ကိုရိုနာဗိုင်းရပ်စ်သည် အဆုပ်ကိုသာမက နှလုံးကိုလည်း တိုက်ခိုက်ကြောင်း ကျွမ်းကျင်ပညာရှင်များ ပြောကြား - Property News in Myanmar from iMyanmarHouse.com
1510 Views

ကိုရိုနာဗိုင်းရပ်စ်သည် အဆုပ်ကိုသာမက နှလုံးကိုလည်း တိုက်ခိုက်ကြောင်း ကျွမ်းကျင်ပညာရှင်များ ပြောကြား

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်သည် အဆုပ်နှင့် အသက်ရှုလမ်းကြောင်းကိုသာ တိုက်ခိုက်သည်မဟုတ်ဘဲ နှလုံးကိုလည်း တိုက်ခိုက်ကြောင်း သုတေသနပြုချက်တစ်ခုအရ ပေါ်ပေါက်လာသည်ဟုဆိုသည်။

Covid -19 ကူးစက်ခံရသူများအနက် နှလုံးရောဂါအပါအဝင် အခြားသော ရောဂါနောက်ခံရှိသူများသည် ပိုမိုပြင်းထန်စွာ ခံစားရလေ့ရှိကြောင်း ဆရာဝန်တို့သည် ကပ်ရောဂါကြီးပေါ်ပေါက်စဉ် အစောပိုင်းကာလကတည်းက တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။

သို့သော် ယခုအခါ သံသယရှိလာကြသည်မှာ ကိုရိုနာဗိုင်းရပ်စ်သည် အဆုပ်ကိုသာမကဘဲ နှလုံးကိုလည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်လာကြသည်။

အကယ်၍သာ ထိုသို့တိုက်ခိုက်ခြင်းမှန်ကန်ပါက ကျန်းမာရေးစောင့်ရှောက်မှုနယ်မှ ပုဂ္ဂိုလ်တို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် တိုက်ခိုက်ရသည့် စစ်ပွဲတွင် ရင်ဆိုင်ရမည့် စစ်မျက်နှာတစ်ခု ထပ်တိုးလာပြီ ဖြစ်သည်။

အခြားသော ကိုရိုနာဗိုင်းရပ်စ်အုပ်စု ရောဂါများဖြစ်သည့် ဆားစ်ရောဂါနှင့် မားစ်ရောဂါတို့နည်းတူ covid-19 ကိုဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်း ဝေဒနာများ ကနဦးခံစားကြရသည်။

Covid -19 ဗိုင်းရပ်စ်ပိုးသည် သေးငယ်သော တံထွေးစက်အမှုန်များ (သို့မဟုတ်) နှာခေါင်းနှင့် ပါးစပ်တို့မှ ထွက်ရှိသော ချွဲ၊ သလိပ်၊ နှာရည်တို့မှတဆင့် အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်လာကာ အဆုပ်ဆီသို့ ဦးတည်သွားရောက်သည်။

အဆုပ်သို့ ရောက်သောအခါတွင် ဗိုင်းရပ်စ်၏ မျက်နှာပြင်ရှိ ပရိုတိန်းဆူးချွန်တို့သည် အဆုပ်ရှိ ဆဲလ်များအတွင်းသို့ တူးဆွဝင်ရောက်၏။

သို့သော် covid-19 က တိုက်ခိုက်သည့် ကိုယ်တွင်းအင်္ဂ ါမှာ အဆုပ်တစ်ခုတည်း မဟုတ်ချေ။

Covid-19 ဗိုင်းရပ်စ်သည် နှလုံးကိုလည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပထမဆုံးစတင်ဖော်ထုတ်သည်မှာ တရုတ်ပြည်မှ ဖြစ်သည်။

လေ့လာမှုတစ်ခုတွင် ဆေးရုံတင်ထားရသည့် လူနာ ၄၁၆ ဦးအနက် ၂၀ ရာခိုင်နှုန်းခန့်တွင် နှလုံးကို ထိခိုက်ခံထားရသည့် လက္ခဏာများ တွေ့ရသည်ဟု ဆိုသည်။

ထိုသို့ နှလုံးထိခိုက်ခံရသူများအနက် လူနာထက်ဝက်ကျော်မှာ သေဆုံးခဲ့ကြသည်။

နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် covid-19 ကူးစက်ခံရပြီးနောက် နှလုံးထိခိုက်မခံရသော လူနာများတွင် သေဆုံးသူမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။

ရောဂါကူးစက်ခြင်း မခံရမီကတည်းက နှလုံးရောဂါ ရှိနှင့်ပြီးဖြစ်သော လူနာများတွင်ကား ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှလုံးထိခိုက်မှု အန္တရာယ် ပိုမိုမြင့်မားသည်မှာ အံ့အားသင့်ဖွယ် မဟုတ်ချေ။

