COVID-19 ရောဂါပိုးကို တရက်လျှင် လူ (၁၃၀၀) ကျော် စစ်ဆေးပေးနိုင်မည့် စက် မြန်မာနိုင်ငံရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
629 Views

COVID-19 ရောဂါပိုးကို တရက်လျှင် လူ (၁၃၀၀) ကျော် စစ်ဆေးပေးနိုင်မည့် စက် မြန်မာနိုင်ငံရောက်ရှိ

[Unicode]

တရက်လျှင် လူပေါင်း ၁၃၀၀ကျော် စစ်ဆေးပေးနိုင်သည့် COVID-19 ရောဂါရှာဖွေ ပေးနိုင်မည့် စက်နှင့် ဆက်စပ်ပစ္စည်းများ ဧပြီ ၂၁ ရက်တွင် မြန်မာနိုင်ငံကို စတင်ရောက်ရှိပြီဖြစ်သည်။

ထိုစက်ကို AA Medical Products ကုမ္ပဏီ၏ Pacific-AA ဖောင်ဒေးရှင်း က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လှူဒါန်းထားတာဖြစ်ပြီး ကျပ်သိန်း ၈၃၅၀ကျော် တန်ဖိုးရှိသည်ဟု အဆိုပါဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားသည်။

ထို Covid-19 စစ်ဆေးသည့် စက်အသစ်သည် မြဝတီမှ ရန်ကုန်ကို သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ကို အမေရိကန်နိုင်ငံမှ ဂျာမဏီနိုင်ငံ Frankfurt လေဆိပ် ထို့မှ ဘန်ကောက် လေဆိပ်သို့ရောက်ရှိလာခြင်းဖြစ်သည်။ ဘန်ကောက်မှ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ခြင်းဖြစ်သည်။

ထိုစက်သည် COVID-19 ရောဂါ ရှိမရှိကို အလိုအလျောက်စနစ်ဖြင့် တိကျစွာ စစ်ပေးနိုင်သော Roche Cobas 6800 Analyzer စက် တစ်လုံး၊ ၎င်းနှင့် တွဲဖက်သုံးစွဲရမည့် လူအယောက် ၁၁၀၀ ကျော် ကိုစစ်ဆေးပေးနိုင်သော ရောဂါရှာဖွေရေး ဆေးရည် SARS-CoV-2 Reagent တို့ပါဝင်သည်ဟု ကုမ္ပဏီက ဆိုထားသည်။

ထိုအပြင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် အဆိုပါစက်ထားရှိမည့် ဓာတ်ခွဲခန်းကိုလည်း အဆင့်မြှင့်ထားပြီးဖြစ်သည်ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ တနေ့လျှင် လူ ၅၀၀ အောက်သာ စစ်ဆေးနိုင်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service