COVID-19 ရိုက်ခတ်မူကြောင့် မြန်မာ့စီးပွားရေးတိုးတက်မူ ၃ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာဘဏ်ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
675 Views

COVID-19 ရိုက်ခတ်မူကြောင့် မြန်မာ့စီးပွားရေးတိုးတက်မူ ၃ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာဘဏ်ခန့်မှန်း

### Unicode Version ###

COVID-19 ကြောင့်   မြန်မာ နိုင်ငံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၌ စီးပွားရေး တိုးတက်နှုန်း ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု ကမ္ဘာ့ဘဏ်က  မတ်လ ၃၀ ရက်တွင် ထုတ်ပြန် သော အစီရင်ခံစာ၌ဖော်ပြထား သည်။

အာရှနှင့် ပစိဖိတ်နိုင်ငံများ သည် COVID-19 ကြောင့် ဖြစ် ပေါ်လာမည့် စီးပွားရေးအကျပ် အတည်းများ သက်သာရန် ယခု အချိန်ကစ၍ဆောင်ရွက်ရမည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော် ပြထားသည်။

ထိုအစီရင်ခံစာတွင် မြန်မာ နိုင်ငံသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၌ စီးပွားရေး တိုးတက်နှုန်း ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု ကမ္ဘာ့ဘဏ် က ခန့်မှန်းထားသည်။

မြန်မာ့စီးပွားတိုးတက်နှုန်း သည် ၃ ရာခိုင်နှုန်းသာရှိမည်ဟု  ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ရာခိုင် နှုန်း၊ ၂၀၂၁ တွင် ၆ ဒသမ ၇ နှင့်  ၂၀၂၂ တွင် ၆ ဒသမ ၇ အထိ ပြန် လည်မြင့်တက်မည်ဟု ခန့်မှန်း ထားသည်။

COVID-19​ကြောင့် မြန်မာ့စီးပွားရေးအပေါ် ပြင်းထန် စွာ သက်ရောက်နိုင်သော်လည်း  ကပ်ရောဂါမတိုင်မီက စီးပွား ရေးကောင်းမွန်သဖြင့် အနည်း ငယ်ခံသာမည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

ထိုအစီရင်ခံစာတွင်  ကျန်းမာရေးမူဝါဒနှင့် စီးပွားရေး မူဝါဒများကို အချိုးညီစွာချမှတ်နိုင်  ပါက မြန်မာ့စီးပွားရေး အခြေအ နေသွက်လာမည်ဟုဆိုသည်။

သို့သော် နိုင်ငံအတွင်း COVID-19 ရောဂါပျံ့နှံ့လာပါက စီးပွားရေး ကျပ်တည်းမှုသည်  ပိုမိုဆိုးရွားလာပြီးကုစားရန် အ ချိန်လည်းယူရမည်ဟု ကမ္ဘာ့ ဘဏ်ကသတိပေးထားသည်။

ထိုကြောင့် အစိုးရသည် ကျန်းမာရေးအတွက် အလိုအပ် ဆုံးသော အခြေအနေများနှင့်  ကဏ္ဍများတွင်  အရင်းအမြစ်များ  စောစီးစွာဖြည့်တင်းရန်နှင့် လုပ် ငန်းများလည်ပတ်နိုင်ရန် ချေးငွေ များလက်လှမ်းမီရန်နှင့် အလွယ် တကူရရှိရန် ဆောင်ရွက်ပေးထား ရေး ကမ္ဘာ့ဘဏ်က တိုက်တွန်း ထားသည်။

အိမ်ထောင်စုများ ဝင်ငွေဆုံး ရှုံးမှုများကို ယာယီကုစားနိုင်မည့်  နည်းလမ်းများကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု တိုက် တွန်းသည်။

COVID-19 ကြောင့် ဆင်း ရဲနွမ်းပါးမှု ပိုမိုဆိုးရွားလာပြီး ထို ရောဂါမပေါ်ပေါက်ခဲ့ပါက ၂၀၂၀ တွင် လူဦးရေ ၂၄ သန်း ဆင်းရဲ တွင်းမှ လွတ်ကင်းမည်ဟု ခန့် မှန်းထားသည်။ သို့သော် ထိုရော ဂါကြောင့် လူဦးရေ ၁၁ သန်းခန့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်ရှိမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံသည် လည်း စီးပွားရေးတိုးတက်နှုန်း သည် ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့်  ဗီယက်နမ်နိုင်ငံက စီးပွားရေးတိုး တက်နှုန်း ၄ ဒသမ၅ ရာခိုင်နှုန်းရှိ မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း သည်။

