ဗြိတိန်တွင် လာမည့်ရက်သတ္တပတ်မှစတင်ပြီး စေတနာ့ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဆုံးစမ်းသပ်ထိုးပေးမှု စတင်မည် - Property News in Myanmar from iMyanmarHouse.com
4499 Views

ဗြိတိန်တွင် လာမည့်ရက်သတ္တပတ်မှစတင်ပြီး စေတနာ့ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဆုံးစမ်းသပ်ထိုးပေးမှု စတင်မည်

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် လပေါင်းများစွာကြာမြင့်နိုင်ပြီး ကာကွယ်ဆေးတစ်ခုခု တွေ့မည်ဟု အာမခံနိုင်ခြင်း မရှိသေးသော်လည်း ကာကွယ်ဆေးဖြစ်လာဖွယ်ရှိသည့် စမ်းသပ်ဆေးဝါးကို စေတနာ့ဝန်ထမ်းများအား လာမည့် ရက်သတ္တပတ်မှ စတင်စမ်းသပ်သွားရန် ဒေါင်းနင်းလမ်း၊အမှတ် ၁၀ ရှိ အင်္ဂလန်ဝန်ကြီးချုပ်ရုံးက စီစဉ်နေကြောင်း အင်္ဂလန်စီးပွားရေးဝန်ကြီး Alok Sharma က ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည့် သိပ္ပံပညာရှင်များကို ထောက်ပံ့ကူညီရန်အတွက် အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပြီးနောက် ဝန်ကြီးချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ၌ စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ သိပ္ပံပညာဆိုင်ရာအကြံပေးအဖွဲ့ခေါင်းဆောင် ဆာ ပက်ထရစ် ဗဲလန့်စ်ကလည်း ကာကွယ်ဆေးသည် လက်တကမ်းတွင် မရှိသေးကြောင်း၊ အပြီးသတ်ဆေးဝါးထုတ်လုပ်နိုင်ရေးမှာ အလှမ်းဝေးသေးကြောင်း အခိုင်အမာပြောကြားသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်လာရန် အလားအလာရှိသည့်ဆေးကို လာမည့် ရက်သတ္တပတ်အတွင်း ဗြိတိန် စေတနာ့ဝန်ထမ်းများကို ပထမအသုတ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ထိပ်တန်းသုတေသနပညာရှင်တို့က ပြောကြားသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ သိပ္ပံပညာရှင်တို့သည် ကာကွယ်ဆေးသန်းပေါင်းများစွာကို လာမည့်စက်တင်ဘာလတွင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေပြီး အောင်မြင်မှုရမည်ဟု ၎င်းတို့က ယုံကြည်နေသည်။

ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းသိပ္ပံပညာရှင်များစွာသည်လည်း ကာကွယ်ဆေးရှာဖွေနိုင်ရန် အလုအယက်ကြိုးပမ်းနေကြသည်။

ဝန်ကြီးချုပ်ရုံးသတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးဝန်ကြီး Alok Sharma က ပြောကြားခဲ့ရာတွင် “ဘယ်တော့ကာကွယ်ဆေး ရမလဲဆိုတဲ့ အချိန်ကာလသတ်မှတ်ချက်တစ်ခုတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ သိပ္ပံပညာမှာ ရှေ့က ဦးဆောင် တဲ့ သမိုင်းကြောင်းတွေ များပြားတဲ့နိုင်ငံမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

“ကာကွယ်ဆေးတစ်ခု ထုတ်လုပ်ရတာဟာ ဧရာမလုပ်ငန်းတာဝန်ကြီးပါ။ လပေါင်းများစွာ ကြာမြင့်မယ့် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခု လည်း ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့ ယခင်က ပြောကြားခဲ့သည်မှာ အများပြည်သူအသုံးပြုနိုင်မည့် ကာကွယ်ဆေးတစ်ခုကို စက်တင်ဘာလတွင် ထုတ်လုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။

အောက်စ်ဖို့ဒ်တက္ကသိုလ် ကာကွယ်ဆေးပညာပါမောက္ခ ဆာရာဂီးလ်ဘတ်နှင့် သူမ၏အဖွဲ့က ကာကွယ်ဆေးဖြစ်လာဖွယ်ရှိသည့် ဆေးတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး လူသားများတွင် စတင်စမ်းသပ်ရန် စီစဉ်နေသည်။

