COVID-19 ကြောင့် ၂၀၂၀ မြန်မာ့စီးပွားရေးတိုးတက်နှုန်း ၄ ဒသမ ၂သာရှိမည်ဟု ADB ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
598 Views

COVID-19 ကြောင့် ၂၀၂၀ မြန်မာ့စီးပွားရေးတိုးတက်နှုန်း ၄ ဒသမ ၂သာရှိမည်ဟု ADB ခန့်မှန်း

### Unicode Version ###

COVID-19 ကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုသည် ၄ ဒသမ ၂ ရာခိုင်နှုန်းသာရှိမည်ဖြစ်ပြီး အာဆီယံနိုင်ငံများအနက် ဒုတိယ စီးပွားရေးအတိုးတက်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေဦးမည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ဧပြီ ၃ ရက်တွင် ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်းသည် ၂၀၁၉ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့အပြင် ၂၀၂၀ တွင်လည်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ၂၀၁၉ စက်တင်ဘာတွင် ခန့်မှန်းထားသည်။

သို့သော် ကပ်ရောဂါ COVID-19 ကြောင့် မူလခန့်မှန်းချက်ထက် ၂ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျပြီး ၄ ဒသမ ၂ သာရှိမည် ဟု ပြောင်းလဲခန့်မှန်းခဲ့သည်။

ထို့နောက် ၂၀၂၁ တွင် ၆ ဒသမ ၈ သို့ ပြန်လည်မြင့်တက်လာမည်ဟု ADB က ခန့်မှန်းထားသည်။

အာဆီယံ ဒေသတစ်ခုလုံး တွင် ၂၀၂၀ အတွက် စီးပွား ရေးတိုးတက်နှုန်းသည် ၁ ရာခိုင် နှုန်းသာရှိမည်ဖြစ်ပြီး ၂၀၁၉တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည် ဟုဆိုသည်။ ၂၀၂၁တွင် ၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ပြန်လည်မြင့် တက်မည်ဟုဆိုသည်။

‘‘စီးပွားရေးတိုးတက်မှု ကျ ဆင်းလာပြီး တစ်ခါပြန် နာလန်ထူ နိုင်ဖို့ရာလည်း အခုခန့်မှန်းနေကြ တာထက် ပိုနှေးကွေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ COVID-19 ရောဂါကပ်ဘေးကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေးအပေါ် သက်ရောက်မှု တွေ နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်တဲ့နေရာမှာ ခိုင်မာပြီး ပူးပေါင်းမှုအားကောင်းတဲ့အား စိုက်ထုတ်မှုတွေ လိုအပ်နေပါပြီ’’ ဟု ADB ၏ စီးပွားရေးပညာရှင်ချုပ် Yasuyuki Sawada က ပြောကြားသည်။

၂၀၂၀ တွင် အာဆီယံနိုင်ငံ များ COVID-19 ကြောင့် စီးပွားရေးတိုးတက်နှုန်း (GDP) သည် အနိမ့်ဆုံး သုည ဒသမ ၂ ရာခိုင် နှုန်း၊ အမြင့်ဆုံး ၄ ဒသမ ၈ ရာ ခိုင်နှုန်းအထိရှိမည်ဟု ADB က ခန့်မှန်းထားသည်။ အမြင့်ဆုံးတိုးတက်နှုန်းမှာ ဗီယက်နမ်နိုင်ငံဖြစ် ပြီး ဒုတိယအမြင့်ဆုံးမှာ မြန်မာနိုင်ငံဖြစ်သည်။

တိုးတက်မှု အနည်းဆုံးမှာ စင်ကာပူနိုင်ငံဖြစ်ပြီး ဒုတိယ အနည်းဆုံးမှာ မလေးရှားနိုင်ငံ တို့ဖြစ်သည်။ ၎င်းတို့သည် စီး ပွားရေးတိုးတက်နှုန်း သုည ဒသမ ၂ ရာခိုင်နှုန်းနှင့် သုည ဒသမ ၅ ရာခိုင်နှုန်းတို့ ဖြစ်သည်ဟုဆို သည်။

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမူသည် ၂၀၁၉ တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၂၀၂၀နှင့် ၂၀၂၁ တွင် ၇ ဒသမ ၅ ရာခိုင် နှုန်းရှိမည်ဟု ADB က ဆိုသည်။ ထိုနှုန်းသည် အာဆီယံနိုင်ငံများအကြားသိသာစွာ မြင့်မားသည့် ပမာဏဖြစ်သည်ဟု ADB က ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ မှ ၂၀၁၉ အထိ မြင့်တက်ခဲ့သည့် စီးပွားရေးကဏ္ဍ နှစ်ခုရှိပြီး ၎င်းတို့မှာ စိုက်ပျိုးရေးထွက်ကုန်တင် ပို့ခြင်းနှင့် အထည်ချုပ်ကဏ္ဍတို့ ဖြစ်သည်။

