COVID-19 ရန်ပုံငွေမှာ တတိယအကြိမ်ချေးငွေအဖြစ် လုပ်ငန်း ၁၁၀ ကျော်အတွက် ကျပ် ၃ ဘီလီယံခွဲပေး - Property News in Myanmar from iMyanmarHouse.com
1048 Views

COVID-19 ရန်ပုံငွေမှာ တတိယအကြိမ်ချေးငွေအဖြစ် လုပ်ငန်း ၁၁၀ ကျော်အတွက် ကျပ် ၃ ဘီလီယံခွဲပေး

[Unicode]

COVID-19 ရန်ပုံငွေ မှ တတိယအသုတ်ဖြင့် လုပ်ငန်း ၁၁၃ ခုကို ကျပ် ၃ ဘီလီယံခွဲထုတ်ချေးမည်ဟု COVID-19 ကြောင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ က မေ ၅ ရက် သတင်းထုတ်ပြန်သည်။

COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် အစိုးရကရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ မတည်ခဲ့ပြီး ထိုချေးငွေထဲမှ ကျပ် ဘီလီယံ ၁၁ ဘီလီယံကျော်ကို နှစ်ကြိမ် ထုတ်ချေးခဲ့ပြီးဖြစ်သည်။

COVID-19 ကြောင့် ထိခိုက်မှုအများဆုံးကြုံတွေ့နေ သည့် စီးပွားရေးကဏ္ဍသုံးခုအတွက် အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကျပ် ဘီလီယံ ၁၀၀ ကို ထုတ်ချေးရန် အစိုးရက ရန်ပုံငွေစီစဉ်ခဲ့ခြင်းဖြစ်သည်။ထိုလုပ်ငန်း သုံးမျိုးထဲတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ CMP ခေါ်လက်ခစားလုပ်ငန်းနှင့် SME- အသေးစားအလတ်စားလုပ်ငန်းများပါဝင်သည်။

၎င်းရန်ပုံငွေထဲတွင် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေထဲမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေထဲမှ ကျပ် ဘီလီယံ ၅၀ တို့ပါဝင်သည်။

ကော်မတီက Covid-19 ကြောင့် ထိခိုက်သည့်လုပ်ငန်းများကို ချေးငွေစောလျှင်စွာထုတ်ပေးနိုင်ရန် စီစစ်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။ ထိုပြင် လုပ်ငန်းများအတွက် ဝန်ကြီးဌာနများက အခွန်ကောက်ခံမူများ၊ လူမှုဖူလုံရေးကြေး ဖြေလျော့မူများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်ကြေးဖြေလျော့မှုများ၊ ဗဟိုဘဏ်က အတိုးနှုန်းပြင်ဆင်ပေးမှုများကို ဆောင်ရွက်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ရန္ပုံေငြမွာ တတိယအႀကိမ္ေခ်းေငြအျဖစ္ လုပ္ငန္း ၁၁၀ ေက်ာ္အတြက္ က်ပ္ ၃ ဘီလီယံခြဲေပး

COVID-19 ရန္ပုံေငြ မွ တတိယအသုတ္ျဖင့္ လုပ္ငန္း ၁၁၃ ခုကို က်ပ္ ၃ ဘီလီယံခြဲထုတ္ေခ်းမည္ဟု COVID-19 ေၾကာင့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီ က ေမ ၅ ရက္ သတင္းထုတ္ျပန္သည္။

COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားႏိုင္ရန္ အစိုးရကရန္ပုံေငြ က်ပ္ ဘီလီယံ ၁၀၀ မတည္ခဲ့ၿပီး ထိုေခ်းေငြထဲမွ က်ပ္ ဘီလီယံ ၁၁ ဘီလီယံေက်ာ္ကို ႏွစ္ႀကိမ္ ထုတ္ေခ်းခဲ့ၿပီးျဖစ္သည္။

COVID-19 ေၾကာင့္ ထိခိုက္မႈအမ်ားဆုံးႀကဳံေတြ႕ေန သည့္ စီးပြားေရးက႑သုံးခုအတြက္ အတိုး ၁ ရာခိုင္ႏႈန္းျဖင့္ ေခ်းေငြက်ပ္ ဘီလီယံ ၁၀၀ ကို ထုတ္ေခ်းရန္ အစိုးရက ရန္ပုံေငြစီစဥ္ခဲ့ျခင္းျဖစ္သည္။ထိုလုပ္ငန္း သုံးမ်ိဳးထဲတြင္ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္း၊ CMP ေခၚလက္ခစားလုပ္ငန္းႏွင့္ SME- အေသးစားအလတ္စားလုပ္ငန္းမ်ားပါဝင္သည္။

၎ရန္ပုံေငြထဲတြင္ ႏိုင္ငံေတာ္ လွည့္ပတ္ရန္ပုံေငြထဲမွ က်ပ္ဘီလီယံ ၅၀ ႏွင့္ လူမႈဖူလုံေရး ရန္ပုံေငြထဲမွ က်ပ္ ဘီလီယံ ၅၀ တို႔ပါဝင္သည္။

ေကာ္မတီက Covid-19 ေၾကာင့္ ထိခိုက္သည့္လုပ္ငန္းမ်ားကို ေခ်းေငြေစာလွ်င္စြာထုတ္ေပးႏိုင္ရန္ စီစစ္လ်က္ရွိသည္ဟုလည္း ထုတ္ျပန္ထားသည္။ ထိုျပင္ လုပ္ငန္းမ်ားအတြက္ ဝန္ႀကီးဌာနမ်ားက အခြန္ေကာက္ခံမူမ်ား၊ လူမႈဖူလုံေရးေၾကး ေျဖေလ်ာ့မူမ်ားႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းဆိုင္ရာ လိုင္စင္ေၾကးေျဖေလ်ာ့မႈမ်ား၊ ဗဟိုဘဏ္က အတိုးႏႈန္းျပင္ဆင္ေပးမႈမ်ားကို ေဆာင္႐ြက္ေပးခဲ့သည္ဟု သတင္းထုတ္ျပန္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service