သို့သော် စိုးရိမ်ဖွယ်အချက်မှာ ယခင်က ကျန်းမာရေးပြဿနာတစုံတရာ မရှိခဲ့သူတို့သည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် နှလုံးထိခိုက်မှု ပြင်းထန်စွာရင်ဆိုင်လာရခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် နှလုံးကို နည်းလမ်းတစ်ခု (သို့မဟုတ်) နည်းလမ်းအများအပြားဖြင့် တိုက်ခိုက်နိုင်ကြောင်း Northwestern University မှ နှလုံးရောဂါ ပါမောက္ခ ဒေါက်တာ ရောဘတ် ဘိုနောင်းက Dailymail သို့ ပြောကြားသည်။

“တုပ်ကွေးကပ်ရောဂါတွေဖြစ်ရင် နှလုံးရောဂါရတဲ့သူတွေများတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စိုးရိမ်ပူပန်မှုတွေ သူ့တို့မှာ မြင့်မားလာတာကြောင့် ဖြစ်ပါတယ်” ဟု ဒေါက်တာ ရောဘတ်က ပြောကြားသည်။

Covid-19 ကူးစက်ခံရချိန်တွင် အခြားသော အခြင်းအရာများလည်း ဖြစ်ပေါ်လာကြောင်း ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုပ်ထိခိုက်ရပြီးလျှင် ခန္ဓာကိုယ်တွင် အခြားသော ပြဿနာများ ဆက်နွှယ်ပေါ်ပေါက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆုပ်သည် အောက်ဆီဂျင်ရနိုင်ရန် ရုန်းကန်လာရတော့ရာ သွေးကြောများအတွင်း အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးလာရာမှတဆင့် နှလုံးကို ထိခိုက်စေခြင်း ဖြစ်သည်။

ဒေါက်တာ ရောဘတ်က ဆက်လက်ပြောကြားရာတွင် covid-19 တွင် အခြားသော တုပ်ကွေးများနှင့် မတူသည့်အချက်များ ရှိနေကြောင်း၊ မိုက္ကရိုစကုပ်ဖြင့် လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်မှ ထွက်လာသော ပရိုတိန်း ဆူးချွန်များသည် ဆဲလ်များပေါ်တွင် လက်ခံမည့်သူကို လိုက်လံရှာဖွေသည်ဟု ဆိုသည်။

အထူးသဖြင့် အဆုပ်အတွင်းတွင် လက်ခံမည့်ဆဲလ်များကို လိုက်လံရှာဖွေကြောင်း၊ သို့သော် သွေးကြောများအတွင်းတွင်လည်း လက်ခံမည့်ဆဲလ်များရှိရာ ဗိုင်းရပ်စ်သည် အဆုပ်တွင်သာမက သွေးကြောများအတွင်းတွင်လည်း စွဲကပ်တည်ရှိနေနိုင်သည်ဟု ဆိုသည်။

ထိုသို့ သွေးကြောများအတွင်း ဗိုင်းရပ်စ်၏ တည်ရှိနေမှုမှာ နှလုံးအတွက် ထိခိုက်မှုသို့ ဦးတည်သွားစေခြင်း ဖြစ်သည်။

ထို့အပြင် နှလုံးကြွက်သားများအတွင်းသို့ ဗိုင်းရပ်စ်ကူးစက်သွားမှုလည်း ဖြစ်နိုင်ပြီး ထိုအခြေအနေကို mycarditis ဟုခေါ်ကြောင်းလည်း ဒေါက်တာ ရောဘတ်က ရှင်းပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref : Does coronavirus attack the heart too? Experts say one in five patients has damage to cardiac muscle which then triggers blood clots (Dailymail)

 

### Zawgyi Version ###

ကို႐ိုနာဗိုင္းရပ္စ္သည္ အဆုပ္ကိုသာမက ႏွလုံးကိုလည္း တိုက္ခိုက္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ား ေျပာၾကား

ကို႐ိုနာဗိုင္းရပ္စ္သည္ အဆုပ္ႏွင့္ အသက္ရႈလမ္းေၾကာင္းကိုသာ တိုက္ခိုက္သည္မဟုတ္ဘဲ ႏွလုံးကိုလည္း တိုက္ခိုက္ေၾကာင္း သုေတသနျပဳခ်က္တစ္ခုအရ ေပၚေပါက္လာသည္ဟုဆိုသည္။

