မကွေးတိုင်းတွင် (၁၂) မဂ္ဂါဝပ် ထုတ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လုပ်ငန်းရှင်များကို ဝန်ကြီးဌာနက ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
825 Views

မကွေးတိုင်းတွင် (၁၂) မဂ္ဂါဝပ် ထုတ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လုပ်ငန်းရှင်များကို ဝန်ကြီးဌာနက ဖိတ်ခေါ်

[Unicode]

မကွေးတိုင်းဒေသကြီး တွင် သဘာဝဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်နှင့် ၎င်းစက်ရုံမှ လျှပ်စစ် ၁၂ မဂ္ဂါဝပ် ဝယ်ယူလိုကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုစက်ရုံကို BOT (တည်ဆောက်၊လည်ပတ်၊လွဲပြောင်း)စနစ်ဖြင့်ဆောက်ရွက်ရမည်ဖြစ်ပြီး ဓာတ်အားကို ၅ နှစ်ဆက်တိုက်ဝယ်ယူမည်ဟု ဝန်ကြီးဌာနကဆိုသည်။

စိတ်ဝင်စားသည့် ကုမ္ပဏီများသည် မေ ၂၇ ရက်တွင်း နောက်ဆုံးထားလျှောက်ထားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

“အဲ့ဒီနေရာမှ သဘာဝဓာတ်ငွေ့ထွက်လို့ စက်ရုံဆောက်ဖို့ ဖိတ်ခေါ်တာပါ”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးစိုးမြင့်ကဆိုသည်။

စက်ရုံတည်ဆောက်မည့်နေရာမှာ မကွေးတိုင်း၊ ကျော်မြို့နယ်တွင်ဖြစ်သည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစိုးရက ၂၀၂၀ နွေရာသီ တွင် လျှပ်စစ်မီးမပြတ်စေရေး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၄၀ ဝယ်ယူရန် စီမံကိန်း၅ခုကို တင်ဒါခေါ်ခဲ့သည်။ ထိုစီမံကိန်းများကို ဓာတ်ငွေ့သုံးဓာတ်အားပေးစက် ရုံ၊ ရေပေါ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားပေးသင်္ဘောစသည် ဖြင့် ဆောင်ရွက်နိုင်ပြီး လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခဲ့သည်။

အဆိုပါစီမံကိန်းငါးခုသည် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် တည်ဆောက်ရမည်ဖြစ်ပြီး စီးပွား ဖြစ်ထုတ်လုပ်သည့်နှစ်မှ ငါးနှစ် ကြာဓာတ်အားဝယ်ယူမည်ဟု ဝန် ကြီးဌာနက ဆိုထားသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ဓာတ်အားသုံးစွဲမှုမဂ္ဂါဝပ် ၃,၁၀၀ ကျော်ရှိသည်။ခန့် မှန်းတွက်ချက်မှုအရ ၂၀၂၀ တွင် ၆၈၈ မဂ္ဂါဝပ်တိုးတက်သုံးစွဲလာမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မေကြးတိုင္းတြင္ (၁၂) မဂၢါဝပ္ ထုတ္သည့္ ဓာတ္အားေပးစက္႐ုံ တည္ေဆာက္ရန္ လုပ္ငန္းရွင္မ်ားကို ဝန္ႀကီးဌာနက ဖိတ္ေခၚ

မေကြးတိုင္းေဒသႀကီး  တြင္ သဘာဝဓာတ္အားေပးစက္႐ုံ တည္ေဆာက္ရန္ႏွင့္ ၎စက္႐ုံမွ လွ်ပ္စစ္ ၁၂ မဂၢါဝပ္ ဝယ္ယူလိုေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုစက္႐ုံကို BOT (တည္ေဆာက္၊လည္ပတ္၊လြဲေျပာင္း)စနစ္ျဖင့္ေဆာက္႐ြက္ရမည္ျဖစ္ၿပီး ဓာတ္အားကို ၅ ႏွစ္ဆက္တိုက္ဝယ္ယူမည္ဟု ဝန္ႀကီးဌာနကဆိုသည္။

စိတ္ဝင္စားသည့္ ကုမၸဏီမ်ားသည္ ေမ ၂၇ ရက္တြင္း ေနာက္ဆုံးထားေလွ်ာက္ထားရမည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

“အဲ့ဒီေနရာမွ သဘာဝဓာတ္ေငြ႕ထြက္လို႔ စက္႐ုံေဆာက္ဖို႔ ဖိတ္ေခၚတာပါ”ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယအၿမဲတမ္းအတြင္းဝန္ဦးစိုးျမင့္ကဆိုသည္။

စက္႐ုံတည္ေဆာက္မည့္ေနရာမွာ မေကြးတိုင္း၊ ေက်ာ္ၿမိဳ႕နယ္တြင္ျဖစ္သည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အစိုးရက ၂၀၂၀ ေႏြရာသီ တြင္ လွ်ပ္စစ္မီးမျပတ္ေစေရး လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၀၄၀ ဝယ္ယူရန္ စီမံကိန္း၅ခုကို တင္ဒါေခၚခဲ့သည္။ ထိုစီမံကိန္းမ်ားကို ဓာတ္ေငြ႕သုံးဓာတ္အားေပးစက္ ႐ုံ၊ ေရေပၚဓာတ္အားေပးစက္႐ုံ၊ ဓာတ္အားေပးသေဘၤာစသည္ ျဖင့္ ေဆာင္႐ြက္ႏိုင္ၿပီး လွ်ပ္စစ္ ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဇြန္လ ၂၈ ရက္တြင္ အိတ္ဖြင့္တင္ဒါ ဖိတ္ေခၚခဲ့သည္။

အဆိုပါစီမံကိန္းငါးခုသည္ ကြၽန္းေခ်ာင္း၊ အလုံ၊ ေက်ာက္ျဖဴ၊ သန္လ်င္ႏွင့္ သာေကတတို႔တြင္ တည္ေဆာက္ရမည္ျဖစ္ၿပီး စီးပြား ျဖစ္ထုတ္လုပ္သည့္ႏွစ္မွ ငါးႏွစ္ ၾကာဓာတ္အားဝယ္ယူမည္ဟု ဝန္ ႀကီးဌာနက ဆိုထားသည္။

ျမန္မာႏိုင္ငံ၌ လက္ရွိတြင္ ဓာတ္အားသုံးစြဲမႈမဂၢါဝပ္ ၃,၁၀၀ ေက်ာ္ရွိသည္။ခန႔္ မွန္းတြက္ခ်က္မႈအရ ၂၀၂၀ တြင္ ၆၈၈ မဂၢါဝပ္တိုးတက္သုံးစြဲလာမည္ဟု လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ေျပာၾကားထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service