သီလဝါတွင် အခြေခံအဆောက်အအုံ ဖွံဖြိုးရေးအပါအဝင် ကဏ္ဍနှစ်ခုအတွက် ဂျပန်က ဒေါ်လာ သန်း ၄၅၀ ခန့် ချေးငွေပေး - Property News in Myanmar from iMyanmarHouse.com
856 Views

သီလဝါတွင် အခြေခံအဆောက်အအုံ ဖွံဖြိုးရေးအပါအဝင် ကဏ္ဍနှစ်ခုအတွက် ဂျပန်က ဒေါ်လာ သန်း ၄၅၀ ခန့် ချေးငွေပေး

### Unicode Version ###

 

မန္တလေးရထား လမ်းအဆင့်မြှင့်တင်ခြင်းနှင့် သီလဝါဧရိယာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် ကန်ဒေါ်လာ ၄၄၃ သန်း ကျော် (ဂျပန်ယန်း ၄၇ ဘီလီယံ ကျော်) ချေးရန် မတ်လ ၃၁ ရက် က လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က သတင်းထုတ်ပြန် သည်။

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းအတွက် ချေးငွေ ကန်ဒေါ်လာ ၃၆၈ သန်း ကျော် (ဂျပန် ယန်း ၄၀ ဘီလီယံ ကျော်) ထပ်မံချေးယူခြင်းဖြစ် သည်။

ထို့အပြင် သီလဝါအထူးစီး ပွားရေးဇုန်တွင် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းအတွက် ဒေါ်လာ ၆၇ သန်းကျော် (ဂျပန်ယန်း ခုနစ် ဘီလီယံကျော်) ထပ်မံထုတ်ချေးမည်ဟု ဖော်ပြထားသည်။

အဆိုပါ ချေးငွေများသည် အတိုးနှုန်း သုညဒသမ ၀၁ ရာ ခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ သတ် မှတ်ထားသည်။

မြန်မာနိုင်ငံ၏ ရထားသယ် ယူပို့ဆောင်ရေးကဏ္ဍတွင် ဂျပန် နိုင်ငံ၏ ချေးငွေဖြင့် အဆင့်မြှင့် တင်မှု လုပ်ငန်းများကို ရန်ကုန်၊ မန္တလေးသာမက ရန်ကုန်မြို့ပတ် ရထားလမ်းများကိုလည်း ဆောင် ရွက်နေသည်။

လက်ရှိချေးငွေကို ရန်ကုန်၊ မန္တလေးရထားလမ်းပိုင်းတွင် သုံး စွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွဝ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်၌ ပြောထားသည်။

ယခုချေးငွေဖြင့် ရထားလမ်း အဆင့်မြှင့်တင်ပြီးပါက ရထားခုတ်မောင်းချိန် လျှော့ချနိုင်မည် ဖြစ်သည်။

ထို့အပြင် ခရီးသည် များအတွက် လမ်းခရီးတွင်အချိန် ကုန်ဆုံးချိန် သက်သာပြီး ကုန်စည် များလည်း ပိုမိုတင်သွင်းနိုင်မည် ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

သီလဝါတြင္ အေျခခံအေဆာက္အအုံ ဖြံၿဖိဳးေရးအပါအဝင္ က႑ႏွစ္ခုအတြက္ ဂ်ပန္က ေဒၚလာ သန္း ၄၅၀ ခန႔္ ေခ်းေငြေပး

မႏၲေလးရထား လမ္းအဆင့္ျမႇင့္တင္ျခင္းႏွင့္ သီလဝါဧရိယာအေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္း အတြက္ ကန္ေဒၚလာ ၄၄၃ သန္း ေက်ာ္ (ဂ်ပန္ယန္း ၄၇ ဘီလီယံ ေက်ာ္) ေခ်းရန္ မတ္လ ၃၁ ရက္ က လက္မွတ္ေရးထိုးခဲ့ေၾကာင္း ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူး ေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) က သတင္းထုတ္ျပန္ သည္။

ရန္ကုန္-မႏၲေလး မီးရထားလမ္း အဆင့္ျမႇင့္တင္ျခင္းအတြက္ ေခ်းေငြ ကန္ေဒၚလာ ၃၆၈ သန္း ေက်ာ္ (ဂ်ပန္ ယန္း ၄၀ ဘီလီယံ ေက်ာ္) ထပ္မံေခ်းယူျခင္းျဖစ္ သည္။

ထို႔အျပင္ သီလဝါအထူးစီး ပြားေရးဇုန္တြင္ အေျခခံအေဆာက္အအုံက႑ ဖြံ႕ၿဖိဳးတိုး တက္ေရးစီမံကိန္းအတြက္ ေဒၚလာ ၆၇ သန္းေက်ာ္ (ဂ်ပန္ယန္း ခုနစ္ ဘီလီယံေက်ာ္) ထပ္မံထုတ္ေခ်းမည္ဟု ေဖာ္ျပထားသည္။

အဆိုပါ ေခ်းေငြမ်ားသည္ အတိုးႏႈန္း သုညဒသမ ၀၁ ရာ ခိုင္ႏႈန္းျဖစ္ၿပီး ဆိုင္းငံ့ကာလ ၁၀ ႏွစ္၊ ျပန္ဆပ္ကာလ ႏွစ္ ၃၀ သတ္ မွတ္ထားသည္။

ျမန္မာႏိုင္ငံ၏ ရထားသယ္ ယူပို႔ေဆာင္ေရးက႑တြင္ ဂ်ပန္ ႏိုင္ငံ၏ ေခ်းေငြျဖင့္ အဆင့္ျမႇင့္ တင္မႈ လုပ္ငန္းမ်ားကို ရန္ကုန္၊ မႏၲေလးသာမက ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းမ်ားကိုလည္း ေဆာင္ ႐ြက္ေနသည္။

လက္ရွိေခ်းေငြကို ရန္ကုန္၊ မႏၲေလးရထားလမ္းပိုင္းတြင္ သုံး စြဲမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရး ႏွင့္ဆက္သြဝ္ေရးဝန္ႀကီးဌာနျပည္ ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္ က လႊတ္ေတာ္၌ ေျပာထားသည္။

ယခုေခ်းေငြျဖင့္ ရထားလမ္း အဆင့္ျမႇင့္တင္ၿပီးပါက ရထားခုတ္ေမာင္းခ်ိန္ ေလွ်ာ့ခ်ႏိုင္မည္ ျဖစ္သည္။

ထို႔အျပင္ ခရီးသည္ မ်ားအတြက္ လမ္းခရီးတြင္အခ်ိန္ ကုန္ဆုံးခ်ိန္ သက္သာၿပီး ကုန္စည္ မ်ားလည္း ပိုမိုတင္သြင္းႏိုင္မည္ ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service