Covid -19 ကူးစက္ခံရသူမ်ားအနက္ ႏွလုံးေရာဂါအပါအဝင္ အျခားေသာ ေရာဂါေနာက္ခံရွိသူမ်ားသည္ ပိုမိုျပင္းထန္စြာ ခံစားရေလ့ရွိေၾကာင္း ဆရာဝန္တို႔သည္ ကပ္ေရာဂါႀကီးေပၚေပါက္စဥ္ အေစာပိုင္းကာလကတည္းက ေတြ႕ရွိခဲ့ၾကၿပီး ျဖစ္သည္။

သို႔ေသာ္ ယခုအခါ သံသယရွိလာၾကသည္မွာ ကို႐ိုနာဗိုင္းရပ္စ္သည္ အဆုပ္ကိုသာမကဘဲ ႏွလုံးကိုလည္း ထိခိုက္ႏိုင္ဖြယ္ရွိေၾကာင္း သုံးသပ္လာၾကသည္။

အကယ္၍သာ ထိုသို႔တိုက္ခိုက္ျခင္းမွန္ကန္ပါက က်န္းမာေရးေစာင့္ေရွာက္မႈနယ္မွ ပုဂၢိဳလ္တို႔အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ တိုက္ခိုက္ရသည့္ စစ္ပြဲတြင္ ရင္ဆိုင္ရမည့္ စစ္မ်က္ႏွာတစ္ခု ထပ္တိုးလာၿပီ ျဖစ္သည္။

အျခားေသာ ကို႐ိုနာဗိုင္းရပ္စ္အုပ္စု ေရာဂါမ်ားျဖစ္သည့္ ဆားစ္ေရာဂါႏွင့္ မားစ္ေရာဂါတို႔နည္းတူ covid-19 ကိုျဖစ္ေစသည့္ ဗိုင္းရပ္စ္ပိုးသည္ အသက္ရႈလမ္းေၾကာင္း ေဝဒနာမ်ား ကနဦးခံစားၾကရသည္။

Covid -19 ဗိုင္းရပ္စ္ပိုးသည္ ေသးငယ္ေသာ တံေထြးစက္အမႈန္မ်ား (သို႔မဟုတ္) ႏွာေခါင္းႏွင့္ ပါးစပ္တို႔မွ ထြက္ရွိေသာ ခြၽဲ၊ သလိပ္၊ ႏွာရည္တို႔မွတဆင့္ အသက္ရႈလမ္းေၾကာင္းအတြင္း ဝင္ေရာက္လာကာ အဆုပ္ဆီသို႔ ဦးတည္သြားေရာက္သည္။

အဆုပ္သို႔ ေရာက္ေသာအခါတြင္ ဗိုင္းရပ္စ္၏ မ်က္ႏွာျပင္ရွိ ပ႐ိုတိန္းဆူးခြၽန္တို႔သည္ အဆုပ္ရွိ ဆဲလ္မ်ားအတြင္းသို႔ တူးဆြဝင္ေရာက္၏။

သို႔ေသာ္ covid-19 က တိုက္ခိုက္သည့္ ကိုယ္တြင္းအဂၤ ါမွာ အဆုပ္တစ္ခုတည္း မဟုတ္ေခ်။

Covid-19 ဗိုင္းရပ္စ္သည္ ႏွလုံးကိုလည္း အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ပထမဆုံးစတင္ေဖာ္ထုတ္သည္မွာ တ႐ုတ္ျပည္မွ ျဖစ္သည္။

ေလ့လာမႈတစ္ခုတြင္ ေဆး႐ုံတင္ထားရသည့္ လူနာ ၄၁၆ ဦးအနက္ ၂၀ ရာခိုင္ႏႈန္းခန႔္တြင္ ႏွလုံးကို ထိခိုက္ခံထားရသည့္ လကၡဏာမ်ား ေတြ႕ရသည္ဟု ဆိုသည္။

ထိုသို႔ ႏွလုံးထိခိုက္ခံရသူမ်ားအနက္ လူနာထက္ဝက္ေက်ာ္မွာ ေသဆုံးခဲ့ၾကသည္။

ႏႈိင္းယွဥ္ခ်က္အေနျဖင့္ ၾကည့္မည္ဆိုလွ်င္ covid-19 ကူးစက္ခံရၿပီးေနာက္ ႏွလုံးထိခိုက္မခံရေသာ လူနာမ်ားတြင္ ေသဆုံးသူမွာ ၄ ဒသမ ၅ ရာခိုင္ႏႈန္းသာ ရွိသည္။

ေရာဂါကူးစက္ျခင္း မခံရမီကတည္းက ႏွလုံးေရာဂါ ရွိႏွင့္ၿပီးျဖစ္ေသာ လူနာမ်ားတြင္ကား ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏွလုံးထိခိုက္မႈ အႏၲရာယ္ ပိုမိုျမင့္မားသည္မွာ အံ့အားသင့္ဖြယ္ မဟုတ္ေခ်။

