သီလဝါအထူးစီးပွားရေးဇုန်ကုမ္ပဏီက ကျပ် (၇) ဘီလီယံကျော်ကို အမြတ်ဝေစုပေးမည် - Property News in Myanmar from iMyanmarHouse.com
1012 Views

သီလဝါအထူးစီးပွားရေးဇုန်ကုမ္ပဏီက ကျပ် (၇) ဘီလီယံကျော်ကို အမြတ်ဝေစုပေးမည်

[Unicode]

သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) က ၂၀၂၀အတွက် ကျပ် ၇ ဒသမ ၇ ဘီလီယံကို အမြတ်ငွေစုအဖြစ် ရှယ်ယာရှင်များကို ထုတ်ပေးသွားမည်ဟု ၎င်းကုမ္ပဏီက ထုတ်ပြန်ကြေငြာသည်။

ထိုသို့ အမြတ်ဝေစုထုတ်ပေးမည်ဟု ကြေငြာပြီးနောက် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်း၌ MTSH ၏ ရှယ်ယာတန်ဖိုးသည် ဧပြီ ၂၈ ရက်တွင် ကျပ် ၃၈၀၀ ရှိပြီး ဧပြီ ၂၇ ရက်တွင် ၃၅၅၀ ကျပ်ရှိခဲ့သည်။

အမြတ်ဝေစုပေးရာတွင် မေ ၇ ရက်အထိ ရှယ်ယာပိုင်ထားသည့် ရှယ်ယာအစုပိုင်ရှင်များကို ရှယ်ယာတစုလျှင် ၂၀၀ ကျပ်ပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီကဆိုထားသည်။

MTSH သည် ၂၀၁၉ မတ်လတွင် ကုန်ဆုံးခဲ့သည် ဘဏ္ဍာနှစ်အတွက် အမြတ်ငွေ ကျပ် ၉ ဒသမ ၇ ဘီလီယံရရှိခဲ့ပြီး ရှယ်ယာတစ်စုကို ကျပ် ၂၅၀ ပေးအပ်ခဲ့သည်။ ယခုထုတ်ပေးမည့် ၂၀၁၉ စက်တင်ဘာလတွင် ကုန်ဆုံးသည် ဘဏ္ဍာနှစ်အတွက် ကျပ် ၇ ဒသမ ၇ ဘီလီယံနှင့် ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၂၀၀စီရရှိမည်ဖြစ်သည်။

အမြတ်ဝေစုထုတ်ပေးမည့်ရက် ကို သတ္တမအကြိမ်မြောက်အထွေထွေ အစည်းအဝေးအပြီးတွင် ထုတ်ပြန်ပေးသွားမည်ဟုဆိုသည်။

MTSH ကုမ္ပဏီတွင် အစုရှယ်ယာပေါင်း ၃ ဒသမ ၈ သန်းကျော်ရှိပြီး ကုမ္ပဏီကို ၂၀၁၃ မေလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံ၏ ပထမဦးဆုံး အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်တွင် မြန်မာဘက်မှာ ရင်းနှီးမြှပ်နှံခွင့်ရထားသော ကုမ္ပဏီဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သီလဝါအထူးစီးပြားေရးဇုန္ကုမၸဏီက က်ပ္ (၇) ဘီလီယံေက်ာ္ကို အျမတ္ေဝစုေပးမည္

သီလဝါအထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီ (MTSH) က ၂၀၂၀အတြက္ က်ပ္ ၇ ဒသမ ၇ ဘီလီယံကို အျမတ္ေငြစုအျဖစ္ ရွယ္ယာရွင္မ်ားကို ထုတ္ေပးသြားမည္ဟု ၎ကုမၸဏီက ထုတ္ျပန္ေၾကျငာသည္။

ထိုသို႔ အျမတ္ေဝစုထုတ္ေပးမည္ဟု ေၾကျငာၿပီးေနာက္ ကုမၸဏီ၏ ရွယ္ယာတန္ဖိုးမွာ ၇ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္။ ရန္ကုန္စေတာ့အိတ္ခ်ိန္း၌ MTSH ၏ ရွယ္ယာတန္ဖိုးသည္ ဧၿပီ ၂၈ ရက္တြင္ က်ပ္ ၃၈၀၀ ရွိၿပီး ဧၿပီ ၂၇ ရက္တြင္ ၃၅၅၀ က်ပ္ရွိခဲ့သည္။

အျမတ္ေဝစုေပးရာတြင္ ေမ ၇ ရက္အထိ ရွယ္ယာပိုင္ထားသည့္ ရွယ္ယာအစုပိုင္ရွင္မ်ားကို ရွယ္ယာတစုလွ်င္ ၂၀၀ က်ပ္ေပးသြားမည္ျဖစ္သည္ဟု ကုမၸဏီကဆိုထားသည္။

MTSH သည္ ၂၀၁၉ မတ္လတြင္ ကုန္ဆုံးခဲ့သည္ ဘ႑ာႏွစ္အတြက္ အျမတ္ေငြ က်ပ္ ၉ ဒသမ ၇ ဘီလီယံရရွိခဲ့ၿပီး ရွယ္ယာတစ္စုကို က်ပ္ ၂၅၀ ေပးအပ္ခဲ့သည္။ ယခုထုတ္ေပးမည့္ ၂၀၁၉ စက္တင္ဘာလတြင္ ကုန္ဆုံးသည္ ဘ႑ာႏွစ္အတြက္ က်ပ္ ၇ ဒသမ ၇ ဘီလီယံႏွင့္ ရွယ္ယာတစ္စုလွ်င္ အျမတ္ေဝစု က်ပ္ ၂၀၀စီရရွိမည္ျဖစ္သည္။

အျမတ္ေဝစုထုတ္ေပးမည့္ရက္ ကို သတၱမအႀကိမ္ေျမာက္အေထြေထြ အစည္းအေဝးအၿပီးတြင္ ထုတ္ျပန္ေပးသြားမည္ဟုဆိုသည္။

MTSH ကုမၸဏီတြင္ အစုရွယ္ယာေပါင္း ၃ ဒသမ ၈ သန္းေက်ာ္ရွိၿပီး ကုမၸဏီကို ၂၀၁၃ ေမလတြင္ တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

ျမန္မာ့ႏိုင္ငံ၏ ပထမဦးဆုံး အထူးစီးပြားေရးဇုန္ျဖစ္သည့္ သီလဝါအထူးစီးပြားေရးဇုန္တြင္ ျမန္မာဘက္မွာ ရင္းႏွီးျမႇပ္ႏွံခြင့္ရထားေသာ ကုမၸဏီျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service