ကိုရိုနာဗိုင်းရပ်စ်သည် စကားပြောရာမှပင်လျှင် ကူးစက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အိမ်ဖြူတော်သို့ တင်ပြ - Property News in Myanmar from iMyanmarHouse.com
8404 Views

ကိုရိုနာဗိုင်းရပ်စ်သည် စကားပြောရာမှပင်လျှင် ကူးစက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက အိမ်ဖြူတော်သို့ တင်ပြ

### Unicode Version ###

(CNN သတင်းဌာန၏ ကျန်းမာရေးဆိုင်ရာ အကြီးတန်းသတင်းထောက် Elizabeth Cohen ရေးသားသည့် Experts tell White House coronavirus can spread through talking or even just breathing ဆောင်းပါးကို ဘာသာပြန်သည်။)

သုတေသန တွေ့ရှိချက်များအရ ကိုရိုနာဗိုင်းရပ်စ်သည် နှာချေခြင်း (သို့မဟုတ်) ချောင်းဆိုးခြင်းများမှသာလျှင် ကူးစက်နိုင်ရုံမကဘဲ စကားပြောခြင်း (သို့မဟုတ်) အသက်ရှုခြင်းတို့မှပင်လျှင် ကူးစက်နိုင်ကြောင်း သြဇာတိက္ကမကြီးမားသည့် သိပ္ပံအဖွဲ့တစ်ခုက အိမ်ဖြူတော်သို့ တင်ပြခဲ့သည်။

“လက်ရှိ (ကိုရိုနာဗိုင်းရပ်စ်) သုတေသနဟာ အကန့်အသတ်ရှိသေးတယ်ဆိုပေမယ့် ရရှိထားတဲ့ လေ့လာချက်ရလဒ်တွေအရတော့ သာမာန် အသက်ရှုရာမှတဆင့် ဗိုင်းရပ်စ်ဟာ လေထုအမှုန်ဆောင်မှုအကြောင်း ဖြစ်ပါတယ်” ဟု အမျိုးသားသိပ္ပံအကယ်ဒမီ (National Academy of Sciences - NAS) ၏ ကော်မတီတစ်ခုမှ ဥက္ကဌဖြစ်သူ ဒေါက်တာ Harvey Fineberg က အိမ်ဖြူတော်သို့ တင်ပြသည့်စာတွင် ဖော်ပြသည်။

Fineberg က CNN သို့ ပြောကြားရာတွင် ၎င်းအနေဖြင့် ကုန်စုံဆိုင်သို့သွားလျှင်ပင် mask စတင်ဝတ်ဆင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်က ခွဲစိတ်ခန်းသုံး mask ကိုတော့ မတပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဒါတွေက လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အနောက်တိုင်းပုံစံ လည်စည်းပုဝါတစ်ခုရှိတယ်။ အဲဒါကို တပ်သွားဖို့ ရှိပါတယ်။ ဒါမှမဟုတ် မျက်လုံးတစ်နေရာပဲ ဖော်ထားတဲ့ ခေါင်းစွပ်တစ်ခုလည်း ကျွန်တော့်မှာ ရှိပါတယ်။ ရွေးချယ်စရာ နည်းလမ်းကောင်းအချို့ ကျွန်တော့်မှာ ရှိပါတယ်” ဟု Fineberg က ပြောကြားသည်။

အိမ်ဖြူတော်မှ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအဖွဲ့၏ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ Anthony Fauci က CNN သတင်းဌာနသို့ ပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရေးအတွက် mask များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးကိစ္စသည် မိမိတို့အဖွဲ့အတွင်း အရေးတကြီးဆွေးနွေးလျက်ရှိသည့် အကြောင်းရပ်ဖြစ်ကြောင်း ပြောကြားသည်။

NAS ၏ “ပေါ်ပေါက်လာနေသော ကူးစက်ရောဂါများနှင့် ၂၁ ရာစု ကျန်းမာရေး ခြိမ်းခြောက်မှုများ” (Emerging infectious Diseases and 21st Century Health Threats ) အမြဲတမ်းကော်မတီ၏ ဥက္ကဌလည်းဖြစ်သူ Fineberg က ပြောကြားရာတွင် အိမ်ဖြူတော်ရှိ သိပ္ပံနှင့် နည်းပညာမူဝါဒရုံး (Office of Science and Technology Policy) မှ Kelvin Droegemeier က မေးမြန်းစုံစမ်းလာချက်အပေါ် ပြန်လည်ဖြေကြားသည့်အနေဖြင့် အဆိုပါပေးစာကို အိမ်ဖြူတော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ကိုရိုနာဗိုင်းရပ်စ်ဟာ နှာချေခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကနေ ထွက်လာတဲ့ အမှုန်တွေကတဆင့် ကူးစက်တာမျိုးအပြင် စကားပြောရာက တဆင့် ကူးစက်နိုင်ပါသလားလို့ မေးမြန်းလာတဲ့အပေါ် ဒီပေးစာနဲ့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။လက်ရှိ ရရှိထားတဲ့ သုတေသနပြုချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ လူနာတွေရဲ့ အသက်ရှုထုတ်လိုက်တာက ထွက်လာတဲ့ ဇီဝလေထုအမှုန်တွေက တဆင့် ကူးစက်နိုင်ကြောင်း အထောက်အထားရှိပါတယ် ” ဟု Fineberg က ပြောကြားသည်။

အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (US Center for Disease Control and Prevention) မှ ထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်ခံရသူ၏ ချောင်းဆိုးခြင်း (သို့မဟုတ်) နှာချေခြင်းတို့မှ ထွက်လာသော အသက်ရှုလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများမှတဆင့် ၆ ပေအတွင်းရှိနေသော အခြားသူများကို ကူးစက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Fineberg က CNN သို့ ပြောကြားရာတွင် အဆိုပါထုတ်ပြန်ချက်မှာ မှန်ကြောင်း၊ သို့သော် ယခုတွေ့ရှိချက်များအရ စကားပြောခြင်း (သို့မဟုတ်) အသက်ရှုရာမှ ထွက်လာသော လေထုအမှုန်အမွှားများမှတဆင့်ပင်လျှင် ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နိုင်ကြောင်း ပြောကြားသည်။

နီဘရာစကာ တက္ကသိုလ် (University of Nebraska ) မှ ပြုလုပ်ခဲ့သော သုတေသနအရ ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာတို့ နေထိုင်သည့်အခန်းများတွင် လူနာမှ ၆ ပေထက် ပိုမိုဝေးကွာသည့်နေရာများ၌ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇပစ္စည်းများ တွေ့ရကြောင်း NAS က အိမ်ဖြူတော်သို့ ပေးပို့သည့်စာတွင် ဖော်ပြသည်။

Fineberg က ပြောကြားရာတွ် ကိုရိုနာဗိုင်းရပ်စ်ပါဝင်သော လေထုအမှုန်များသည် လေထဲတွင် ရှိနေပြီး ထိုနေရာကို အခြားတစ်ဦး ဖြတ်လျှောက်သွားရာမှတဆင့် ကူးစက်နိုင်ကြောင်းလည်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လေထဲတွင် မည်မျှရှိနေနိုင်မည်ဟူသည်မှာ အချက်များစွာအပေါ်တွင် မူတည်နေကြောင်း၊ ကူးစက်ခံထားရသူသည် အသက်ရှုခြင်း၊ စကားပြောခြင်းတို့မှတဆင့် ဗိုင်းရပ်စ်မည်မျှ ထွက်ရှိထားသည်ဆိုသည့်အချက်နှင့် အခန်းလေဝင်လေထွက် အခြေအနေတို့အပေါ် မူတည်နေသည်ဟု Fineberg က ပြောကြားသည်။

“လေဝင်လေထွက်မကောင်းတဲ့ အခန်းတစ်ခုထဲမှာ ဗိုင်းရပ်စ်ကို ထုတ်လွှတ်လိုက်မယ်ဆိုရင် အဲဒီနေရာကို နောက်ထပ်ဖြတ်လျှောက်တဲ့အခါ ဗိုင်းရပ်စ်ကို အသက်ရှုသွင်းလိုက်မိနိုင်ပါတယ်။ ဒါပေမယ့် အဆောက်အအုံပြင်ပနေရာမှာဆိုရင်တော့ ဗိုင်းရပ်စ်ဟာ လေတိုက်ခတ်မှုကြောင့် ပျံ့လွင့်သွားမှာ ဖြစ်ပါတယ်” ဟု Fineberg က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: CNN

 

### Zawgyi Version ###

ကို႐ိုနာဗိုင္းရပ္စ္သည္ စကားေျပာရာမွပင္လွ်င္ ကူးစက္ႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက အိမ္ျဖဴေတာ္သို႔ တင္ျပ

(CNN သတင္းဌာန၏ က်န္းမာေရးဆိုင္ရာ အႀကီးတန္းသတင္းေထာက္ Elizabeth Cohen ေရးသားသည့္ Experts tell White House coronavirus can spread through talking or even just breathing ေဆာင္းပါးကို ဘာသာျပန္သည္။)

