ဆေးပစ္စည်းထုတ်လုပ်မယ့်စက်ရုံတွေကိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်မယ် - Property News in Myanmar from iMyanmarHouse.com
1204 Views
ဆေးပစ္စည်းထုတ်လုပ်မယ့်စက်ရုံတွေကိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်မယ်
[Unicode]
ရပ်နားထားရသော နိုင်ငံပိုင် စက်ရုံများတွင် COVID-19 အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြည်သူသို့ အသိပေးသည်။
‘‘COVID-19 ကပ်ရောဂါ တိုက်ဖျက်ဖို့ တစ်နိုင်ငံလုံးပါဝင် ကြပါစို့’’ ခေါင်းစဉ်ဖြင့် ဧပြီ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ပြည်ထောင်စုဝန်ကြီး ရေးသားသော ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင် COVID-19 ကုသရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်မှ ဝယ်ယူနေသကဲ့သို့ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံနှင့် နှာခေါင်းစည်းများကို ပြည်တွင်းထုတ်လုပ်သူများထံမှ ဝယ်ယူနိုင်ရေးကို ဆောင်ရွက်ထားသည်ဟု ပြည်ထောင်စုဝန် ကြီးက အသိပေးထားသည်။
မြန်မာနိုင်ငံတွင် အရှုံးပေါ်သဖြင့် လုပ်ငန်းရပ်ဆိုင်းထားရသော နိုင်ငံပိုင်စက်ရုံ ၂၄ ရုံရှိသည်။ ၎င်းစက်ရုံများကို ပုဂ္ဂလိက သို့ လွှဲပြောင်းပေးရန် အစိုးရက လွှတ်တော်သို့ ပြီးခဲ့သည့်နှစ်များ တွင် တင်ပြထားသည်။
အစိုးရက ဆေးပစ္စည်းထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည့် အစီအစဉ်နှင့်ပတ်သက်၍‘‘ဖိတ်ခါ်တာ ကောင်းတာပေါ့။ အမှန်က နောက်တောင် နည်းနည်းကျနေပြီ’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
လက်ရှိအချိန်သည် COVID-19 ကြောင့် နိုင်ငံတကာ စီးပွားရေးအခြေအနေ ယိမ်းယိုင် နေချိန်တွင် ရင်းနှီးမြှုပ်နှံမှုများ အသစ်ရရှိရန် အခက်အခဲရှိနိုင်သည်ဟုလည်း ၎င်းကဆိုသည်။
ဆေးဝါးထုတ်လုပ်ရေး စက်ရုံတစ်ရုံ တည်ထောင်မည်ဆိုပါက အချိန်အနည်းဆုံး သုံးနှစ်ခန့်ကြာ မှသာ ထုတ်လုပ်မှု ဆောင်ရွက်နိုင်သည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
COVID-19 ရောဂါကြောင့် ဗြိတိန်ကဲ့သို့ နိုင်ငံကြီးများအပါအဝင် ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံများက ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ပြင် ဆင်ဆောင်ရွက်နေကြောင်း ၎င်းတို့ကပြောသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 23 Aug To 24 Aug
INNO CITY
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service