ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းပေါ်မှ ထုတ်ပေးမှုအား ဧပြီ ၁ ရက်မှစတင် ဆောင်ရွက်သွားမည် - Property News in Myanmar from iMyanmarHouse.com
952 Views

ပို့ကုန်သွင်းကုန်လိုင်စင်များကို အွန်လိုင်းပေါ်မှ ထုတ်ပေးမှုအား ဧပြီ ၁ ရက်မှစတင် ဆောင်ရွက်သွားမည်

### Unicode Version ###

COVID-19 အခြေအနေအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို ရုံးဌာနသို့လာရောက်ရန်မလိုဘဲ အွန်လိုင်းပေါ်မှ ထုတ်ပေးမှုအား ဧပြီ (၁) ရက်မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါဌာနအနေဖြင့် အွန်လိုင်းမှ လျှောက်ထားခြင်း ၊ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ရခြင်းမှာ ပြည်သူများထံသို့ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ ဟန့်တားနိုင်ရေး၊ ဗိုင်းရပ်စ်ပိုးကူးစက်မှုများအားလျှော့ချနိုင်ရေးအတွက် အထူးအလေး ပေးဆောင်ရွက်ခြင်းဖြစ်၍ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အင်တာနက်ရရှိသည့် နေရာမှ လိုင်စင် လျောက်ထားခြင်း ၊ငွေကြေးပေး သွင်းခြင်း ၊လိုင်စင်ပြန်လည် ထုတ်ယူခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် ၊လျှောက်ထားမှုအရေအတွက်အများဆုံး ဖြစ်ပြီး ပြည်သူလူထုအတွက်လိုအပ်မည့်ပစ္စည်းများတွင် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ဆေးရုံသုံးစက်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ ၊စားအုန်းဆီနှင်ဆီထွက်ကုန်ပစ္စည်းများ ၊နို့နှင့်နိုထွက်ပစ္စည်းများ၊အီလက်ထရောနစ် ပစ္စည်း များ၊ စွမ်းအင်သုံး ပစ္စည်းများ ၊ချောဆီ ၊ဆိုင်ကယ်စက်ဘီးများ နှင့် ပို့ကုန်အတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ၊ခဲသတ္တူ ၊သကြား ၊သဘာဝဓာတ်ငွေ့များ အပါအဝင် အခြားကုန်ပစ္စည်းများထုတ်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ website www. commerce.gov.mm တွင် HS Code Line အသေးစိတ်အား ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်းသိရသည်။

ပို့ကုန်သွင်းကုန် လျှောက်ထားမှုအတွက် www.myanmartradenet.com.mm မှတစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ပြီး လျှောက်ထား မည့် (ပသက)မှတ်ပုံတင်ပြီး ကုမ္ပဏီများအနေဖြင့် စနစ်အတွင်းဝင်ရောက်အသုံးပြုရန် (Member Registration) ပြုလုပ်ရမည်ဖြစ် ကြောင်း၊ ငွေကြေးပေးသွင်းမှုအတွက် လတ်တလောတွင် မြန်မာနိုင်ငံသားများဘဏ် (MCB eCommerce Pay) ဖြင့်ပေးသွင်းနိုင်မည် ဖြစ်ပြီး မကြာမီ MPU eCommerce pay ဖြင့်ပါပေးသွင်းနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊လိုင်စင်များအတွက် အကောက်ခွန်ရှင်းလင်း ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အကောက်ခွန် ဦးစီးဌာန (MACCS)စနစ် သို့ အီလက်ထရောနစ်ဒေတာဖြင့် ဆက်လက်ချိတ်ဆက် ပေးပို့သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

 

### Zawgyi Version ###

ပို႔ကုန္သြင္းကုန္လိုင္စင္မ်ားကို အြန္လိုင္းေပၚမွ ထုတ္ေပးမႈအား ဧၿပီ ၁ ရက္မွစတင္ ေဆာင္ရြက္သြားမည္

COVID-19 အေျခအေနအတြင္း ပို႔ကုန္သြင္းကုန္လိုင္စင္မ်ားကို ႐ုံးဌာနသို႔လာေရာက္ရန္မလိုဘဲ အြန္လိုင္းေပၚမွ ထုတ္ေပးမႈအား ဧၿပီ (၁) ရက္မွ စတင္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွသိရသည္။

