သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စားသောက်ကုန်ထောက်ပံ့မှုနှင့် လျှပ်စစ်မီးသုံးစွဲမှုအတွက်(အခမဲ့)ပေးမည် - Property News in Myanmar from iMyanmarHouse.com
1862 Views

သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စားသောက်ကုန်ထောက်ပံ့မှုနှင့် လျှပ်စစ်မီးသုံးစွဲမှုအတွက်(အခမဲ့)ပေးမည်

### Unicode Version ###

သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စားသောက်ကုန်ထောက်ပံ့မှုနှင့်လျှပ်စစ် မီးသုံးစွဲမှုအတွက်(အခမဲ့) ပေးမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကထုတ်ပြန် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သိရသည်။

COVID-19 ကာကွယ်၊ထိန်းချုပ်ရေး နှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ဆီ(၅၀)ကျပ်သား၊ပဲ(၁)ပိဿာ၊ကြက်သွန်(၁)ပိဿာ စသည့် စုစုပေါင်းထောက်ပံ့ကူညီမှု(၅)မျိုးကို ယခုဧပြီ ၁၀ ရက်မှစတင်၍ အခမဲ့ထောက်ပံ့ကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးသုံးစွဲမှုတွင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ(သံရုံး၊ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်းများမပါ)အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀) ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စားသောက်ကုန်ထောက်ပံ့မှုဆောင်ရွက်ရာတွင် မလိုလားအပ်သော လေလွင့်မှုများ၊ကြန့်ကြာမှုများ၊အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေး အတွက် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ထုပ်ပိုးခြင်း၊ပို့ဆောင်ခြင်း၊ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ ရပ်မိရပ်ဖများ၊လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ လူငယ်များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

သၾကၤန္ကာလအတြင္း ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ ႏိုင္ငံေတာ္အစိုးရက စားေသာက္ကုန္ေထာက္ပံ့မႈႏွင့္ လွ်ပ္စစ္မီးသုံးစြဲမႈအတြက္(အခမဲ့)ေပးမည္

သၾကၤန္ကာလအတြင္း ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ ႏိုင္ငံေတာ္အစိုးရက စားေသာက္ကုန္ေထာက္ပံ့မႈႏွင့္လွ်ပ္စစ္ မီးသုံးစြဲမႈအတြက္(အခမဲ့) ေပးမည္ျဖစ္ေၾကာင္း COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီကထုတ္ျပန္ ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ သိရသည္။

COVID-19 ကာကြယ္၊ထိန္းခ်ဳပ္ေရး ႏွင့္ စပ္လ်ဥ္း၍ အေရးႀကီးကာလျဖစ္သည့္ မဟာသၾကၤန္႐ုံးပိတ္ရက္ရွည္ကာလအတြင္း ပုံမွန္ဝင္ေငြ မရွိေသာ အေျခခံလူတန္းစားမ်ားအတြက္ အိမ္ေထာင္စုတစ္စုလွ်င္ ဆန္(၈)ျပည္၊ဆီ(၅၀)က်ပ္သား၊ပဲ(၁)ပိႆာ၊ၾကက္သြန္(၁)ပိႆာ စသည့္ စုစုေပါင္းေထာက္ပံ့ကူညီမႈ(၅)မ်ိဳးကို ယခုဧၿပီ ၁၀ ရက္မွစတင္၍ အခမဲ့ေထာက္ပံ့ကူညီမႈမ်ား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီးသုံးစြဲမႈတြင္ ျပည္သူမ်ား၊ ဘာသာေရးအဖြဲ႕အစည္းမ်ားႏွင့္ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းမ်ား(သံ႐ုံး၊ကုလသမဂၢႏွင့္ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမပါ)အတြက္ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ (၁၅၀) ယူနစ္အထိ ေငြေၾကးေကာက္ခံမႈ ကင္းလြတ္ခြင့္ (အခမဲ့) ဧၿပီလကုန္အထိ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

စားေသာက္ကုန္ေထာက္ပံ့မႈေဆာင္႐ြက္ရာတြင္ မလိုလားအပ္ေသာ ေလလြင့္မႈမ်ား၊ၾကန႔္ၾကာမႈမ်ား၊အဂတိလိုက္စားမႈ မျဖစ္ေပၚေစေရး အတြက္ တိုင္းေဒသႀကီး၊ျပည္နယ္အစိုးရ၏ ႀကီးၾကပ္မႈျဖင့္ စာရင္းေကာက္ယူျခင္း၊ထုပ္ပိုးျခင္း၊ပို႔ေဆာင္ျခင္း၊ျဖန႔္ျဖဴးျခင္း စသည္တို႔ကို ဌာန ဆိုင္ရာအဖြဲ႕အစည္းမ်ား၊ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(UMFCCI)၊ ရပ္မိရပ္ဖမ်ား၊လူမႈေရးအသင္းအဖြဲ႕မ်ား၊ ပရဟိတ လူငယ္မ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service