COVID-19 ကြောင့် ကမ္ဘာရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက် ရပ်ဆိုင်းနေ - Property News in Myanmar from iMyanmarHouse.com
995 Views

COVID-19 ကြောင့် ကမ္ဘာရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက် ရပ်ဆိုင်းနေ

[Unicode]

COVID-19 ကြောင့် ပြည်တွင်းရွှေဈေးကွက် ရပ်ဆိုင်းနေပြီး ရွှေဆိုင်များကအရောင်းအဝယ် ရပ်တန့်ထားကြောင်း ရန်ကုန်နှင့် မန္တလေးရွှေလုပ်ငန်းရှင်အသင်းများထံမှာ သိရသည်။

ရန်ကုန်တိုင်းတွင် ရွှေဈေးကွက်ကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး လက်ရှိတွင် ရွှေဆိုင်များကလည်းအဝယ်ကို လက်ခံနေသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်ကပြောသည်။

“အခုက ရွှေဆိုင်တွေက သူဖာသာဈေးဖွင့်နေတယ်၊ လက်ရှိ လူ ၅ ဦးထက် ပိုမစုရဘူးဆိုတော့ ဈေးကွက်ပြန်ဖွင့်ဖို့က ကြာဦးမယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၁၁၅၀၀၀၀ ဝန်းကျင်ရှိသည်ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းအတွင်း ရွှေအရောင်းအဝယ်ကို လုပ်ငန်းရှင်အချင်းချင်း တိုက်ရိုက်စနစ်ဖြင့်သာရောင်းဝယ်နေပြီး ရွှေဆိုင်များဖွင့်လှစ်ခြင်းမရှိသေးကြောင်း မန္တလေးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးတင်ထွန်းကပြောသည်။

မန္တလေးတိုင်းအတွင်း ရွှေဈေးကွက်ကို ဧပြီလမကုန်ခင် ပြန်လည်ဖွင့်လှစ်ရန်လည်း စီစဉ်နေသည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းတွင် ရွှေဈေးကွက်ကို မတ် ၂၉ ရက်တွင် ရပ်တန့်ခဲ့ပြီး မန္တလေးတိုင်းက ဧပြီလဆန်းတွင် ဖွင့်လှစ်လိုက်ခဲ့သည်။

ရန်ကုန်တိုင်းတွင် ရွှေဈေးကွက်နောက်ဆုံး သတ်မှတ်ခဲ့သည့် ပြည်တွင်းပေါက်ဈေးမှာ ၁၁၆၄၅၀၀ ဖြစ်ပြီး ပြည်ပရွှေဈေးသည် တစ်အောင်စ ၁၆၁၈ ဒေါ်လာရှိသည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၆၉၃ အထိ မြင့်တက်နေသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ​ေၾကာင့္ ကမာၻ​ေ႐ႊ​ေဈးျမင့္တက္​ေန​ေသာ္လည္း ျပည္တြင္းေ႐ႊ​ေဈးကြက္ ရပ္ဆိုင္းေန

COVID-19 ေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္ ရပ္ဆိုင္းေနၿပီး ေ႐ႊဆိုင္မ်ားကအေရာင္းအဝယ္ ရပ္တန႔္ထားေၾကာင္း ရန္ကုန္ႏွင့္ မႏၲေလးေ႐ႊလုပ္ငန္းရွင္အသင္းမ်ားထံမွာ သိရသည္။

ရန္ကုန္တိုင္းတြင္ ေ႐ႊေဈးကြက္ကို ဆက္လက္ပိတ္ထားမည္ျဖစ္ၿပီး လက္ရွိတြင္ ေ႐ႊဆိုင္မ်ားကလည္းအဝယ္ကို လက္ခံေနသည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠဌဦးမ်ိဳးျမင့္ကေျပာသည္။

“အခုက ေ႐ႊဆိုင္ေတြက သူဖာသာေဈးဖြင့္ေနတယ္၊ လက္ရွိ လူ ၅ ဦးထက္ ပိုမစုရဘူးဆိုေတာ့ ေဈးကြက္ျပန္ဖြင့္ဖို႔က ၾကာဦးမယ္”ဟု ၎ကဆိုသည္။

လက္ရွိ ရန္ကုန္တိုင္းအတြင္း ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ က်ပ္ ၁၁၅၀၀၀၀ ဝန္းက်င္ရွိသည္ဟု ၎ကဆိုသည္။

မႏၲေလးတိုင္းအတြင္း ေ႐ႊအေရာင္းအဝယ္ကို လုပ္ငန္းရွင္အခ်င္းခ်င္း တိုက္႐ိုက္စနစ္ျဖင့္သာေရာင္းဝယ္ေနၿပီး ေ႐ႊဆိုင္မ်ားဖြင့္လွစ္ျခင္းမရွိေသးေၾကာင္း မႏၲေလးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠဌ ဦးတင္ထြန္းကေျပာသည္။

မႏၲေလးတိုင္းအတြင္း ေ႐ႊေဈးကြက္ကို ဧၿပီလမကုန္ခင္ ျပန္လည္ဖြင့္လွစ္ရန္လည္း စီစဥ္ေနသည္ဟု ၎ကဆိုသည္။

ရန္ကုန္တိုင္းတြင္ ေ႐ႊေဈးကြက္ကို မတ္ ၂၉ ရက္တြင္ ရပ္တန႔္ခဲ့ၿပီး မႏၲေလးတိုင္းက ဧၿပီလဆန္းတြင္ ဖြင့္လွစ္လိုက္ခဲ့သည္။

ရန္ကုန္တိုင္းတြင္ ေ႐ႊေဈးကြက္ေနာက္ဆုံး သတ္မွတ္ခဲ့သည့္ ျပည္တြင္းေပါက္ေဈးမွာ ၁၁၆၄၅၀၀ ျဖစ္ၿပီး ျပည္ပေ႐ႊေဈးသည္ တစ္ေအာင္စ ၁၆၁၈ ေဒၚလာရွိသည္။ လက္ရွိတြင္ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စ ၁၆၉၃ အထိ ျမင့္တက္ေနသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service