စိုက်ပျိုးရေး ပို့ကုန်သည် ၂၀၁၈ တွင် သုည ဒသမ ၁ ရာခိုင် နှုန်းမှ ၂၀၁၉ တွင် ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ၂၀၂၀ တွင် ၁ ဒသမ ၃ အထိ ပြန်လည်ကျဆင်းမည်ဟု ADB က ခန့်မှန်းထားသည်။ ဗိုင်းရပ်စ် ရိုက်ခတ်မှုကို လျင်လျင်မြန်မြန် ဖြေရှင်းပါက စီးပွားရေးထိခိုက်မှုနည်းမည်ဖြစ်ပြီး ကြာရှည်ပါက ထိခိုက်မှု ပိုမိုများလာမည်ဟု ADB က ထောက်ပြထားသည်။

အစိုးရအနေဖြင့် ကျေးလက်ဒေသတွင် စီးပွားရေးကောင်းမွန်လာရန် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် သဘာဝဘေးဒဏ် ထိခိုက်မှုကိုခံနိုင်ရည်ရှိအောင် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။

အစိုးရ၏ အသုံးစရိတ်မလုံ လောက်သောကြောင့် အများပြည်သူအတွက် လိုအပ်သည့် အသုံးစရိတ်အတွက် ငွေကြေး အရင်းအမြစ်များကို အလျင်အမြန် ရှာဖွေသင့်သည်ဟုဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

COVID-19​ ေၾကာင့္ ၂၀၂၀ ျမန္မာ့စီးပြား​ေရးတိုးတက္ႏႈန္း ၄ ဒသမ ၂သာရွိမည္ဟု ADB ခန္႔မွန္း

COVID-19 ေၾကာင့္ ျမန္မာ့စီးပြားေရးတိုးတက္မႈသည္ ၄ ဒသမ ၂ ရာခိုင္ႏႈန္းသာရွိမည္ျဖစ္ၿပီး အာဆီယံႏိုင္ငံမ်ားအနက္ ဒုတိယ စီးပြားေရးအတိုးတက္ဆုံးႏိုင္ငံအျဖစ္ ဆက္လက္ရွိေနဦးမည္ဟု အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ (ADB) က ဧၿပီ ၃ ရက္တြင္ ထုတ္ျပန္ေသာအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၏ စီးပြားေရး တိုးတက္ႏႈန္းသည္ ၂၀၁၉ တြင္ ၆ ဒသမ ၈ ရာခိုင္ႏႈန္းရွိခဲ့သည္။ ထို႔အျပင္ ၂၀၂၀ တြင္လည္း ၆ ဒသမ ၈ ရာခိုင္ႏႈန္းရွိမည္ဟု ၂၀၁၉ စက္တင္ဘာတြင္ ခန႔္မွန္းထားသည္။

သို႔ေသာ္ ကပ္ေရာဂါ COVID-19 ေၾကာင့္ မူလခန႔္မွန္းခ်က္ထက္ ၂ ဒသမ ၆ ရာခိုင္ႏႈန္းေလ်ာ့က်ၿပီး ၄ ဒသမ ၂ သာရွိမည္ဟု ေျပာင္းလဲခန႔္မွန္းခဲ့သည္။

ထို႔ေနာက္ ၂၀၂၁ တြင္ ၆ ဒသမ ၈ သို႔ ျပန္လည္ျမင့္တက္လာမည္ဟု ADB က ခန႔္မွန္းထားသည္။

အာဆီယံ ေဒသတစ္ခုလုံး တြင္ ၂၀၂၀ အတြက္ စီးပြားေရးတိုးတက္ႏႈန္းသည္ ၁ ရာခိုင္ ႏႈန္းသာရွိမည္ျဖစ္ၿပီး ၂၀၁၉တြင္ ၄ ဒသမ ၄ ရာခိုင္ႏႈန္းျဖစ္သည္ ဟုဆိုသည္။ ၂၀၂၁တြင္ ၄ ဒသမ ၇ ရာခိုင္ႏႈန္းအထိ ျပန္လည္ျမင့္တက္မည္ဟု ဆိုသည္။

