ပြည်မြို့တွင် တန်ဖိုးသင့်အိမ်ရာ တည်ဆောက်ရောင်းချရန် တိုင်းအစိုးရထံ တင်ပြ - Property News in Myanmar from iMyanmarHouse.com
1791 Views

ပြည်မြို့တွင် တန်ဖိုးသင့်အိမ်ရာ တည်ဆောက်ရောင်းချရန် တိုင်းအစိုးရထံ တင်ပြ

[Unicode]

ပြည်တွင်းမှ Golden Zenith ကုမ္ပဏီက ပြည်မြို့နယ်၌ တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်၍ ငါးနှစ်အရစ်ကျရောင်းချရန် တိုင်း အစိုးရထံတင်ပြကြောင်း ပဲခူးတိုင်းအစိုးရက မတ်လ ၁၈ ရက် တွင် သတင်းထုတ်ပြန်သည်။

ထိုစီမံကိန်းတွင် လူနေအ ဆောက်အအုံများ၊ ဆေးခန်း၊ ဈေး၊ ပြည်သူ့အပန်းဖြေနေရာများပါဝင်ပြီး ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျရောင်းချမည်ဟု တိုင်းအစိုးရထံ တင်ပြခြင်းဖြစ်သည်။

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက လူဦးရေတိုးပွားလာသည် နှင့်အမျှ မြို့ပြအိုးအိမ်လိုအပ်ချက်မြင့်မားလာမည်ဟုဆိုသည်။ ဘဏ္ဍာငွေရရှိမှုသည် အကန့်အသတ်ရှိ၍ ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်ဖြည့်ဆည်း ပေးရန် အခက်အခဲရှိကြောင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်ပေးမှုကို ကြိုဆိုကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Golden Zenith ကုမ္ပဏီ သည် ဒါရိုက်တာနှစ်ဦးဖြင့် ၂၀၁၉ ဧပြီတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။

အရစ်ကျပေးသွင်းရမည့် အိမ်ရာစီမံကိန်းတည်ဆောက်လို ကြောင်း ၂၀၁၉ ဒီဇင်ဘာက ပြည်တွင်းကုမ္ပဏီတစ်ခုက တင်ပြလာသည်ဟု ပဲခူးတိုင်းအစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုစီမံကိန်းကို ပဲခူးမြို့နယ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး တန်ဖိုးနည်း၊ တန်ဖိုး သင့်၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်း များဟုခေါ်ကြောင်းနှင့် ဆောက်လုပ်နိုင်ရန် Pride Myanmar Development (PMD)ကုမ္ပဏီ က တင်ပြခြင်းဖြစ်သည်ဟု တိုင်း အစိုးရက ဆိုသည်။

တန်ဖိုးမျှတအိမ်ရာအတွက် အကျယ်စတုရန်းပေ ၈၀၀ ရှိ အခန်းအတွက် တစ်လလျှင် ကျပ် ၂၂,၆၀၀ ပေးသွင်းပါက ၁၅ နှစ် ပြည့်လျှင် ထိုအခန်းပိုင်ဆိုင်ရမည် ဟုဆိုသည်။

တန်ဖိုးသင့်အိမ်ရာအကျယ် စတုရန်းပေ ၆၀၀ အတွက် တစ် လလျှင် ၁၉၈,၀၀၀ ကျပ်၊ တန်ဖိုး နည်းအိမ်ရာအကျယ် စတုရန်း ပေ ၃၂၄ အတွက် တစ်လလျှင် ကျပ် ၉၅,၀၀၀ ပေးသွင်းရမည် ဟုဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service