သို့သော် ဆာရာဂီးလ်ဘတ်က ပြောကြားရာတွင် ကြိုတင်မသိနိုင်ခြင်းဟူသည်မှာ အမြဲရှိကြောင်း၊ ကာကွယ်ဆေးများသည် တကယ်အလုပ်ဖြစ်၊ မဖြစ်ဟူသည်ကို သိပ္ပံပညာရှင်များအနေဖြင့် မည်သည့်အခါမှ ကျိန်းသေပေါက် မပြောနိုင်ကြောင်း ပြောကြားသည်။

သို့သော် အဆိုပါကာကွယ်ဆေး အောင်မြင်နိုင်ချေ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ယုံကြည်ကြောင်း ဆာရာဂီးလ်ဘတ်က ပြောကြားခဲ့ပြီး “ကျွန်မရဲ့ အမြင်အရ ဒီဆေးအပေါ် ယုံကြည်မှုပမာဏ မြင့်မားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းပညာနယ်မှာ ကျွန်မအများကြီး လုပ်ခဲ့ပြီးပါပြီ။ မားစ်ရောဂါတုန်းကလည်း ကာကွယ်ဆေးစမ်းသပ်မှုတွေ ကျွန်မလုပ်ခဲ့ပြီးပါပြီ။ ဒီဆေးက အလုပ်ဖြစ်ဖို့ အလားအလာ အရမ်းကောင်းတယ်လို့ ကျွန်မထင်ပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  Coronavirus vaccine will take 'many months' and 'there are no guarantees' one can be found, Alok Sharma admits as Number 10 announces first trials will begin next week - after hopes it could be ready by September (dailymail)

 

[Zawgyi]

ၿဗိတိန္တြင္ လာမည့္ရက္သတၱပတ္မွစတင္ၿပီး ေစတနာ့ဝန္ထမ္းမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ပထမဆုံးစမ္းသပ္ထိုးေပးမႈ စတင္မည္

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ရန္ လေပါင္းမ်ားစြာၾကာျမင့္ႏိုင္ၿပီး ကာကြယ္ေဆးတစ္ခုခု ေတြ႕မည္ဟု အာမခံႏိုင္ျခင္း မရွိေသးေသာ္လည္း ကာကြယ္ေဆးျဖစ္လာဖြယ္ရွိသည့္ စမ္းသပ္ေဆးဝါးကို ေစတနာ့ဝန္ထမ္းမ်ားအား လာမည့္ ရက္သတၱပတ္မွ စတင္စမ္းသပ္သြားရန္ ေဒါင္းနင္းလမ္း၊အမွတ္ ၁၀ ရွိ အဂၤလန္ဝန္ႀကီးခ်ဳပ္႐ုံးက စီစဥ္ေနေၾကာင္း အဂၤလန္စီးပြားေရးဝန္ႀကီး Alok Sharma က ေျပာၾကားသည္။

ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္သည့္ေဆးထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းေနသည့္ သိပၸံပညာရွင္မ်ားကို ေထာက္ပံ့ကူညီရန္အတြက္ အဖြဲ႕တစ္ခု ဖြဲ႕စည္းလိုက္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္႐ုံးတြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ရာ၌ စီးပြားေရးဝန္ႀကီးက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္၏ သိပၸံပညာဆိုင္ရာအႀကံေပးအဖြဲ႕ေခါင္းေဆာင္ ဆာ ပက္ထရစ္ ဗဲလန႔္စ္ကလည္း ကာကြယ္ေဆးသည္ လက္တကမ္းတြင္ မရွိေသးေၾကာင္း၊ အၿပီးသတ္ေဆးဝါးထုတ္လုပ္ႏိုင္ေရးမွာ အလွမ္းေဝးေသးေၾကာင္း အခိုင္အမာေျပာၾကားသည္။

သို႔ေသာ္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးျဖစ္လာရန္ အလားအလာရွိသည့္ေဆးကို လာမည့္ ရက္သတၱပတ္အတြင္း ၿဗိတိန္ ေစတနာ့ဝန္ထမ္းမ်ားကို ပထမအသုတ္ေဆးထိုးေပးသြားမည္ျဖစ္ေၾကာင္း ထိပ္တန္းသုေတသနပညာရွင္တို႔က ေျပာၾကားသည္။

ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွာ သိပၸံပညာရွင္တို႔သည္ ကာကြယ္ေဆးသန္းေပါင္းမ်ားစြာကို လာမည့္စက္တင္ဘာလတြင္ ထုတ္လုပ္ႏိုင္ရန္ ႀကိဳးပမ္းေနၿပီး ေအာင္ျမင္မႈရမည္ဟု ၎တို႔က ယုံၾကည္ေနသည္။

