COVID-19 ကြောင့် စီးပွားရေးမကျဆင်းရန် ကြိုတင်ပြင်ဆင်မူများဆောင်ရွက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော - Property News in Myanmar from iMyanmarHouse.com
874 Views

COVID-19 ကြောင့် စီးပွားရေးမကျဆင်းရန် ကြိုတင်ပြင်ဆင်မူများဆောင်ရွက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

[Unicode]

COVID-19 ကြောင့် စီးပွားရေးမကျဆင်းစေရန်နှင့် အနာဂတ်တွင်ပြည်သူ မထိခိုက်ရန် ကြိုတင်ပြင်ဆင်ထားမူများကို လုပ်ဆောင်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီ ၁၅ ရက်တွင် မွန်ပြည်နယ်မှ COVID-19 ရောဂါ ကာကွယ်တားဆီကုသရေးလုပ်ငန်းများဆောင်ရွက်နေသူများနှင့် အွန်လိုင်းမှ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးဆိုရင် အရင်တုန်းကနဲ့ မတူတော့ဘူး။ စီးပွားရေးမကျအောင်၊ ပြည်သူတွေ အနာဂတ်မှာ မထိခိုက်အောင် အခုကတည်းက ကြိုတင်ပြင်ရတယ်၊ တတ်နိုင်သမျှ လုပ်နိုင်တာ လုပ်ရတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

COVID-19 သည် တခုတည်းသော ရောဂါမဟုတ်ကြောင်းနှင့် ၎င်းသည် ယခုကာလတွင် အန္တရာယ်ကြီး၍ လွမ်းမိုးထားခြင်းဖြစ်သည်ဟု အတိုင်ပင်ခံကဆိုသည်။ ထို့ပြင်နိုင်ငံလည်ပတ်ရန် အစိုးရက ဆောင်ရွက်နေရသည်ဟုဆိုသည်။ လက်ရှိကာလတွင် နိုင်ငံလည်ပတ်ရန် ပိုမိုရုန်းကန်နေရသည်ဟုလည်း ဆိုသည်။

ထိုပြင်ကျောင်းများပြန်ဖွင့်ရေးကိုလည်း စဉ်းစားရကြောင်းလည်း ၎င်းကဆိုသည်။

“ကျန်းမာရေးတစ်ခုတည်းမဟုတ်ဘူး။ စီးပွားရေး၊ ပညာရေး ၊ လူမှုရေး၊ အဖက်ဖက်က စဉ်းစားပြီး လုပ်ပေးပါမယ်။ နိုင်ငံက သိပ်ပြီးချမ်းသာတဲ့နိုင်ငံမဟုတ်ဘူးဆိုပေမယ့် အဓိကကတော့ ဆန္ဒပဲ။ အားလုံးက ဆန္ဒရှိရင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့။ တက်ညီလက်ညီလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဒါတွေကို ကျော်လွှားနိုင်မှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင် COVID_19 နှင့်ပတ်သတ်ပြီး ချမ်းသာသည့်နိုင်ငံများတွင်လည်း ဒုက္ခရောက်နေသည်ကိုလည်း သတိပြုရန် ၎င်းကဆိုသည်။

ထိုပြင်ကျန်းမာရေးကဏ္ဍတွင်လည်း COVID-19 နှင့် သက်ဆိုင်ခြင်းမရှိသည့် လူနာများကို စောင့်ရှောက်ရေးသည်လည်း အရေးကြီးပြီး အလေးထားဆောင်ရွက်ရမည်ဖြစ်ကာ အခြားရောဂါများကိုလည်း မေ့ထား၍ မရ ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ေၾကာင့္ စီးပြားေရးမက်ဆင္းရန္ ႀကိဳတင္ျပင္ဆင္မူမ်ားေဆာင္႐ြက္ေနသည္ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

COVID-19 ေၾကာင့္ စီးပြားေရးမက်ဆင္းေစရန္ႏွင့္ အနာဂတ္တြင္ျပည္သူ မထိခိုက္ရန္ ႀကိဳတင္ျပင္ဆင္ထားမူမ်ားကို လုပ္ေဆာင္ေနေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ဧၿပီ ၁၅ ရက္တြင္ မြန္ျပည္နယ္မွ COVID-19 ေရာဂါ ကာကြယ္တားဆီကုသေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနသူမ်ားႏွင့္ အြန္လိုင္းမွ ေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“စီးပြားေရးဆိုရင္ အရင္တုန္းကနဲ႔ မတူေတာ့ဘူး။ စီးပြားေရးမက်ေအာင္၊ ျပည္သူေတြ အနာဂတ္မွာ မထိခိုက္ေအာင္ အခုကတည္းက ႀကိဳတင္ျပင္ရတယ္၊ တတ္ႏိုင္သမွ် လုပ္ႏိုင္တာ လုပ္ရတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။

COVID-19 သည္ တခုတည္းေသာ ေရာဂါမဟုတ္ေၾကာင္းႏွင့္ ၎သည္ ယခုကာလတြင္ အႏၲရာယ္ႀကီး၍ လြမ္းမိုးထားျခင္းျဖစ္သည္ဟု အတိုင္ပင္ခံကဆိုသည္။ ထို႕ျပင္ႏိုင္ငံလည္ပတ္ရန္ အစိုးရက ေဆာင္႐ြက္ေနရသည္ဟုဆိုသည္။ လက္ရွိကာလတြင္ ႏိုင္ငံလည္ပတ္ရန္ ပိုမို႐ုန္းကန္ေနရသည္ဟုလည္း ဆိုသည္။

ထိုျပင္ေက်ာင္းမ်ားျပန္ဖြင့္ေရးကိုလည္း စဥ္းစားရေၾကာင္းလည္း ၎ကဆိုသည္။

“က်န္းမာေရးတစ္ခုတည္းမဟုတ္ဘူး။ စီးပြားေရး၊ ပညာေရး ၊ လူမႈေရး၊ အဖက္ဖက္က စဥ္းစားၿပီး လုပ္ေပးပါမယ္။ ႏိုင္ငံက သိပ္ၿပီးခ်မ္းသာတဲ့ႏိုင္ငံမဟုတ္ဘူးဆိုေပမယ့္ အဓိကကေတာ့ ဆႏၵပဲ။ အားလုံးက ဆႏၵရွိရင္ ဝိုင္းဝန္းလုပ္ေဆာင္ေပးဖို႔။ တက္ညီလက္ညီလုပ္ဖို႔ ဆႏၵရွိတယ္ဆိုရင္ ဒါေတြကို ေက်ာ္လႊားႏိုင္မွာေပါ့” ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

လက္ရွိတြင္ COVID_19 ႏွင့္ပတ္သတ္ၿပီး ခ်မ္းသာသည့္ႏိုင္ငံမ်ားတြင္လည္း ဒုကၡေရာက္ေနသည္ကိုလည္း သတိျပဳရန္ ၎ကဆိုသည္။

ထိုျပင္က်န္းမာေရးက႑တြင္လည္း COVID-19 ႏွင့္ သက္ဆိုင္ျခင္းမရွိသည့္ လူနာမ်ားကို ေစာင့္ေရွာက္ေရးသည္လည္း အေရးႀကီးၿပီး အေလးထားေဆာင္႐ြက္ရမည္ျဖစ္ကာ အျခားေရာဂါမ်ားကိုလည္း ေမ့ထား၍ မရ ေၾကာင္းေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service