ဂျာမဏီနိုင်ငံက မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ဖွံ့ဖြိုးရေးအကူအညီများ ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
1597 Views

ဂျာမဏီနိုင်ငံက မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ဖွံ့ဖြိုးရေးအကူအညီများ ရပ်ဆိုင်း

[Unicode]

ဂျာမဏီနိုင်ငံက မြန်မာအပါအဝင် နိုင်ငံအချို့ကို ဖွံ့ဖြိုးရေးအကူအညီများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ဂျာမနီက နိုင်ငံတကာဖွံ့ဖြိုး ရေးစီမံကိန်းများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် အေဂျင်စီ (GIZ) နှင့် KFW အုပ်စု ဖွံ့ဖြိုးရေးဘဏ်တို့မှတစ်ဆင့် ကူ ညီဆောင်ရွက်ပေးနေခြင်း ဖြစ် ပြီး ယခုအခါ အကူအညီများ ပေးအပ်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ထိုနိုင်ငံများတွင် အာရှတိုက်မှ မြန်မာ၊ နီပေါနှင့် သီရိလင်္ကာတို့ဖြစ်သည်။ လက်တင်အမေရိကမှ ကျူးဘား၊ ဟေတီနှင့် ဂွတီမာလာဖြစ်ပြီး အာဖရိကမှ နိုင်ငံအချို့ ပါဝင်သည်။

မြန်မာနိုင်ငံ၌ ဂျာမနီ နိုင်ငံ၏ ဖွံ့ဖြိုးရေးအကူအညီပေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်းနှင့် အရေးပါသောအကူအညီများကို ဥရောပသမဂ္ဂကသာ တစ်ဆင့်ထောက်ပံ့တော့မည်ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် Mr.Kristian Schmidt က ၎င်း၏လူမှုကွန် ရက် twitter တွင် မေလ ၃ ရက်က ရေးသားထားသည်။

‘‘နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းတယ်ဆိုတဲ့သတင်းမှန်ပါတယ်။ ဂျာမနီက မြန်မာနိုင်ငံကို အီးယူကတစ်ဆင့် အရေးပါတဲ့ အကူအညီတွေဆက် လက်ပေးသွားမှာပါ’’ဟု သံအမတ်ကဆိုသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာတတ် စေရန်ရည်ရွယ်၍ ဂျာမနီနိုင်ငံက ဖွံ့ဖြိုးရေး အကူအညီများ ကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာ နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် မှ ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် နိုင်ငံခြားအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှု များကို ရှင်းပြခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဂ်ာမဏီႏိုင္ငံက ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံအခ်ိဳ႕ကို ဖြံ႕ၿဖိဳးေရးအကူအညီမ်ား ရပ္ဆိုင္း

ဂ်ာမဏီႏိုင္ငံက ျမန္မာအပါအဝင္ ႏိုင္ငံအခ်ိဳ႕ကို ဖြံ႕ၿဖိဳးေရးအကူအညီမ်ား ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္သည္။

ဂ်ာမနီက ႏိုင္ငံတကာဖြံ႕ၿဖိဳး ေရးစီမံကိန္းမ်ားကို အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ ေအဂ်င္စီ (GIZ) ႏွင့္ KFW အုပ္စု ဖြံ႕ၿဖိဳးေရးဘဏ္တို႔မွတစ္ဆင့္ ကူ ညီေဆာင္႐ြက္ေပးေနျခင္း ျဖစ္ ၿပီး ယခုအခါ အကူအညီမ်ား ေပးအပ္ျခင္းကို ရပ္ဆိုင္းလိုက္ၿပီျဖစ္သည္။

ထိုႏိုင္ငံမ်ားတြင္ အာရွတိုက္မွ ျမန္မာ၊ နီေပါႏွင့္ သီရိလကၤာတို႔ျဖစ္သည္။ လက္တင္အေမရိကမွ က်ဴးဘား၊ ေဟတီႏွင့္ ဂြတီမာလာျဖစ္ၿပီး အာဖရိကမွ ႏိုင္ငံအခ်ိဳ႕ ပါဝင္သည္။

ျမန္မာႏိုင္ငံ၌ ဂ်ာမနီ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးေရးအကူအညီေပးမႈမ်ားကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ ေၾကာင္းႏွင့္ အေရးပါေသာအကူအညီမ်ားကို ဥေရာပသမဂၢကသာ တစ္ဆင့္ေထာက္ပံ့ေတာ့မည္ျဖစ္ ေၾကာင္း ဥေရာပသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ Mr.Kristian Schmidt က ၎၏လူမႈကြန္ ရက္ twitter တြင္ ေမလ ၃ ရက္က ေရးသားထားသည္။

‘‘ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈ ရပ္ဆိုင္းတယ္ဆိုတဲ့သတင္းမွန္ပါတယ္။ ဂ်ာမနီက ျမန္မာႏိုင္ငံကို အီးယူကတစ္ဆင့္ အေရးပါတဲ့ အကူအညီေတြဆက္ လက္ေပးသြားမွာပါ’’ဟု သံအမတ္ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ လူ႔အခြင့္အေရးကို ေလးစားလိုက္နာတတ္ ေစရန္ရည္႐ြယ္၍ ဂ်ာမနီႏိုင္ငံက ဖြံ႕ၿဖိဳးေရး အကူအညီမ်ား ကို ရပ္ဆိုင္းျခင္းျဖစ္သည္ဟုဆိုသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္ ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ ျမန္မာ ႏိုင္ငံဆိုင္ရာ ဂ်ာမနီသံအမတ္ကို ေခၚယူေတြ႕ဆုံခဲ့ၿပီး ရခိုင္ျပည္နယ္ မွ ဒုကၡသည္မ်ား ျပန္လည္လက္ခံေရးႏွင့္ ႏိုင္ငံျခားအဖြဲ႕အစည္း မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈ မ်ားကို ရွင္းျပခဲ့သည္ဟု သတင္း ထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service