏႈန္းႏွင့္ ေခ်းေငြထုတ္ေပးသည့္ ဘဏ္က ၂၀ ရာခိုင္ႏႈန္း မွ်ခံရျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ CGC က ၆၀ ရာခိုင္ႏႈန္း၊ ဘဏ္က ၄၀ ရာခိုင္ႏႈန္း စသည့္ျဖင့္ တေျဖးေျဖး တိုးျမႇင့္သြားရန္စဥ္းစားထားသည္ဟု အဆိုပါဝန္ႀကီးဌာနကဆိုထားသည္။

ျမန္မာႏိုင္ငံတြင္ ေခ်းေငြကို အာမခံေပးသည့္ အဖြဲ႕အစည္းမရွိေသး၍ CGC ကိုထူေထာင္ျခင္းျဖစ္ၿပီး ထိုအဖြဲ႕အစည္းေပၚေပါက္လာရန္အတြက္ အနည္းဆုံး အခ်ိန္ႏွစ္ႏွစ္မွ သုံးႏွစ္ၾကာျမင့္ႏိုင္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service