မြေသိမ်းခံရသည့် တောင်သူများထံ မြေဧက ၅ သိန်းကျော် ပြန်လည်ပေးနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
581 Views

မြေသိမ်းခံရသည့် တောင်သူများထံ မြေဧက ၅ သိန်းကျော် ပြန်လည်ပေးနိုင်ခဲ့

[Unicode]

အစိုးရသက်တမ်းနှစ်ခုအတွင်း မြေဧက ၅ သိန်းကျော်ကို မူလတောင်သူများထံ ပြန်လည်လွဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောသည်။

၂၀၁၀ ဦးသိန်းစိန်အစိုးရ လက်ထက်မှ ယခုအစိုးရ သက်တမ်းအတွင်း ပြန်လည်ပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ထပ်မံလွှဲပြောင်းပေးရန် မြေဧက တစ်သောင်းကျော် ကျန်ရှိနေသေးသည်ဟု ၎င်းကဆိုသည်။

ထိုပြင်ထပ်မံစွန့်လွှတ်မည့်မြေဧကများကို တောင်သူများ လက်ဝယ်အမြန်ရောက်ရှိရေး ဆောင်ရွက်နေသည်ဟု လည်း ၎င်းကဆိုသည်။

လွဲပြောင်းပေးရန် လက်ရှိတွင် စိစစ်နေဆဲ ဖြစ်သည်ဟု ဒုဝန်ကြီးက ၎င်းတို့ဝန် ကြီးဌာန၏ စတုတ္ထမြောက် တစ်နှစ် တာ ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြရာတွင်ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

အထက်ပါ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည့် မြေများတွင်စိုက်ပျိုးမြေမှာ ဧက ၂ ဒသမ ၆ သိန်းနှင့် အခြားမြေမှာ ၂ ဒသမ ၅ သိန်းရှိသည်ဟုဝန်ကြီးကဆိုသည်။

၎င်းတို့အနက်မှာ လက်ရှိ အစိုးရလက်ထက်တွင် မြေဧကတစ်သိန်းကျော်ကို မူလတောင်သူ များထံ ပေးအပ်ခဲ့ပြီး စိုက်ပျိုးမြေ ၃၁,၀၀၀ ကျော်နှင့် အခြားမြေ ၇၇,၀၀၀ ကျော် တို့ပါဝင်သည်ဟု ဦးတင်မြင့်က ဆိုသည်။

လယ်မြေများ ပြန်လည်ပေးအပ်ရန် လက်ရှိအစိုးရလက်တွင် ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စစ်ဆေးရေး ဗဟိုကော်မတီ က ဆောင်ရွက်ခဲ့သည်။ ယခင်အစိုးရလက်ထက်တွင် မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ယခင်အစိုးရက လက်ရှိ အစိုးရလက်ထက်တွင် မြေဧက ၁၈,၀၀၀ ကျော်ကို စိစစ်ရန် လွှဲပြောင်းပေးခဲ့သည်ဟုလည်း ဒုဝန် ကြီးက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမသိမ္းခံရသည့္ ေတာင္သူမ်ားထံ ေျမဧက ၅ သိန္းေက်ာ္ ျပန္လည္ေပးႏိုင္ခဲ့

အစိုးရသက္တမ္းႏွစ္ခုအတြင္း ေျမဧက ၅ သိန္းေက်ာ္ကို မူလေတာင္သူမ်ားထံ ျပန္လည္လြဲေျပာင္းေပးခဲ့ၿပီး ျဖစ္ေၾကာင္း ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္ျမင့္က ေျပာသည္။

၂၀၁၀ ဦးသိန္းစိန္အစိုးရ လက္ထက္မွ ယခုအစိုးရ သက္တမ္းအတြင္း ျပန္လည္ေျပာင္းေပးခဲ့ျခင္းျဖစ္ၿပီး ထပ္မံလႊဲေျပာင္းေပးရန္ ေျမဧက တစ္ေသာင္းေက်ာ္ က်န္ရွိေနေသးသည္ဟု ၎ကဆိုသည္။

ထိုျပင္ထပ္မံစြန႔္လႊတ္မည့္ေျမဧကမ်ားကို ေတာင္သူမ်ား လက္ဝယ္အျမန္ေရာက္ရွိေရး ေဆာင္႐ြက္ေနသည္ဟု လည္း ၎ကဆိုသည္။

လြဲေျပာင္းေပးရန္ လက္ရွိတြင္ စိစစ္ေနဆဲ ျဖစ္သည္ဟု ဒုဝန္ႀကီးက ၎တို႔ဝန္ ႀကီးဌာန၏ စတုတၳေျမာက္ တစ္ႏွစ္ တာ ေဆာင္႐ြက္ခ်က္မ်ားကို ႏိုင္ငံပိုင္မီဒီယာမ်ားက ေဖာ္ျပရာတြင္ထည့္သြင္း ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

အထက္ပါ ျပန္လည္လႊဲ ေျပာင္းေပးခဲ့သည့္ ေျမမ်ားတြင္စိုက္ပ်ိဳးေျမမွာ ဧက ၂ ဒသမ ၆ သိန္းႏွင့္ အျခားေျမမွာ ၂ ဒသမ ၅ သိန္းရွိသည္ဟုဝန္ႀကီးကဆိုသည္။

၎တို႔အနက္မွာ လက္ရွိ အစိုးရလက္ထက္တြင္ ေျမဧကတစ္သိန္းေက်ာ္ကို မူလေတာင္သူ မ်ားထံ ေပးအပ္ခဲ့ၿပီး စိုက္ပ်ိဳးေျမ ၃၁,၀၀၀ ေက်ာ္ႏွင့္ အျခားေျမ ၇၇,၀၀၀ ေက်ာ္ တို႔ပါဝင္သည္ဟု ဦးတင္ျမင့္က ဆိုသည္။

လယ္ေျမမ်ား ျပန္လည္ေပးအပ္ရန္ လက္ရွိအစိုးရလက္တြင္ ဒုတိယသမၼတ ဦးေဆာင္သည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စစ္ေဆးေရး ဗဟိုေကာ္မတီ က ေဆာင္႐ြက္ခဲ့သည္။ ယခင္အစိုးရလက္ထက္တြင္ ေျမယာအသုံးခ်မႈ စီမံခန႔္ခြဲေရး ဗဟိုေကာ္မတီက ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ သည္။ ယခင္အစိုးရက လက္ရွိ အစိုးရလက္ထက္တြင္ ေျမဧက ၁၈,၀၀၀ ေက်ာ္ကို စိစစ္ရန္ လႊဲေျပာင္းေပးခဲ့သည္ဟုလည္း ဒုဝန္ ႀကီးက ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service