COVID-19 ကြောင့် ထိခိုက်သည့် လုပ်ငန်း (၈၈) ခုအတွက် ပထမအသုတ် ချေးငွေ ကျပ် ၆ ဘီလီယံပေး - Property News in Myanmar from iMyanmarHouse.com
1136 Views

COVID-19 ကြောင့် ထိခိုက်သည့် လုပ်ငန်း (၈၈) ခုအတွက် ပထမအသုတ် ချေးငွေ ကျပ် ၆ ဘီလီယံပေး

[Unicode]

COVID-19 ကြောင့် ထိခိုက်သည့်လုပ်ငန်းများကို ကုစားရန် အစိုးရက ပထမအသုတ်အနေဖြင့် လုပ်ငန်း ၈၈ ခုအတွက် ကျပ် ၆ ဘီလီယံကျော်ကို ထုတ်ချေးလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောသည်။

အဆိုပါလုပ်ငန်းများသည် အထည်ချုပ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကုမ္ပဏီအများစုပြီး ဧပြီ ၉ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် အစိုးရကရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ မတည်ခဲ့သည်။ ၎င်းရန်ပုံငွေထဲတွင် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေထဲမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေထဲမှ ကျပ် ဘီလီယံ ၅၀ တို့ပါဝင်သည်။

ပထမအသုတ်ချေးငွေကို လျှောက်လွှာပေါင်း ၁၆၀၀ အနက်မှ ရွှေးချယ်ခဲ့ပြီး ဒုတိယနှင့် တတိယ အသုတ်များကိုလည်း မကြာခင်လက်ခံတော့မည်ဟု၎င်းကဆိုသည်။

ထိုချေးငွေကို အစိုးရက အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်းကို တစ်နှစ်သက်မှတ်ထားသည်။ လျှောက်ထားရာတွင် အချက် ၁၀ ချက်နှင့်ကိုက်ညီရမည် ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး လက်ရှိလည်ပတ်နေခြင်း (သို့မဟုတ်)ကြေညာချက်မထုတ်ပြန်မီ သုံးလအတွင်း ရပ်ဆိုင်းထားသည့် လုပ်ငန်းဖြစ်ရမည်။ ထို့အပြင်လွန်ခဲ့သည့် ၂ နှစ်အတွင်း လိုင်စင်၊ ခွင့်ပြုချက်ရထားခြင်းနှင့် ဝင်ငွေ ရရှိထားခြင်းတို့ ပါဝင်သည်။

ချေးငွေ ပြန်လည်ပေးဆပ်ရန် ခိုင်လုံသည့်လုပ်ငန်းဖြစ်ရ ခြင်းနှင့် ချေးငွေကိုဝန်ထမ်း၊ လုပ်သားအင်အားနှင့်လက်ရှိ လုပ်ငန်း လည်ပတ်ရန်သာ အသုံးပြုရမည် ဖြစ်ဟုသော သက်မှတ်ချက်များပါဝင်သည်။

ချေးငွေအတွက် လုပ်ငန်းအရေအတွက် နှင့် ချေးငွေပမာဏကို ကန့်သတ်ထားခြင်းမရှိဟု ဦးအောင်နိုင်ဦးကပြောကြားထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ေၾကာင့္ ထိခိုက္သည့္ လုပ္ငန္း (၈၈) ခုအတြက္ ပထမအသုတ္ ေခ်းေငြ က်ပ္ ၆ ဘီလီယံေပး

COVID-19 ေၾကာင့္ ထိခိုက္သည့္လုပ္ငန္းမ်ားကို ကုစားရန္ အစိုးရက ပထမအသုတ္အေနျဖင့္ လုပ္ငန္း ၈၈ ခုအတြက္ က်ပ္ ၆ ဘီလီယံေက်ာ္ကို ထုတ္ေခ်းလိုက္ၿပီျဖစ္ေၾကာင္း ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးကေျပာသည္။

အဆိုပါလုပ္ငန္းမ်ားသည္ အထည္ခ်ဳပ္ႏွင့္ ခရီးသြားလုပ္ငန္းဆိုင္ရာကုမၸဏီအမ်ားစုၿပီး ဧၿပီ ၉ ရက္တြင္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားႏိုင္ရန္ အစိုးရကရန္ပုံေငြ က်ပ္ ဘီလီယံ ၁၀၀ မတည္ခဲ့သည္။ ၎ရန္ပုံေငြထဲတြင္ ႏိုင္ငံေတာ္ လွည့္ပတ္ရန္ပုံေငြထဲမွ က်ပ္ဘီလီယံ ၅၀ ႏွင့္ လူမႈဖူလုံေရး ရန္ပုံေငြထဲမွ က်ပ္ ဘီလီယံ ၅၀ တို႔ပါဝင္သည္။

ပထမအသုတ္ေခ်းေငြကို ေလွ်ာက္လႊာေပါင္း ၁၆၀၀ အနက္မွ ေ႐ႊးခ်ယ္ခဲ့ၿပီး ဒုတိယႏွင့္ တတိယ အသုတ္မ်ားကိုလည္း မၾကာခင္လက္ခံေတာ့မည္ဟု၎ကဆိုသည္။

ထိုေခ်းေငြကို အစိုးရက အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖင့္ ေခ်းေငြသက္တမ္းကို တစ္ႏွစ္သက္မွတ္ထားသည္။ ေလွ်ာက္ထားရာတြင္ အခ်က္ ၁၀ ခ်က္ႏွင့္ကိုက္ညီရမည္ ျဖစ္ၿပီး ၎တို႔မွာ ႏိုင္ငံသားပိုင္ စီးပြားေရးလုပ္ငန္းျဖစ္ရမည္ျဖစ္ၿပီး လက္ရွိလည္ပတ္ေနျခင္း (သို႔မဟုတ္)ေၾကညာခ်က္မထုတ္ျပန္မီ သုံးလအတြင္း ရပ္ဆိုင္းထားသည့္ လုပ္ငန္းျဖစ္ရမည္။ ထို႔အျပင္လြန္ခဲ့သည့္ ၂ ႏွစ္အတြင္း လိုင္စင္၊ ခြင့္ျပဳခ်က္ရထားျခင္းႏွင့္ ဝင္ေငြ ရရွိထားျခင္းတို႔ ပါဝင္သည္။

ေခ်းေငြ ျပန္လည္ေပးဆပ္ရန္ ခိုင္လုံသည့္လုပ္ငန္းျဖစ္ရ ျခင္းႏွင့္ ေခ်းေငြကိုဝန္ထမ္း၊ လုပ္သားအင္အားႏွင့္လက္ရွိ လုပ္ငန္း လည္ပတ္ရန္သာ အသုံးျပဳရမည္ ျဖစ္ဟုေသာ သက္မွတ္ခ်က္မ်ားပါဝင္သည္။

ေခ်းေငြအတြက္ လုပ္ငန္းအေရအတြက္ ႏွင့္ ေခ်းေငြပမာဏကို ကန႔္သတ္ထားျခင္းမရွိဟု ဦးေအာင္ႏိုင္ဦးကေျပာၾကားထားသည္။

မန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service