‘‘စီးပြားေရးတိုးတက္မႈ က်ဆင္းလာၿပီး တစ္ခါျပန္နာလန္ထူႏိုင္ဖို႔ရာလည္း အခုခန႔္မွန္းေနၾက တာထက္ ပိုေႏွးေကြးႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ COVID-19 ေရာဂါကပ္ေဘးကို ထိန္းခ်ဳပ္ဖို႔နဲ႔ စီးပြားေရးအေပၚ သက္ေရာက္မႈ ေတြနည္းႏိုင္သမွ်နည္းေအာင္လုပ္ေဆာင္တဲ့ေနရာမွာ ခိုင္မာၿပီး ပူးေပါင္းမႈအားေကာင္းတဲ့အား စိုက္ထုတ္မႈေတြ လိုအပ္ေနပါၿပီ’’ ဟု ADB ၏ စီးပြားေရးပညာရွင္ခ်ဳပ္ Yasuyuki Sawada က ေျပာၾကားသည္။

၂၀၂၀ တြင္ အာဆီယံႏိုင္ငံမ်ား COVID-19 ေၾကာင့္ စီးပြားေရးတိုးတက္ႏႈန္း (GDP) သည္ အနိမ့္ဆုံး သုည ဒသမ ၂ ရာခိုင္ႏႈန္း၊ အျမင့္ဆုံး ၄ ဒသမ ၈ ရာ ခိုင္ႏႈန္းအထိရွိမည္ဟု ADB က ခန႔္မွန္းထားသည္။ အျမင့္ဆုံးတိုးတက္ႏႈန္းမွာ ဗီယက္နမ္ႏိုင္ငံျဖစ္ၿပီး ဒုတိယအျမင့္ဆုံးမွာ ျမန္မာႏိုင္ငံျဖစ္သည္။

တိုးတက္မႈ အနည္းဆုံးမွာ စင္ကာပူႏိုင္ငံျဖစ္ၿပီး ဒုတိယအနည္းဆုံးမွာ မေလးရွားႏိုင္ငံ တို႔ျဖစ္သည္။ ၎တို႔သည္ စီး ပြားေရးတိုးတက္ႏႈန္း သုည ဒသမ ၂ ရာခိုင္ႏႈန္းႏွင့္ သုည ဒသမ ၅ ရာခိုင္ႏႈန္းတို႔ ျဖစ္သည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၏ ေငြေၾကး ေဖာင္းပြမူသည္ ၂၀၁၉ တြင္ ၈ ဒသမ ၆ ရာခိုင္ႏႈန္းရွိၿပီး ၂၀၂၀ႏွင့္ ၂၀၂၁ တြင္ ၇ ဒသမ ၅ ရာခိုင္ႏႈန္းရွိမည္ဟု ADB က ဆိုသည္။ ထိုႏႈန္းသည္ အာဆီယံႏိုင္ငံမ်ားအၾကားသိသာစြာ ျမင့္မားသည့္ပမာဏျဖစ္သည္ဟု ADB က ဆိုသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၁၈ မွ ၂၀၁၉ အထိ ျမင့္တက္ခဲ့သည့္ စီးပြားေရးက႑ ႏွစ္ခုရွိၿပီး ၎တို႔မွာ စိုက္ပ်ိဳးေရးထြက္ကုန္တင္ ပို႔ျခင္းႏွင့္ အထည္ခ်ဳပ္က႑တို႔ ျဖစ္သည္။

စိုက္ပ်ိဳးေရး ပို႔ကုန္သည္ ၂၀၁၈ တြင္ သုည ဒသမ ၁ ရာခိုင္ ႏႈန္းမွ ၂၀၁၉ တြင္ ၁ ဒသမ ၆ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့သည္။ ၂၀၂၀ တြင္ ၁ ဒသမ ၃ အထိ ျပန္လည္က်ဆင္းမည္ဟု ADB က ခန႔္မွန္းထားသည္။ ဗိုင္းရပ္စ္ ႐ိုက္ခတ္မႈကို လ်င္လ်င္ျမန္ျမန္ ေျဖရွင္းပါက စီးပြားေရးထိခိုက္မႈနည္းမည္ျဖစ္ၿပီး ၾကာရွည္ပါက ထိခိုက္မႈပိုမိုမ်ားလာမည္ဟု ADB က ေထာက္ျပထားသည္။

အစိုးရအေနျဖင့္ ေက်းလက္ေဒသတြင္ စီးပြားေရးေကာင္းမြန္လာရန္ အလုပ္အကိုင္ဖန္တီးေပးျခင္းႏွင့္ သဘာဝေဘးဒဏ္ ထိခိုက္မႈကိုခံႏိုင္ရည္ရွိေအာင္ ေဆာင္႐ြက္ေပးရန္လည္း တိုက္တြန္းထားသည္။

အစိုးရ၏ အသုံးစရိတ္မလုံေလာက္ေသာေၾကာင့္ အမ်ားျပည္သူအတြက္ လိုအပ္သည့္ အသုံးစရိတ္အတြက္ ေငြေၾကးအရင္းအျမစ္မ်ားကို အလ်င္အျမန္ ရွာေဖြသင့္သည္ဟုဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service