ယခု ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ်ဘီလီယံ ၂၆၆၀ ကျော်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
577 Views

ယခု ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ်ဘီလီယံ ၂၆၆၀ ကျော်ခွင့်ပြု

[Unicode]

၂၀၁၉ -၂၀ ဘဏ္ဍာနှစ် အတွက် ဖြည့်စွက်ဘတ်ဂျက် ကျပ်ဘီလီယံ ၂,၆၆၀ ကျော် တောင်းခံမှုကို ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးက ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

ဘဏ္ဍာရေး ကော်မရှင်၏ ယခုနှစ်အတွင်း ပထမဆုံးပြုလုပ်သော (၁/၂၀၂၀) အစည်းအဝေးကို ဧပြီ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ ခွင့်ပြုလိုက်ခြင်းကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ပြုပြင်ပြီး ခန့်မှန်းခြေအသုံးစရိတ်သည် ကျပ် ၃၃,၈၀၅ ဘီလီယံ ကျော်ဖြစ်လာသည်။ ပြည်ထောင် စုအဆင့်ဌာန၊ အဖွဲ့အစည်းများ ၏ ယခုဘဏ္ဍာနှစ်ရငွေမှာ ပြုပြင်ပြီးခန့်မှန်းခြေ ကျပ် ၂၇,၂၂၇ ဘီ လီယံကျော်ရှိသည်။ ထို့ကြောင့် အသားတင် လိုငွေမှာ ကျပ် ၆,၅၇၇ ဘီလီယံဖြစ်သည်။

ထို့ပြင် ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ကျပ် ဘီလီယံ ၁၁၈,၉၃၅ ရှိသည်။ ထို့ကြောင့် အသားတင်လို ငွေနှင့် GDP အချိုးသည် ၅ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်သည်ဟု သမ္မတရုံးက ထုတ်ပြန်သည်။

ဖြည့်စွက်ဘတ်ဂျက်တောင်းခံငွေ ခွင့်ပြုခြင်းသည် ယခုဘဏ္ဍာ ရေးနှစ်တွင် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်ဖြစ်သည်ဟု ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောသည်။

ဖြည့်စွက်ရန်ပုံငွေတောင်းခံရာတွင် အဓိကအားဖြင့် ဝန်ထမ်း စရိတ်၊ အတိုးပေးငွေ၊ အရင်းဆပ်ရန် ထပ်မံလိုအပ်ငွေ၊ အခွန် ဆောင်ရန်၊ လျှပ်စစ်မီတာခတိုး မြှင့်ခြင်းကြောင့် လိုအပ်ငွေများ၊ ပြည်ပအကူအညီနှင့်ချေးငွေများ ရရှိရန် ဆောင်ရွက်ရမည့်စရိတ်၊ တည်ဆောက်ဆဲလုပ်ငန်းများနှင့် မြေယာလျော်ကြေးများအတွက် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ကပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ က COVID-19 ကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းအပေါ် ထိခိုက်နိုင်မှုကိုလည်း ကြိုတင်သုံးသပ် တွက်ချက်ထားရန်နှင့် အခွန်ရရှိမှုအ ပေါ် သက်ရောက်နိုင်၍ အသုံးစ ရိတ်ချွေတာ၊ လိုငွေမများစေရန် နှင့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည့် အသုံးစရိတ်များကိုသာ ခွင့်ပြုရန်အပြင် နိုင်ငံခြားငွေအစား ကျပ်ငွေဖြင့် အဓိကသုံးစွဲရန်လည်းမှာကြားခဲ့သည်။

သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကို အထူးမှာကြားရာတွင် တင်ဒါ ခေါ်ယူမှုများ၌ တင်ဒါစည်းမျဉ်းစည်းကမ်းများကို လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန် ပြောကြားခဲ့သည်။

မူလတောင်းခံရာတွင် ကျပ် ၂,၉၉၇ ဘီလီယံဖြစ်ပြီး ထိုအထဲမှ ကျပ် ဘီလီယံ ၂,၆၆၀ ကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ထိုထဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖြည့်စွက်ပေးငွေ ကျပ် ၅၉ ဘီလီ ယံပါဝင်သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေကလည်း ပြောသည်။

