အသေးစားငွေကြေးအဖွဲ့တွေ ဒီကာလမှာ ချေးငွေနဲ့ အတိုးကို အတင်းအကြပ်ကောက်တာတွေ မလုပ်ဖို့ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1117 Views

အသေးစားငွေကြေးအဖွဲ့တွေ ဒီကာလမှာ ချေးငွေနဲ့ အတိုးကို အတင်းအကြပ်ကောက်တာတွေ မလုပ်ဖို့ ထုတ်ပြန်

[Unicode]

COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေ လိုက်နာဖို့ ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်တွေကို မလိုက်နာရင် လိုင်စင်ရုပ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက မနေ့က ဧပြီ ၁၄ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ COVID-19 ဖြစ်ပွားနေတဲ့ ကာလအတွင်း အသေးစားငွေရေးကြေးရေး အဖွဲ့တွေအနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်တဲ့ အမိန့်တွေကို မပျက်မကွက်လိုက်နာဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက် စတင်ထုတ်တဲ့နေမှ ဧပြီလကုန် ၃၀ ရက်နေ့အထိ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတွေကို ခေတ္တဆိုင်းငံ့ဖို့နဲ့ ချေးငွေနဲ့ အတိုးကို အတင်းအကြပ်ကောက်ခံတာတွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။

ရုံးခွဲအသစ်ဖွင့်တာ၊ လုပ်ငန်းနယ်မြေတိုးချဲ့တာ၊ ရုံးခွဲလိပ်စာပြောင်းလဲတာ၊ ရုံးချုပ်လိပ်စာပြောင်းလဲတာနဲ့ ငွေကြေးဝန်ဆောင်မှုအသစ်ခွင့်ပြုတာတွေကိုလည်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ခေတ္တဆိုင်းငံ့ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း အချို့အနေနဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့အပြင် ဒေသန္တရအမိန့်ဖောက်ဖျက်ပြီး ချေးငွေကောက်ခံခြင်း၊ ချေးငွေတွေ ပြန်ဆပ်ဖို့ ဖိအားပေးနေကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေတဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းပေါင်းက ၁၉၃ ဖွဲ့ ရှိပြီး မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ငွေကြေးဝန်ဆောင်မှုများပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service