သုေတသန ေတြ႕ရွိခ်က္မ်ားအရ ကို႐ိုနာဗိုင္းရပ္စ္သည္ ႏွာေခ်ျခင္း (သို႔မဟုတ္) ေခ်ာင္းဆိုးျခင္းမ်ားမွသာလွ်င္ ကူးစက္ႏိုင္႐ုံမကဘဲ စကားေျပာျခင္း (သို႔မဟုတ္) အသက္ရႈျခင္းတို႔မွပင္လွ်င္ ကူးစက္ႏိုင္ေၾကာင္း ၾသဇာတိကၠမႀကီးမားသည့္ သိပၸံအဖြဲ႕တစ္ခုက အိမ္ျဖဴေတာ္သို႔ တင္ျပခဲ့သည္။

“လက္ရွိ (ကို႐ိုနာဗိုင္းရပ္စ္) သုေတသနဟာ အကန႔္အသတ္ရွိေသးတယ္ဆိုေပမယ့္ ရရွိထားတဲ့ ေလ့လာခ်က္ရလဒ္ေတြအရေတာ့ သာမာန္ အသက္ရႈရာမွတဆင့္ ဗိုင္းရပ္စ္ဟာ ေလထုအမႈန္ေဆာင္မႈအေၾကာင္း ျဖစ္ပါတယ္” ဟု အမ်ိဳးသားသိပၸံအကယ္ဒမီ (National Academy of Sciences - NAS) ၏ ေကာ္မတီတစ္ခုမွ ဥကၠဌျဖစ္သူ ေဒါက္တာ Harvey Fineberg က အိမ္ျဖဴေတာ္သို႔ တင္ျပသည့္စာတြင္ ေဖာ္ျပသည္။

Fineberg က CNN သို႔ ေျပာၾကားရာတြင္ ၎အေနျဖင့္ ကုန္စုံဆိုင္သို႔သြားလွ်င္ပင္ mask စတင္ဝတ္ဆင္ေတာ့မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

“ကြၽန္ေတာ္က ခြဲစိတ္ခန္းသုံး mask ကိုေတာ့ မတပ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ဒါေတြက လိုအပ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ အေနာက္တိုင္းပုံစံ လည္စည္းပုဝါတစ္ခုရွိတယ္။ အဲဒါကို တပ္သြားဖို႔ ရွိပါတယ္။ ဒါမွမဟုတ္ မ်က္လုံးတစ္ေနရာပဲ ေဖာ္ထားတဲ့ ေခါင္းစြပ္တစ္ခုလည္း ကြၽန္ေတာ့္မွာ ရွိပါတယ္။ ေ႐ြးခ်ယ္စရာ နည္းလမ္းေကာင္းအခ်ိဳ႕ ကြၽန္ေတာ့္မွာ ရွိပါတယ္” ဟု Fineberg က ေျပာၾကားသည္။

အိမ္ျဖဴေတာ္မွ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးအဖြဲ႕၏ အဓိက အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဒါက္တာ Anthony Fauci က CNN သတင္းဌာနသို႔ ေျပာၾကားရာတြင္ အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကာကြယ္ေရးအတြက္ mask မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳေရးကိစၥသည္ မိမိတို႔အဖြဲ႕အတြင္း အေရးတႀကီးေဆြးေႏြးလ်က္ရွိသည့္ အေၾကာင္းရပ္ျဖစ္ေၾကာင္း ေျပာၾကားသည္။

NAS ၏ “ေပၚေပါက္လာေနေသာ ကူးစက္ေရာဂါမ်ားႏွင့္ ၂၁ ရာစု က်န္းမာေရး ၿခိမ္းေျခာက္မႈမ်ား” (Emerging infectious Diseases and 21st Century Health Threats ) အၿမဲတမ္းေကာ္မတီ၏ ဥကၠဌလည္းျဖစ္သူ Fineberg က ေျပာၾကားရာတြင္ အိမ္ျဖဴေတာ္ရွိ သိပၸံႏွင့္ နည္းပညာမူဝါဒ႐ုံး (Office of Science and Technology Policy) မွ Kelvin Droegemeier က ေမးျမန္းစုံစမ္းလာခ်က္အေပၚ ျပန္လည္ေျဖၾကားသည့္အေနျဖင့္ အဆိုပါေပးစာကို အိမ္ျဖဴေတာ္သို႔ ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ကို႐ိုနာဗိုင္းရပ္စ္ဟာ ႏွာေခ်ျခင္းနဲ႔ ေခ်ာင္းဆိုးျခင္းတို႔ကေန ထြက္လာတဲ့ အမႈန္ေတြကတဆင့္ ကူးစက္တာမ်ိဳးအျပင္ စကားေျပာရာက တဆင့္ ကူးစက္ႏိုင္ပါသလားလို႔ ေမးျမန္းလာတဲ့အေပၚ ဒီေပးစာနဲ႔ ျပန္လည္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။လက္ရွိ ရရွိထားတဲ့ သုေတသနျပဳခ်က္ေတြအရ ကို႐ိုနာဗိုင္းရပ္စ္ဟာ လူနာေတြရဲ႕ အသက္ရႈထုတ္လိုက္တာက ထြက္လာတဲ့ ဇီဝေလထုအမႈန္ေတြက တဆင့္ ကူးစက္ႏိုင္ေၾကာင္း အေထာက္အထားရွိပါတယ္ ” ဟု Fineberg က ေျပာၾကားသည္။

