ဆောက်လုပ်ရေးဝန်ကြီးဌာနမှ COVID-19 ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် Modular House များတည်ဆောက် - Property News in Myanmar from iMyanmarHouse.com
8013 Views

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ COVID-19 ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် Modular House များတည်ဆောက်

[Unicode]

လျှင်မြန်စွာ တပ်ဆင်အသုံးပြုနိုင်သည့် Modular House များ တည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အရေးပေါ်အသုံးပြုနိုင်သည့် Modular House များကို ရန်ကုန်တိုင်းဒေသကြီး မဟာဗန္ဓုလတံတားအောက် School Bus ယာဉ်များထားရှိသည့်နေရာတွင် ၁ လုံးနှင့် အောက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးတွင် ၄ လုံး တည်ဆောက်သွားမည်ဖြစ်သည်။

“””ဒီအိမ်တွေကို ဖော်မှာက ဆရာဝန်တွေ နပ်စ့်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး ဆောက်မယ်။ မဟာဗန္ဓုလတံတားအောက်မှာတော့ သင်္ကြန်တွင်းအသုံးပြုလို့ရအောင် ဆောက်သွားမှာပါ””ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးသန်းတိုးအောင်က ရှင်းပြသည်။

Modular House တစ်လုံးလျှင် ၁၈ ပေ ပတ်လည် အခန်း ၅ ခန်း ပါဝင်ပြီး တည်ဆောက်မှုအနေဖြင့် ၇ ရက်သာ ကြာမြင့်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှသိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆိုပါ အိမ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့််ပူးပေါင်းအကောင်ထည်ဖော်ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ် ၅ လုံးစတင်ဆောက်လုပ်သွားမည်ဖြစ်သည်။

အဆိုပါအိမ်ရာများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် အိမ်များဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုင်းအစိုးရကို အိမ်အလုံး ၄၀ လွှဲပြောင်းကာ လိုအပ်သည့်နေရာများတွင် ထပ်မံဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှသိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် COVID-19 ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်နယ်နှင့်် တိုင်းဒေသကြီး ၉ ခုရွိ ဌာနပိုင် အိမ်ရာ ၃၁ လုံးမှ အခန်း ၇၅၀ ကျော်ကို Quarantine center အဖြစ် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားကြောင်း ၎င်းဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးအတြက္ Modular House မ်ားတည္ေဆာက္

လ်ွင္ျမန္စြာ တပ္ဆင္္အသံုးျပဳနိုင္သည့္္ Modular House မ်ား တည္ေဆာက္ျခင္္းကုိ ရန္ကုန္တိုင္းေဒသႀကီးအတြင္း လိုအပ္သည့္ေနရာမ်ားတြင္ စတင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနထံမွ သိရသည္္။

အဆိုပါ အေရးေပၚအသံုးျပဳနိုင္သည့္ Modular House မ်ားကုိ ရန္ကုန္တိုင္းေဒသႀကီး မဟာဗႏၶဳလတံတားေအာက္ School Bus ယာဥ္မ်ားထားရွိသည့္ေနရာတြင္ ၁ လံုးနွင့္ ေအာက္ျမန္မာျပည္ ဗဟို၀န္ထမ္းတကၠသိုလ္ ေဖာင္ႀကီးတြင္ ၄ လံုး တည္ေဆာက္သြားမည္ျဖစ္သည္။

“””ဒီအိမ္ေတြကို ေဖာ္မွာက ဆရာ၀န္ေတြ နပ္စ့္ေတြနဲ့ က်န္းမာေရး၀န္ထမ္းေတြအတြက္္ ရည္္ရြယ္ျပီး ေဆာက္မယ္္။ မဟာဗႏၶဳလတံတားေအာက္မွာေတာ့ သႀကၤန္တြင္္းအသံုးျပဳလို့ရေအာင္ ေဆာက္သြားမွာပါ””ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ လမ္းဦးစီဌာန၊ ရန္ကုန္တိုင္းေဒသႀကီး တာ၀န္ခံအင္ဂ်င္နီယာခ်ဳပ္ ဦးသန္းတိုးေအာင္က ရွင္းျပသည္္။

Modular House တစ္လံုးလွ်င္္ ၁၈ ေပ ပတ္လည္ အခန္း ၅ ခန္း ပါ၀င္ျပီး တည္ေဆာက္မွဳအေနျဖင့္ ၇ ရက္္သာ ၾကာျမင့္မည္ျဖစ္ေၾကာင္း အဆိုပါ၀န္ႀကီးဌာနထံမွသိရသည္္။ ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ အဆိုပါ အိမ္မ်ားကုိ ရန္ကုန္တိုင္္းေဒသႀကီးအစိုးရအဖြဲ့ နွင့္္ပူးေပါင္္းအေကာင္ထည္ေဖာ္ျခင္းျဖစ္ျပီး လက္ရွိတြင္ အိမ္ ၅ လံုးစတင္ေဆာက္လုပ္္သြားမည္ျဖစ္သည္။

အဆိုပါအိမ္ရာမ်ားသည္ တရုတ္ျပည္္သူ့သမၼတနိုင္ငံမွ လွဴဒါန္းထားသည့္ အိမ္မ်ားျဖစ္ျပီး ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ တိုင္းအစိုးရကုိ အိမ္အလံုး ၄၀ လႊဲေျပာင္းကာ လိုအပ္္သည့္ေနရာမ်ားတြင္ ထပ္မံေဆာက္လုပ္ေပးသြားမည္ ျဖစ္ေၾကာင္း ယင္း၀န္ႀကီးဌာနထံမွသိရသည္္။ ေဆာက္လုပ္ေရး၀န္ႀကီးဌာနသည္ COVID-19 ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ အသံုးျပဳနိုင္ရန္ ျပည္နယ္နွင့္္ တိုင္းေဒသႀကီး ၉ ခု႐ြိ ဌာနပုိင္ အိမ္ရာ ၃၁ လံုးမွ အခန္း ၇၅၀ ေက်ာ္္ကုိ Quarantine center အျဖစ္ အသံုးျပဳနိုင္ရန္ ေဆာင္ရြက္ထားေၾကာင္း ၄င္း၀န္ႀကီးဌာနထံမွ သိရသည္္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service