ကြံခင်း ဘိလပ်မြေစက်ရုံကို ၂၀၄၁ - ၄၂တွင် အပြီးသတ်အဆင့်မြှင့်တင်ရန် စီစဉ်ထား - Property News in Myanmar from iMyanmarHouse.com
2020 Views

ကြံခင်း ဘိလပ်မြေစက်ရုံကို ၂၀၄၁ - ၄၂တွင် အပြီးသတ်အဆင့်မြှင့်တင်ရန် စီစဉ်ထား

[Unicode]

ကြံခင်းဘိလပ်မြေစက်ရုံ အဆင့်မြှင့်တင်ခြင်းကို ၂၀၄၁-၄၂အတွင် အပြီးဆောင်ရွက်ရန် စီစဉ်ထားကြောင်း အစိုးရ၏ စီမံကိန်းဘဏ်တွင်ဖော်ပြထားသည်။

ထိုစက်ရုံသည် တစ်နှစ်လျှင် တန်ချိန် တစ်သန်း ထုတ်လုပ်ရန် တည်ဆောက်ထားပြီး လက်ရှိတွင် တစ်ရက် လျှင် တန်ချိန် ၁၆၀၀မှ ၃၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းကို ဒေါ်လာ ၅၂ သန်းကုန်ကျရန်မျှော်မှန်းထားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စတင်ရန်နှင့် ၂၀၄၁-၂၀၄၂တွင်ပြီးစီးရန် အစိုးရက မျှော်မှန်းထားသည်။

၎င်းစက်ရုံတည်ဆောက်ခြင်းကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မူဖြင့် အကောင်အထည်ဖော်လိုကြောင်းနှင့် စက်ရုံမှာ အကြီးစား စက်ရုံအမျိုးအစားဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ကြံခင်းဘိလပ်မြေစက်ရုံသည် သက်တမ်း နှစ် ၄၀ ကျော်ကြာမြင့်နေပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ကြံခင်းဘိလပ်မြေစက်ရုံ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်ယန်း(၂၉)ဘီလီယံကို ဂျပန်နိုင်ငံက ချေးယူခဲ့သည်။

စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိ၍ အဆိုပါစက်ရုံကို အစိုးရက ရပ်ဆိုင်းခဲ့သည်။ ထိုသို့ရပ်ဆိုင်းရန် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံအနက် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ ခုနစ်ရုံနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ စက်ရုံ လေးရုံတို့မှအပ ကျန်အားလုံးကို ရပ်ဆိုင်ထားရန် ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ မတ် ၁၅ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႀကံခင္း ဘိလပ္ေျမစက္႐ုံကို ၂၀၄၁ - ၄၂ တြင္ အၿပီးသတ္အဆင့္ျမႇင့္တင္ရန္ စီစဥ္ထား

ႀကံခင္းဘိလပ္ေျမစက္႐ုံ အဆင့္ျမႇင့္တင္ျခင္းကို ၂၀၄၁-၄၂ အတြင္ အၿပီးေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း အစိုးရ၏ စီမံကိန္းဘဏ္တြင္ေဖာ္ျပထားသည္။

ထိုစက္႐ုံသည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္ တစ္သန္း ထုတ္လုပ္ရန္ တည္ေဆာက္ထားၿပီး လက္ရွိတြင္ တစ္ရက္ လွ်င္ တန္ခ်ိန္ ၁၆၀၀မွ ၃၀၀၀ အထိ တိုးျမႇင့္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

ထိုစီမံကိန္းကို ေဒၚလာ ၅၂ သန္းကုန္က်ရန္ေမွ်ာ္မွန္းထားၿပီး ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္တြင္ စတင္ရန္ႏွင့္ ၂၀၄၁-၂၀၄၂တြင္ၿပီးစီးရန္ အစိုးရက ေမွ်ာ္မွန္းထားသည္။

၎စက္႐ုံတည္ေဆာက္ျခင္းကို အစိုးရ၊ ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မူျဖင့္ အေကာင္အထည္ေဖာ္လိုေၾကာင္းႏွင့္ စက္႐ုံမွာ အႀကီးစား စက္႐ုံအမ်ိဳးအစားျဖစ္သည္ဟု အစိုးရက ထုတ္ျပန္ထားသည္။

ႀကံခင္းဘိလပ္ေျမစက္႐ုံသည္ သက္တမ္း ႏွစ္ ၄၀ ေက်ာ္ၾကာျမင့္ေနၿပီျဖစ္သည္။ ဦးသိန္းစိန္အစိုးရလက္ထက္ ႀကံခင္းဘိလပ္ေျမစက္႐ုံ ျပန္လည္ျပဳျပင္တည္ေဆာက္ျခင္းႏွင့္ အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းအတြက္ ဂ်ပန္ယန္း(၂၉)ဘီလီယံကို ဂ်ပန္ႏိုင္ငံက ေခ်းယူခဲ့သည္။

စီးပြားေရးအရ တြက္ေျခကိုက္မႈမရွိ၍ အဆိုပါစက္႐ုံကို အစိုးရက ရပ္ဆိုင္းခဲ့သည္။ ထိုသို႔ရပ္ဆိုင္းရန္ ႏိုင္ငံပိုင္စက္႐ုံ ၄၄ ႐ုံအနက္ စက္မႈဝန္ႀကီးဌာနေအာက္ရွိ စက္႐ုံ ခုနစ္႐ုံႏွင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနေအာက္ရွိ စက္႐ုံ ေလး႐ုံတို႔မွအပ က်န္အားလုံးကို ရပ္ဆိုင္ထားရန္ ျပည္ေထာင္စု လႊတ္ေတာ္က ၂၀၁၇ မတ္ ၁၅ ရက္တြင္ ဆုံးျဖတ္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service