ဖြည့်စွက်ငွေ ရရှိပြီးပါက လေးလအတွင်း သုံးစွဲရမည်ဖြစ်၍ အမှန်တကယ်လုပ်ဆောင်မည့် လုပ်ငန်းကိုသာ တောင်းဆိုရန်နှင့် ရရှိထားသည့် ခွင့်ပြုငွေကို မသုံးစွဲနိုင်ပါက နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးမရှိဟု သမ္မတ ဦးဝင်းမြင့်ကဆိုသည်။

ဖြည့်စွက်ခွင့်ပြုငွေကို အခြားခေါင်းစဉ် ပြောင်းသုံးစွဲခွင့် မရှိသလို ပြန်လည်အပ်နှံပါကလည်း ကြီးလေးသည့် ချွတ်ယွင်း ချက်ဖြစ်ကြောင်း ဘဏ္ဍာရေးစည်းမျဉ်းတွင် ဆိုထားကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ယခု ဘ႑ာႏွစ္အတြက္ ျဖည့္စြက္ရန္ပုံေငြ က်ပ္ဘီလီယံ ၂၆၆၀ ေက်ာ္ခြင့္ျပဳ

၂၀၁၉ -၂၀ ဘ႑ာႏွစ္ အတြက္ ျဖည့္စြက္ဘတ္ဂ်က္ က်ပ္ဘီလီယံ ၂,၆၆၀ ေက်ာ္ ေတာင္းခံမႈကို ဘ႑ာေရးေကာ္မရွင္အစည္းအေဝးက ခြင့္ျပဳေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက ထုတ္ျပန္သည္။

ဘ႑ာေရး ေကာ္မရွင္၏ ယခုႏွစ္အတြင္း ပထမဆုံးျပဳလုပ္ေသာ (၁/၂၀၂၀) အစည္းအေဝးကို ဧၿပီ ၇ ရက္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည္။

ထိုသို႔ ခြင့္ျပဳလိုက္ျခင္းေၾကာင့္ ယခုဘ႑ာႏွစ္အတြင္း ျပဳျပင္ၿပီး ခန႔္မွန္းေျခအသုံးစရိတ္သည္ က်ပ္ ၃၃,၈၀၅ ဘီလီယံ ေက်ာ္ျဖစ္လာသည္။ ျပည္ေထာင္ စုအဆင့္ဌာန၊ အဖြဲ႕အစည္းမ်ား ၏ ယခုဘ႑ာႏွစ္ရေငြမွာ ျပဳျပင္ၿပီးခန႔္မွန္းေျခ က်ပ္ ၂၇,၂၂၇ ဘီ လီယံေက်ာ္ရွိသည္။ ထို႔ေၾကာင့္ အသားတင္ လိုေငြမွာ က်ပ္ ၆,၅၇၇ ဘီလီယံျဖစ္သည္။

ထို႔ျပင္ ျပည္တြင္းထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုး (GDP) မွာ က်ပ္ ဘီလီယံ ၁၁၈,၉၃၅ ရွိသည္။ ထို႔ေၾကာင့္ အသားတင္လို ေငြႏွင့္ GDP အခ်ိဳးသည္ ၅ ဒသမ ၅၃ ရာခိုင္ႏႈန္းျဖစ္သည္ဟု သမၼတ႐ုံးက ထုတ္ျပန္သည္။

ျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံေငြ ခြင့္ျပဳျခင္းသည္ ယခုဘ႑ာ ေရးႏွစ္တြင္ လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္ရန္ျဖစ္သည္ဟု ဘ႑ာေရး ေကာ္မရွင္ ဥကၠ႒ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က ေျပာသည္။