ထိုင်းနိုင်ငံက စီးပွားရေး ကျဆင်းမှုနှင့် ကြုံတွေ့ရမည်ဖြစ် ပြီး စီးပွားရေးကျဆင်းမှုသည် ၃ ရာခိုင်နှုန်း (ဂျီဒီပီတွင် အနုတ် ၃  ရာခိုင်နှုန်း)အထိ ရှိလာမည် ဟုဆိုသည်။ မလေးရှားနိုင်ငံ လည်း စီးပွားရေးကျဆင်းမှုသည် သုည ဒသမ ၁ ရာခိုင်နှုန်း အထိရှိ မည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ကို စီးပွားရေးအားကောင်းလာစေ ရန် နိုင်ငံတော်စီမံကိန်းများတွင်  ငွေကြေးပိုမို သုံးစွဲရန်၊ ပို့ကုန်နှင့် သွင်းကုန်များအတွက် လိုင်စင် ကန့်သတ်ချက်များ၊ မူဝါဒကောင်း များချမှတ်ရန် တိုက်တွန်းထား သည်။၂၀၂၀ နိုဝင်ဘာတွင်ကျင်းပ မည့် ရွေးကောက်ပွဲကြောင့် စီးပွား ရေးပြုပြင်ပြောင်းလဲမှု အရှိန် လျော့နိုင်၍ သတိပေးထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

COVID-19 ႐ိုက္ခတ္မူေၾကာင့္ ျမန္မာ့စီးပြားေရးတိုးတက္မူ ၃ ရာခိုင္ႏႈန္းသာရွိမည္ဟု ကမာၻဘဏ္ခန႔္မွန္း

COVID-19 ေၾကာင့္ ျမန္မာ ႏိုင္ငံသည္ ၂၀၁၉-၂၀၂၀ ဘ႑ာ ႏွစ္၌ စီးပြားေရး တိုးတက္ႏႈန္း ၂ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းအထိ က်ဆင္းႏိုင္သည္ဟု ကမာၻ႔ဘဏ္က မတ္လ ၃၀ ရက္တြင္ ထုတ္ျပန္ ေသာ အစီရင္ခံစာ၌ေဖာ္ျပထား သည္။

အာရွႏွင့္ ပစိဖိတ္ႏိုင္ငံမ်ား သည္ COVID-19 ေၾကာင့္ ျဖစ္ ေပၚလာမည့္ စီးပြားေရးအက်ပ္ အတည္းမ်ား သက္သာရန္ ယခု အခ်ိန္ကစ၍ေဆာင္႐ြက္ရမည္ဟု ကမာၻ႔ဘဏ္အစီရင္ခံစာတြင္ ေဖာ္ ျပထားသည္။

ထိုအစီရင္ခံစာတြင္ ျမန္မာ ႏိုင္ငံသည္ ၂၀၁၉-၂၀၂၀ ဘ႑ာ ႏွစ္၌ စီးပြားေရး တိုးတက္ႏႈန္း ၂ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းအထိ က်ဆင္းႏိုင္သည္ဟု ကမာၻ႔ဘဏ္ က ခန႔္မွန္းထားသည္။

ျမန္မာ့စီးပြားတိုးတက္ႏႈန္း သည္ ၃ ရာခိုင္ႏႈန္းသာရွိမည္ဟု ကမာၻ႔ဘဏ္က ခန႔္မွန္းထားၿပီး ၂၀၂၀ ဘ႑ာႏွစ္တြင္ ၆ ရာခိုင္ ႏႈန္း၊ ၂၀၂၁ တြင္ ၆ ဒသမ ၇ ႏွင့္ ၂၀၂၂ တြင္ ၆ ဒသမ ၇ အထိ ျပန္ လည္ျမင့္တက္မည္ဟု ခန႔္မွန္း ထားသည္။

COVID-19​ေၾကာင့္ ျမန္မာ့စီးပြားေရးအေပၚ ျပင္းထန္ စြာ သက္ေရာက္ႏိုင္ေသာ္လည္း ကပ္ေရာဂါမတိုင္မီက စီးပြား ေရးေကာင္းမြန္သျဖင့္ အနည္း ငယ္ခံသာမည္ဟု ကမာၻဘဏ္ကဆိုသည္။

ထိုအစီရင္ခံစာတြင္ က်န္းမာေရးမူဝါဒႏွင့္ စီးပြားေရး မူဝါဒမ်ားကို အခ်ိဳးညီစြာခ်မွတ္ႏိုင္ ပါက ျမန္မာ့စီးပြားေရး အေျခအ ေနသြက္လာမည္ဟုဆိုသည္။