အဆုိပါဌာနအေနျဖင့္ အြန္လိုင္းမွ ေလွ်ာက္ထားျခင္း ၊ထုတ္ေပးျခင္းလုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ရျခင္းမွာ ျပည္သူမ်ားထံသို႔ ဝန္ေဆာင္မႈ ေပးသည့္ လုပ္ငန္းမ်ားတြင္ လူလူခ်င္းထိေတြ႕မႈမ်ား ဟန္႔တားနိုင္ေရး၊ ဗိုင္းရပ္စ္ပိုးကူးစက္မႈမ်ားအားေလၽွာ့ခ်နိုင္ေရးအတြက္ အထူးအေလး ေပးေဆာင္ရြက္ျခင္းျဖစ္၍ကုန္သည္လုပ္ငန္းရွင္မ်ားအေနျဖင့္ အင္တာနက္ရရွိသည့္ ေနရာမွ လိုင္စင္ ေလ်ာက္ထားျခင္း ၊ေငြေၾကးေပး သြင္းျခင္း ၊လိုင္စင္ျပန္လည္ ထုတ္ယူျခင္းမ်ားကို ေဆာင္ရြက္နိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ ေဆာင္ရြက္လ်က္ရွိသည့္ CMP(အထည္ခ်ဳပ္) သြင္းကုန္လိုင္စင္မ်ားအျပင္ ၊ေလွ်ာက္ထားမႈအေရအတြက္အမ်ားဆုံး ျဖစ္ၿပီး ျပည္သူလူထုအတြက္လိုအပ္မည့္ပစၥည္းမ်ားတြင္ သြင္းကုန္ပစၥည္းမ်ားျဖစ္သည့္ ေဆးႏွင့္ေဆးပစၥည္းမ်ား၊ေဆး႐ုံသုံးစက္ပစၥည္းမ်ား စားေသာက္ကုန္ပစၥည္းမ်ား၊ ဓာတ္ေျမၾသဇာ ၊စားအုန္းဆီႏွင္ဆီထြက္ကုန္ပစၥည္းမ်ား ၊နို႔ႏွင့္နိုထြက္ပစၥည္းမ်ား၊အီလက္ထေရာနစ္ ပစၥည္း မ်ား၊ စြမ္းအင္သုံး ပစၥည္းမ်ား ၊ေခ်ာဆီ ၊ဆိုင္ကယ္စက္ဘီးမ်ား ႏွင့္ ပို႔ကုန္အတြက္ စိုက္ပ်ိဳးေရးထြက္ကုန္ပစၥည္းမ်ား ၊ခဲသတၱဴ ၊သၾကား ၊သဘာဝဓာတ္ေငြ႔မ်ား အပါအဝင္ အျခားကုန္ပစၥည္းမ်ားထုတ္ေပးျခင္း ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဝန္ႀကီးဌာန၏ website www. commerce.gov.mm တြင္ HS Code Line အေသးစိတ္အား ဆက္လက္တင္ျပေပးမည္ျဖစ္ေၾကာင္းသိရသည္။

ပို႔ကုန္သြင္းကုန္ ေလွ်ာက္ထားမႈအတြက္ www.myanmartradenet.com.mm မွတစ္ဆင့္ဝင္ေရာက္ ေလွ်ာက္ထားနိုင္ၿပီး ေလွ်ာက္ထား မည့္ (ပသက)မွတ္ပုံတင္ၿပီး ကုမၸဏီမ်ားအေနျဖင့္ စနစ္အတြင္းဝင္ေရာက္အသုံးျပဳရန္ (Member Registration) ျပဳလုပ္ရမည္ျဖစ္ ေၾကာင္း၊ ေငြေၾကးေပးသြင္းမႈအတြက္ လတ္တေလာတြင္ ျမန္မာနိုင္ငံသားမ်ားဘဏ္ (MCB eCommerce Pay) ျဖင့္ေပးသြင္းနိုင္မည္ ျဖစ္ၿပီး မၾကာမီ MPU eCommerce pay ျဖင့္ပါေပးသြင္းနိုင္ရန္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊လိုင္စင္မ်ားအတြက္ အေကာက္ခြန္ရွင္းလင္း ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္နိုင္ရန္အတြက္ အေကာက္ခြန္ ဦးစီးဌာန (MACCS)စနစ္ သို႔ အီလက္ထေရာနစ္ေဒတာျဖင့္ ဆက္လက္ခ်ိတ္ဆက္ ေပးပို႔သြားမည္ျဖစ္ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာနမွသိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ျမန္မာနုိင္ငံ၊ အာဆီယံနိုင္ငံမ်ားႏွင့္ ကမၻာတစ္ဝွမ္းလုံး ၏ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service