ျဖည့္စြက္ရန္ပုံေငြေတာင္းခံရာတြင္ အဓိကအားျဖင့္ ဝန္ထမ္း စရိတ္၊ အတိုးေပးေငြ၊ အရင္းဆပ္ရန္ ထပ္မံလိုအပ္ေငြ၊ အခြန္ ေဆာင္ရန္၊ လွ်ပ္စစ္မီတာခတိုး ျမႇင့္ျခင္းေၾကာင့္ လိုအပ္ေငြမ်ား၊ ျပည္ပအကူအညီႏွင့္ေခ်းေငြမ်ား ရရွိရန္ ေဆာင္႐ြက္ရမည့္စရိတ္၊ တည္ေဆာက္ဆဲလုပ္ငန္းမ်ားႏွင့္ ေျမယာေလ်ာ္ေၾကးမ်ားအတြက္ ျဖစ္သည္ဟု ႏိုင္ငံေတာ္သမၼတ ကေျပာသည္။

ထို႔အျပင္ ႏိုင္ငံေတာ္သမၼတ က COVID-19 ေၾကာင့္ ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား က်ဆင္းႏိုင္သျဖင့္ စီးပြားေရးဖြံ႕ၿဖိဳးမႈႏႈန္းအေပၚ ထိခိုက္ႏိုင္မႈကိုလည္း ႀကိဳတင္သုံးသပ္ တြက္ခ်က္ထားရန္ႏွင့္ အခြန္ရရွိမႈအ ေပၚ သက္ေရာက္ႏိုင္၍ အသုံးစ ရိတ္ေခြၽတာ၊ လိုေငြမမ်ားေစရန္ ႏွင့္ လက္ရွိ ဘ႑ာႏွစ္အတြင္း ၿပီးစီးမည့္ အသုံးစရိတ္မ်ားကိုသာ ခြင့္ျပဳရန္အျပင္ ႏိုင္ငံျခားေငြအစား က်ပ္ေငြျဖင့္ အဓိကသုံးစြဲရန္လည္းမွာၾကားခဲ့သည္။

သမၼတ ဦးဝင္းျမင့္က ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ားကို အထူးမွာၾကားရာတြင္ တင္ဒါ ေခၚယူမႈမ်ား၌ တင္ဒါစည္းမ်ဥ္းစည္းကမ္းမ်ားကို လက္တစ္လုံးျခား လုပ္ကိုင္ေဆာင္႐ြက္ျခင္းမျပဳရန္ ေျပာၾကားခဲ့သည္။

မူလေတာင္းခံရာတြင္ က်ပ္ ၂,၉၉၇ ဘီလီယံျဖစ္ၿပီး ထိုအထဲမွ က်ပ္ ဘီလီယံ ၂,၆၆၀ ကိုသာ ခြင့္ျပဳခဲ့ျခင္းျဖစ္ကာ ထိုထဲတြင္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားသို႔ ျဖည့္စြက္ေပးေငြ က်ပ္ ၅၉ ဘီလီ ယံပါဝင္သည္ဟု ဒုတိယ သမၼတ ဦးျမင့္ေဆြကလည္း ေျပာသည္။

ျဖည့္စြက္ေငြ ရရွိၿပီးပါက ေလးလအတြင္း သုံးစြဲရမည္ျဖစ္၍ အမွန္တကယ္လုပ္ေဆာင္မည့္ လုပ္ငန္းကိုသာ ေတာင္းဆိုရန္ႏွင့္ ရရွိထားသည့္ ခြင့္ျပဳေငြကို မသုံးစြဲႏိုင္ပါက ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ အက်ိဳးမရွိဟု သမၼတ ဦးဝင္းျမင့္ကဆိုသည္။

ျဖည့္စြက္ခြင့္ျပဳေငြကို အျခားေခါင္းစဥ္ ေျပာင္းသုံးစြဲခြင့္ မရွိသလို ျပန္လည္အပ္ႏွံပါကလည္း ႀကီးေလးသည့္ ခြၽတ္ယြင္း ခ်က္ျဖစ္ေၾကာင္း ဘ႑ာေရးစည္းမ်ဥ္းတြင္ ဆိုထားေၾကာင္း ႏိုင္ငံေတာ္သမၼတက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service