သို႔ေသာ္ စိုးရိမ္ဖြယ္အခ်က္မွာ ယခင္က က်န္းမာေရးျပႆနာတစုံတရာ မရွိခဲ့သူတို႔သည္လည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီးေနာက္ ႏွလုံးထိခိုက္မႈ ျပင္းထန္စြာရင္ဆိုင္လာရျခင္း ျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ ႏွလုံးကို နည္းလမ္းတစ္ခု (သို႔မဟုတ္) နည္းလမ္းအမ်ားအျပားျဖင့္ တိုက္ခိုက္ႏိုင္ေၾကာင္း Northwestern University မွ ႏွလုံးေရာဂါ ပါေမာကၡ ေဒါက္တာ ေရာဘတ္ ဘိုေနာင္းက Dailymail သို႔ ေျပာၾကားသည္။

“တုပ္ေကြးကပ္ေရာဂါေတြျဖစ္ရင္ ႏွလုံးေရာဂါရတဲ့သူေတြမ်ားတာ ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိုးရိမ္ပူပန္မႈေတြ သူ႔တို႔မွာ ျမင့္မားလာတာေၾကာင့္ ျဖစ္ပါတယ္” ဟု ေဒါက္တာ ေရာဘတ္က ေျပာၾကားသည္။

Covid-19 ကူးစက္ခံရခ်ိန္တြင္ အျခားေသာ အျခင္းအရာမ်ားလည္း ျဖစ္ေပၚလာေၾကာင္း ၊ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အဆုပ္ထိခိုက္ရၿပီးလွ်င္ ခႏၶာကိုယ္တြင္ အျခားေသာ ျပႆနာမ်ား ဆက္ႏႊယ္ေပၚေပါက္လာေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

အဆုပ္သည္ ေအာက္ဆီဂ်င္ရႏိုင္ရန္ ႐ုန္းကန္လာရေတာ့ရာ ေသြးေၾကာမ်ားအတြင္း ေအာက္ဆီဂ်င္ေရာက္ရွိမႈ နည္းပါးလာရာမွတဆင့္ ႏွလုံးကို ထိခိုက္ေစျခင္း ျဖစ္သည္။

ေဒါက္တာ ေရာဘတ္က ဆက္လက္ေျပာၾကားရာတြင္ covid-19 တြင္ အျခားေသာ တုပ္ေကြးမ်ားႏွင့္ မတူသည့္အခ်က္မ်ား ရွိေနေၾကာင္း၊ မိုကၠ႐ိုစကုပ္ျဖင့္ ေလ့လာခ်က္အရ ကို႐ိုနာဗိုင္းရပ္မွ ထြက္လာေသာ ပ႐ိုတိန္း ဆူးခြၽန္မ်ားသည္ ဆဲလ္မ်ားေပၚတြင္ လက္ခံမည့္သူကို လိုက္လံရွာေဖြသည္ဟု ဆိုသည္။

အထူးသျဖင့္ အဆုပ္အတြင္းတြင္ လက္ခံမည့္ဆဲလ္မ်ားကို လိုက္လံရွာေဖြေၾကာင္း၊ သို႔ေသာ္ ေသြးေၾကာမ်ားအတြင္းတြင္လည္း လက္ခံမည့္ဆဲလ္မ်ားရွိရာ ဗိုင္းရပ္စ္သည္ အဆုပ္တြင္သာမက ေသြးေၾကာမ်ားအတြင္းတြင္လည္း စြဲကပ္တည္ရွိေနႏိုင္သည္ဟု ဆိုသည္။

ထိုသို႔ ေသြးေၾကာမ်ားအတြင္း ဗိုင္းရပ္စ္၏ တည္ရွိေနမႈမွာ ႏွလုံးအတြက္ ထိခိုက္မႈသို႔ ဦးတည္သြားေစျခင္း ျဖစ္သည္။

ထို႔အျပင္ ႏွလုံးႂကြက္သားမ်ားအတြင္းသို႔ ဗိုင္းရပ္စ္ကူးစက္သြားမႈလည္း ျဖစ္ႏိုင္ၿပီး ထိုအေျခအေနကို mycarditis ဟုေခၚေၾကာင္းလည္း ေဒါက္တာ ေရာဘတ္က ရွင္းျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ်ပြသည်။)

Credit: iMyanmarHouse.com

Ref : Does coronavirus attack the heart too? Experts say one in five patients has damage to cardiac muscle which then triggers blood clots (Dailymail)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service