ကမာၻတစ္ဝန္းရွိ ထိပ္တန္းသိပၸံပညာရွင္မ်ားစြာသည္လည္း ကာကြယ္ေဆးရွာေဖြႏိုင္ရန္ အလုအယက္ႀကိဳးပမ္းေနၾကသည္။

ဝန္ႀကီးခ်ဳပ္႐ုံးသတင္းစာရွင္းလင္းပြဲတြင္ စီးပြားေရးဝန္ႀကီး Alok Sharma က ေျပာၾကားခဲ့ရာတြင္ “ဘယ္ေတာ့ကာကြယ္ေဆး ရမလဲဆိုတဲ့ အခ်ိန္ကာလသတ္မွတ္ခ်က္တစ္ခုေတာ့ ကြၽန္ေတာ္တို႔ မေျပာႏိုင္ေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ သိပၸံပညာမွာ ေရွ႕က ဦးေဆာင္ တဲ့ သမိုင္းေၾကာင္းေတြ မ်ားျပားတဲ့ႏိုင္ငံမွာ ေနထိုင္ေနၾကတာ ျဖစ္ပါတယ္” ဟု ဆိုသည္။

“ကာကြယ္ေဆးတစ္ခု ထုတ္လုပ္ရတာဟာ ဧရာမလုပ္ငန္းတာဝန္ႀကီးပါ။ လေပါင္းမ်ားစြာ ၾကာျမင့္မယ့္ ရႈပ္ေထြးတဲ့ လုပ္ငန္းစဥ္တစ္ခု လည္း ျဖစ္ပါတယ္။” ဟု ၎က ဆက္လက္ေျပာၾကားသည္။

ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွ သိပၸံပညာရွင္တို႔ ယခင္က ေျပာၾကားခဲ့သည္မွာ အမ်ားျပည္သူအသုံးျပဳႏိုင္မည့္ ကာကြယ္ေဆးတစ္ခုကို စက္တင္ဘာလတြင္ ထုတ္လုပ္ႏိုင္မည္ဟု ေျပာၾကားခဲ့သည္။

ေအာက္စ္ဖို႔ဒ္တကၠသိုလ္ ကာကြယ္ေဆးပညာပါေမာကၡ ဆာရာဂီးလ္ဘတ္ႏွင့္ သူမ၏အဖြဲ႕က ကာကြယ္ေဆးျဖစ္လာဖြယ္ရွိသည့္ ေဆးတစ္မ်ိဳးကို ထုတ္လုပ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လူသားမ်ားတြင္ စတင္စမ္းသပ္ရန္ စီစဥ္ေနသည္။

သို႔ေသာ္ ဆာရာဂီးလ္ဘတ္က ေျပာၾကားရာတြင္ ႀကိဳတင္မသိႏိုင္ျခင္းဟူသည္မွာ အၿမဲရွိေၾကာင္း၊ ကာကြယ္ေဆးမ်ားသည္ တကယ္အလုပ္ျဖစ္၊ မျဖစ္ဟူသည္ကို သိပၸံပညာရွင္မ်ားအေနျဖင့္ မည္သည့္အခါမွ က်ိန္းေသေပါက္ မေျပာႏိုင္ေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ အဆိုပါကာကြယ္ေဆး ေအာင္ျမင္ႏိုင္ေခ် ၈၀ ရာခိုင္ႏႈန္းခန႔္ရွိသည္ဟု ယုံၾကည္ေၾကာင္း ဆာရာဂီးလ္ဘတ္က ေျပာၾကားခဲ့ၿပီး “ကြၽန္မရဲ႕ အျမင္အရ ဒီေဆးအေပၚ ယုံၾကည္မႈပမာဏ ျမင့္မားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီနည္းပညာနယ္မွာ ကြၽန္မအမ်ားႀကီး လုပ္ခဲ့ၿပီးပါၿပီ။ မားစ္ေရာဂါတုန္းကလည္း ကာကြယ္ေဆးစမ္းသပ္မႈေတြ ကြၽန္မလုပ္ခဲ့ၿပီးပါၿပီ။ ဒီေဆးက အလုပ္ျဖစ္ဖို႔ အလားအလာ အရမ္းေကာင္းတယ္လို႔ ကြၽန္မထင္ပါတယ္” ဟု ျဖည့္စြက္ေျပာၾကားသည္။

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus vaccine will take 'many months' and 'there are no guarantees' one can be found, Alok Sharma admits as Number 10 announces first trials will begin next week - after hopes it could be ready by September (dailymail)

 

 

ke 'many months' and 'there are no guarantees' one can be found, Alok Sharma admits as Number 10 announces first trials will begin next week - after hopes it could be ready by September (dailymail)

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service