ပညာရေးပြုပြင်ပြောင်းလဲရန် ဥရောပသမဂ္ဂက မြန်မာကို ယူရို ၃၂ သန်းပေး - Property News in Myanmar from iMyanmarHouse.com
638 Views

ပညာရေးပြုပြင်ပြောင်းလဲရန် ဥရောပသမဂ္ဂက မြန်မာကို ယူရို ၃၂ သန်းပေး

### Unicode Version ###

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က ယူရို ၃၂ သန်း(မြန်မာကျပ် ၅၁ ဘီလီယံ)ကို မတ်လနောက်ဆုံးပတ်က ပေးအပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် အီးယူက သတင်းထုတ်ပြန်သည်။

ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးအတွက် အီးယူက မြန်မာနိုင်ငံကို ယူရို ၂၁၂ သန်း ထောက်ပံ့ရန် သဘောတူညီထား ပြီး ဒုတိယအရစ်အနေဖြင့် ယူရို ၃၂ သန်း ပေးအပ်ခြင်းဖြစ်သည်။

နည်းပညာ၊ သက်မွေးပညာ နှင့်လေ့ကျင့်ရေး၊ တိုင်းရင်းသား ဘာသာစကား၊ စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ ပညာ ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများတွင် အီးယူနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီးယူက ပံ့ပိုးမည့် ယူရို ၂၂၁ သန်းအနက် သုံးပုံနှစ်ပုံခန့်ကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကဏ္ဍအတွက်သုံးစွဲမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကဆိုသည်။

ဥရောပသမဂ္ဂ၏ ထောက်ပံ့ ငွေကို ၂၀၁၈ မှ ၂၀၂၂ အတွင်း သုံးစွဲမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီ၏ ဒေသအလိုက် ကျွမ်းကျင်လုပ်သားဈေးကွက် (Skill Labour Market) လိုအပ်ချက်ပေါ်မူတည်ကာ ထို ထောက်ပံ့ငွေဖြင့် သက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည်။

‘‘လုပ်ငန်းခွင်မှာ အသိပညာရှင်၊ အတတ်ပညာရှင် ၃၀ ရာခိုင် နှုန်းခန့်နဲ့ ကျွမ်းကျင်လုပ်သား ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းခန့်လို အပ်တဲ့အတွက် ကျွမ်းကျင်လုပ်သားတွေကို ပြုစုပျိုးထောင်ပေးရေးဟာ အလွန်ပဲအရေးကြီးပါ တယ်။ ဒါကြောင့် အီးယူကပံ့ပိုး ပေးထားတဲ့ ဘဏ္ဍာငွေသုံးပုံနှစ်ပုံခန့်ကိုနည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးကဏ္ဍအတွက်သုံးစွဲမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

သက်မွေးပညာကဏ္ဍတိုးချဲ့ရာတွင် တိုင်းနှင့် ပြည်နယ်တစ်ခုချင်းစီ၏ ကျွမ်းကျင်လုပ်သားဈေးကွက်သည် တစ်နေရာနှင့် တစ်နေရာမတူညီ၍ ဒေသလိုအပ်ချက်ကို ဦးတည်ဖြည့်ဆည်းနိုင်မည့် သင်တန်းများသာဖွင့်ရန် အရေး ကြီးသည်ဟု ပညာရေးဝန်ကြီးက ပြောသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ပညာေရးျပဳျပင္ေျပာင္းလဲရန္ ဥ​ေရာပသမဂၢက ျမန္မာကို ​ယူ႐ို ၃၂ သန္း​ေပး

ျမန္မာႏိုင္ငံ၏ ပညာေရးက႑ ျပဳျပင္ေျပာင္းလဲေရးအတြက္ ဥေရာပသမဂၢ (အီးယူ) က ယူ႐ို ၃၂ သန္း(ျမန္မာက်ပ္ ၅၁ ဘီလီယံ)ကို မတ္လေနာက္ဆုံးပတ္က ေပးအပ္ခဲ့ေၾကာင္း ပညာေရးဝန္ႀကီးဌာနႏွင့္ အီးယူက သတင္းထုတ္ျပန္သည္။

ပညာေရးက႑ ျပဳျပင္ ေျပာင္းလဲေရးအတြက္ အီးယူက ျမန္မာႏိုင္ငံကို ယူ႐ို ၂၁၂ သန္း ေထာက္ပံ့ရန္ သေဘာတူညီထားၿပီး ဒုတိယအရစ္အေနျဖင့္ ယူ႐ို ၃၂ သန္း ေပးအပ္ျခင္းျဖစ္သည္။

နည္းပညာ၊ သက္ေမြးပညာ ႏွင့္ေလ့က်င့္ေရး၊ တိုင္းရင္းသားဘာသာစကား၊ စာေပဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျမန္မာႏိုင္ငံ၏ ပညာေရးက႑ျပဳျပင္ေျပာင္းလဲမႈမ်ားတြင္ အီးယူႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အီးယူက ပံ့ပိုးမည့္ ယူ႐ို ၂၂၁ သန္းအနက္ သုံးပုံႏွစ္ပုံခန႔္ကို နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရး က႑အတြက္သုံးစြဲမည္ဟု ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကဆိုသည္။

ဥေရာပသမဂၢ၏ ေထာက္ပံ့ ေငြကို ၂၀၁၈ မွ ၂၀၂၂ အတြင္း သုံးစြဲမည္ျဖစ္ၿပီး တိုင္းေဒသႀကီး၊ ျပည္နယ္တစ္ခုခ်င္းစီ၏ ေဒသအလိုက္ ကြၽမ္းက်င္လုပ္သားေဈးကြက္ (Skill Labour Market) လိုအပ္ခ်က္ေပၚမူတည္ကာ ထို ေထာက္ပံ့ေငြျဖင့္ သက္ေမြးသင္တန္းေက်ာင္းမ်ား ဖြင့္လွစ္မည္ ျဖစ္သည္။

‘‘လုပ္ငန္းခြင္မွာ အသိပညာရွင္၊ အတတ္ပညာရွင္ ၃၀ ရာခိုင္ ႏႈန္းခန႔္နဲ႔ ကြၽမ္းက်င္လုပ္သား ၇၀ ရာခိုင္ႏႈန္း၊ ၈၀ ရာခိုင္ႏႈန္းခန႔္လိုအပ္တဲ့အတြက္ ကြၽမ္းက်င္လုပ္သားေတြကို ျပဳစုပ်ိဳးေထာင္ေပးေရးဟာ အလြန္ပဲအေရးႀကီးပါတယ္။ ဒါေၾကာင့္ အီးယူကပံ့ပိုးေပးထားတဲ့ ဘ႑ာေငြသုံးပုံႏွစ္ပုံခန႔္ကိုနည္းပညာ၊ သက္ေမြးပညာနဲ႔ ေလ့က်င့္ေရးက႑အတြက္သုံးစြဲမွာျဖစ္ပါတယ္’’ ဟု ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာသည္။

သက္ေမြးပညာက႑တိုးခ်ဲ႕ရာတြင္ တိုင္းႏွင့္ ျပည္နယ္တစ္ခုခ်င္းစီ၏ ကြၽမ္းက်င္လုပ္သားေဈးကြက္သည္ တစ္ေနရာႏွင့္ တစ္ေနရာမတူညီ၍ ေဒသလိုအပ္ခ်က္ကို ဦးတည္ျဖည့္ဆည္းႏိုင္မည့္ သင္တန္းမ်ားသာဖြင့္ရန္ အေရးႀကီးသည္ဟု ပညာေရးဝန္ႀကီးက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service