အေမရိကန္ ေရာဂါကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးဌာန (US Center for Disease Control and Prevention) မွ ထုတ္ျပန္ခ်က္မ်ားအရ ကို႐ိုနာဗိုင္းရပ္စ္သည္ ကူးစက္ခံရသူ၏ ေခ်ာင္းဆိုးျခင္း (သို႔မဟုတ္) ႏွာေခ်ျခင္းတို႔မွ ထြက္လာေသာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ အမႈန္အမႊားမ်ားမွတဆင့္ ၆ ေပအတြင္းရွိေနေသာ အျခားသူမ်ားကို ကူးစက္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

Fineberg က CNN သို႔ ေျပာၾကားရာတြင္ အဆိုပါထုတ္ျပန္ခ်က္မွာ မွန္ေၾကာင္း၊ သို႔ေသာ္ ယခုေတြ႕ရွိခ်က္မ်ားအရ စကားေျပာျခင္း (သို႔မဟုတ္) အသက္ရႈရာမွ ထြက္လာေသာ ေလထုအမႈန္အမႊားမ်ားမွတဆင့္ပင္လွ်င္ ဗိုင္းရပ္စ္ပိုး ျပန႔္ႏွံ႔ႏိုင္ေၾကာင္း ေျပာၾကားသည္။

နီဘရာစကာ တကၠသိုလ္ (University of Nebraska ) မွ ျပဳလုပ္ခဲ့ေသာ သုေတသနအရ ဗိုင္းရပ္စ္ကူးစက္ခံရေသာ လူနာတို႔ ေနထိုင္သည့္အခန္းမ်ားတြင္ လူနာမွ ၆ ေပထက္ ပိုမိုေဝးကြာသည့္ေနရာမ်ား၌ ကို႐ိုနာဗိုင္းရပ္စ္၏ မ်ိဳးဗီဇပစၥည္းမ်ား ေတြ႕ရေၾကာင္း NAS က အိမ္ျဖဴေတာ္သို႔ ေပးပို႔သည့္စာတြင္ ေဖာ္ျပသည္။

Fineberg က ေျပာၾကားရာတြ္ ကို႐ိုနာဗိုင္းရပ္စ္ပါဝင္ေသာ ေလထုအမႈန္မ်ားသည္ ေလထဲတြင္ ရွိေနၿပီး ထိုေနရာကို အျခားတစ္ဦး ျဖတ္ေလွ်ာက္သြားရာမွတဆင့္ ကူးစက္ႏိုင္ေၾကာင္းလည္း ေျပာၾကားသည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ ေလထဲတြင္ မည္မွ်ရွိေနႏိုင္မည္ဟူသည္မွာ အခ်က္မ်ားစြာအေပၚတြင္ မူတည္ေနေၾကာင္း၊ ကူးစက္ခံထားရသူသည္ အသက္ရႈျခင္း၊ စကားေျပာျခင္းတို႔မွတဆင့္ ဗိုင္းရပ္စ္မည္မွ် ထြက္ရွိထားသည္ဆိုသည့္အခ်က္ႏွင့္ အခန္းေလဝင္ေလထြက္ အေျခအေနတို႔အေပၚ မူတည္ေနသည္ဟု Fineberg က ေျပာၾကားသည္။

“ေလဝင္ေလထြက္မေကာင္းတဲ့ အခန္းတစ္ခုထဲမွာ ဗိုင္းရပ္စ္ကို ထုတ္လႊတ္လိုက္မယ္ဆိုရင္ အဲဒီေနရာကို ေနာက္ထပ္ျဖတ္ေလွ်ာက္တဲ့အခါ ဗိုင္းရပ္စ္ကို အသက္ရႈသြင္းလိုက္မိႏိုင္ပါတယ္။ ဒါေပမယ့္ အေဆာက္အအုံျပင္ပေနရာမွာဆိုရင္ေတာ့ ဗိုင္းရပ္စ္ဟာ ေလတိုက္ခတ္မႈေၾကာင့္ ပ်ံ႕လြင့္သြားမွာ ျဖစ္ပါတယ္” ဟု Fineberg က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: CNN

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service