COVID-19 ဒဏ်ခံရလည်း ပြည်တွင်းရှိ ဥရောပလုပ်ငန်း ထက်ဝက်ကျော်က အချိန်တိုတွင်းပြန်လည် စတင်နိုင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
755 Views

COVID-19 ဒဏ်ခံရလည်း ပြည်တွင်းရှိ ဥရောပလုပ်ငန်း ထက်ဝက်ကျော်က အချိန်တိုတွင်းပြန်လည် စတင်နိုင်မည်ဟုဆို

### Unicode Version ###

COVID-19 ရောဂါ သက်ရောက်မှု ကြုံရသော်လည်း မြန်မာနိုင်ငံရှိ ဥရောပလုပ်ငန်းထက်ဝက်ကျော်သည် ခြောက်လအတွင်း လုပ်ငန်းများပုံမှန်လည်ပတ်မည်ဟု ဥရောပကုန်သည် ကြီးများအသင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

COVID-19 ကပ်ရောဂါ ကြောင့် မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအပေါ် သက်ရောက်မှုစစ်တမ်းကို ဧပြီ ၁ ရက် တွင် အဆိုပါကုန်သည်အသင်းက ထုတ်ပြန်သည်။ ထိုစစ်တမ်းတွင် ဥရောပကုန်သည် ၆၀ ရာခိုင်နှုန်းသည် ထိုကပ်ရောဂါကြောင့် ထိခိုက်မှုရှိပြီး ဝင်ငွေ ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းကြား လျော့နည်းမည်ဟုဆိုသည်။

ထိခိုက်မည့် လုပ်ငန်းများတွင် အသေးစား၊ အလတ်စား လုပ်ငန်းများပါဝင်ပြီး မော်တော်ကားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများ၊ လက်လီလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ဦးဆုံးထိခိုက်သည့် လုပ်ငန်း များဖြစ်သည်ဟုဆိုသည်။

လုပ်ငန်းရှင် သုံးပုံနှစ်ပုံက ယခုကပ်ရောဂါကို မြန်မာအစိုးရက သက်ရောက်မှုနည်းအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပြီး ၎င်းတို့လုပ်ငန်းများကို သက်ရောက်မှုနည်းနိုင်သည်ဟု ဆိုသည်။

ကုမ္ပဏီထက်ဝက်ကျော်က ခြောက်လအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်နိုင်သည်ဟုဆိုပြီး ထိုအထဲမှ ၂၄ ရာခိုင်နှုန်းသည် သုံးလအတွင်း ပုံမှန်ပြန်ဖြစ်မည်ဟု ဆိုထား သည်။ သို့သော် ၃၄ ရာခိုင်နှုန်းက ကမ္ဘာ့ ကုန်စည်စီးဆင်းမှုနှင့် ထောက်ပံ့မှုတို့အပေါ် မူတည်၍ ခန့်မှန်းရန် ခက်ခဲသည်ဟုဆို သည်။

ဥရောပ ကုန်သည်ကြီးများ အသင်းက အစိုးရကို ပို့ကုန်၊ သွင်းကုန်ကျဆင်းမှုကို ကုစားရန် ပို့ကုန်လုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းနှင့် အခွန်ရှင်းလင်းရေးလုပ်ငန်းများကို ဖြေလျှော့ပေး ရန်၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများအားကောင်းစေရန် ငွေကြေးစိုက်ထုတ်သုံးပေးခြင်း၊ သက်သာခွင့် များပေးခြင်းနှင့် ကော်ပိုရိတ်အခွန် များကို ၂၀၂၀ အတွက် ဖြေလျှော့ပေးရန် အကြံပြုချက် သုံးချက်ထည့်သွင်းထားသည်။ မြန်မာနိုင်ငံတွင် ဥရောပ နာမည်ကျော် ကုမ္ပဏီကြီး ၅၀ ကျော် လာရောက်လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ -  အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

COVID-19 ဒဏ္ခံရလည္း ျပည္တြင္းရွိ ဥေရာပလုပ္ငန္း ထက္ဝက္ေက်ာ္က အခ်ိန္တိုတြင္းျပန္လည္ စတင္ႏိုင္မည္ဟုဆို