သို႔ေသာ္ ႏိုင္ငံအတြင္း COVID-19 ေရာဂါပ်ံ႕ႏွံ႔လာပါက စီးပြားေရး က်ပ္တည္းမႈသည္ ပိုမိုဆိုး႐ြားလာၿပီးကုစားရန္ အ ခ်ိန္လည္းယူရမည္ဟု ကမာၻ႔ ဘဏ္ကသတိေပးထားသည္။

ထိုေၾကာင့္ အစိုးရသည္ က်န္းမာေရးအတြက္ အလိုအပ္ ဆုံးေသာ အေျခအေနမ်ားႏွင့္ က႑မ်ားတြင္ အရင္းအျမစ္မ်ား ေစာစီးစြာျဖည့္တင္းရန္ႏွင့္ လုပ္ ငန္းမ်ားလည္ပတ္ႏိုင္ရန္ ေခ်းေငြ မ်ားလက္လွမ္းမီရန္ႏွင့္ အလြယ္ တကူရရွိရန္ ေဆာင္႐ြက္ေပးထား ေရး ကမာၻ႔ဘဏ္က တိုက္တြန္း ထားသည္။

အိမ္ေထာင္စုမ်ား ဝင္ေငြဆုံး ရႈံးမႈမ်ားကို ယာယီကုစားႏိုင္မည့္ နည္းလမ္းမ်ားကို ဦးစားေပး ေဆာင္႐ြက္သင့္သည္ဟု တိုက္ တြန္းသည္။

COVID-19 ေၾကာင့္ ဆင္း ရဲႏြမ္းပါးမႈ ပိုမိုဆိုး႐ြားလာၿပီး ထို ေရာဂါမေပၚေပါက္ခဲ့ပါက ၂၀၂၀ တြင္ လူဦးေရ ၂၄ သန္း ဆင္းရဲ တြင္းမွ လြတ္ကင္းမည္ဟု ခန႔္ မွန္းထားသည္။ သို႔ေသာ္ ထိုေရာ ဂါေၾကာင့္ လူဦးေရ ၁၁ သန္းခန႔္ ဆင္းရဲႏြမ္းပါးမႈ မ်ဥ္းေအာက္ ေရာက္ရွိမည္ဟု ကမာၻ႔ဘဏ္ကဆိုသည္။ ကေမာၻဒီးယားႏိုင္ငံသည္ လည္း စီးပြားေရးတိုးတက္ႏႈန္း သည္ ၂ ဒသမ ၅ ရာခိုင္ႏႈန္းႏွင့္ ဗီယက္နမ္ႏိုင္ငံက စီးပြားေရးတိုး တက္ႏႈန္း ၄ ဒသမ၅ ရာခိုင္ႏႈန္းရွိ မည္ဟု ကမာၻ႔ဘဏ္က ခန႔္မွန္း သည္။

ထိုင္းႏိုင္ငံက စီးပြားေရး က်ဆင္းမႈႏွင့္ ႀကဳံေတြ႕ရမည္ျဖစ္ ၿပီး စီးပြားေရးက်ဆင္းမႈသည္ ၃ ရာခိုင္ႏႈန္း (ဂ်ီဒီပီတြင္ အႏုတ္ ၃ ရာခိုင္ႏႈန္း)အထိ ရွိလာမည္ ဟုဆိုသည္။ မေလးရွားႏိုင္ငံ လည္း စီးပြားေရးက်ဆင္းမႈသည္ သုည ဒသမ ၁ ရာခိုင္ႏႈန္း အထိရွိ မည္ဟု ခန႔္မွန္းထားသည္။

ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံ ကို စီးပြားေရးအားေကာင္းလာေစ ရန္ ႏိုင္ငံေတာ္စီမံကိန္းမ်ားတြင္ ေငြေၾကးပိုမို သုံးစြဲရန္၊ ပို႔ကုန္ႏွင့္ သြင္းကုန္မ်ားအတြက္ လိုင္စင္ ကန႔္သတ္ခ်က္မ်ား၊ မူဝါဒေကာင္း မ်ားခ်မွတ္ရန္ တိုက္တြန္းထား သည္။၂၀၂၀ ႏိုဝင္ဘာတြင္က်င္းပ မည့္ ေ႐ြးေကာက္ပြဲေၾကာင့္ စီးပြား ေရးျပဳျပင္ေျပာင္းလဲမႈ အရွိန္ ေလ်ာ့ႏိုင္၍ သတိေပးထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service