COVID-19 ေရာဂါ သက္ေရာက္မႈ ႀကဳံရေသာ္လည္း ျမန္မာႏိုင္ငံရွိ ဥေရာပလုပ္ငန္းထက္ဝက္ေက်ာ္သည္ ေျခာက္လအတြင္း လုပ္ငန္းမ်ားပုံမွန္လည္ပတ္မည္ဟု ဥေရာပကုန္သည္ ႀကီးမ်ားအသင္းက ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

COVID-19 ကပ္ေရာဂါ ေၾကာင့္ ျမန္မာႏိုင္ငံရွိ ဥေရာပကုန္သည္ႀကီးမ်ားအေပၚ သက္ေရာက္မႈစစ္တမ္းကို ဧၿပီ ၁ ရက္ တြင္ အဆိုပါကုန္သည္အသင္းက ထုတ္ျပန္သည္။ ထိုစစ္တမ္းတြင္ ဥေရာပကုန္သည္ ၆၀ ရာခိုင္ႏႈန္းသည္ ထိုကပ္ေရာဂါေၾကာင့္ ထိခိုက္မႈရွိၿပီး ဝင္ေငြ ၃၀ ရာခိုင္ႏႈန္း မွ ၅၀ ရာခိုင္ႏႈန္းၾကား ေလ်ာ့နည္းမည္ဟုဆိုသည္။

ထိခိုက္မည့္ လုပ္ငန္းမ်ားတြင္ အေသးစား၊ အလတ္စား လုပ္ငန္းမ်ားပါဝင္ၿပီး ေမာ္ေတာ္ကားလုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္းမ်ား၊ လက္လီလုပ္ငန္းႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားသည္ ဦးဆုံးထိခိုက္သည့္ လုပ္ငန္း မ်ားျဖစ္သည္ဟုဆိုသည္။

လုပ္ငန္းရွင္ သုံးပုံႏွစ္ပုံက ယခုကပ္ေရာဂါကို ျမန္မာအစိုးရက သက္ေရာက္မႈနည္းေအာင္ ေဆာင္႐ြက္ႏိုင္မည္ဟု ယုံၾကည္ ၿပီး ၎တို႔လုပ္ငန္းမ်ားကို သက္ေရာက္မႈနည္းႏိုင္သည္ဟု ဆိုသည္။

ကုမၸဏီထက္ဝက္ေက်ာ္က ေျခာက္လအတြင္း စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္ေကာင္းမြန္ႏိုင္သည္ဟုဆိုၿပီး ထိုအထဲမွ ၂၄ ရာခိုင္ႏႈန္းသည္ သုံးလအတြင္း ပုံမွန္ျပန္ျဖစ္မည္ဟု ဆိုထား သည္။ သို႔ေသာ္ ၃၄ ရာခိုင္ႏႈန္းက ကမာၻ႔ ကုန္စည္စီးဆင္းမႈႏွင့္ ေထာက္ပံ့မႈတို႔အေပၚ မူတည္၍ ခန႔္မွန္းရန္ ခက္ခဲသည္ဟုဆို သည္။

ဥေရာပ ကုန္သည္ႀကီးမ်ား အသင္းက အစိုးရကို ပို႔ကုန္၊ သြင္းကုန္က်ဆင္းမႈကို ကုစားရန္ ပို႔ကုန္လုပ္ငန္းမ်ားအတြက္ စည္းမ်ဥ္းစည္းကမ္းႏွင့္ အခြန္ရွင္းလင္းေရးလုပ္ငန္းမ်ားကို ေျဖေလွ်ာ့ေပး ရန္၊ ပို႔ကုန္သြင္းကုန္ ကုမၸဏီမ်ားအားေကာင္းေစရန္ ေငြေၾကးစိုက္ထုတ္သုံးေပးျခင္း၊ သက္သာခြင့္ မ်ားေပးျခင္းႏွင့္ ေကာ္ပိုရိတ္အခြန္ မ်ားကို ၂၀၂၀ အတြက္ ေျဖေလွ်ာ့ေပးရန္ အႀကံျပဳခ်က္ သုံးခ်က္ထည့္သြင္းထားသည္။ ျမန္မာႏိုင္ငံတြင္ ဥေရာပ နာမည္ေက်ာ္ ကုမၸဏီႀကီး ၅၀ ေက်ာ္ လာေရာက္လုပ္ကိုင္ေနၾကသည္။

ျမန္မာနုိင္ငံ၊ အာဆီယံနိုင္ငံမ်ားႏွင့္ ကမၻာတစ္ဝွမ္းလုံး ၏ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား -  အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service