မြေဧက ၃၀၀၀ ကျော်သည်ရှိသည့် ပင်းပက်သံမဏီစက်ရုံကို အပြီးသတ်ဆောင်ရွက်ချင်သည်ဟု ရုရှားသံအမတ်ပြော - Property News in Myanmar from iMyanmarHouse.com
1693 Views

မြေဧက ၃၀၀၀ ကျော်သည်ရှိသည့် ပင်းပက်သံမဏီစက်ရုံကို အပြီးသတ်ဆောင်ရွက်ချင်သည်ဟု ရုရှားသံအမတ်ပြော

### Unicode Version ###

ရုရှားနိုင်ငံက မြန်မာနိုင်ငံရှိ မြေဧက ၃၀၀၀ကျော်ကျယ်ဝန်းသည့် ပင်းပက်သံမဏီစက်ရုံကို အပြီးအသတ် ရင်းနှီးမြှပ်နှံချင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒေးရှင်းနိုင်ငံ သံအ မတ်ဒေါက်တာနီကိုလိုင်းလစ်တို ပါဒေါ့ဗ်က ပြောသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းအမေရိကန် ဒေါ်လာ ၉၄ သန်းရှိပြီး နိုင်ငံအဆင့် စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံနေသည်ဟု ၎င်းကပြောသည်။

ယင်းတို့မှာ ပင်းပက်သံမဏိစက်ရုံနှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေနံရှာဖွေရေးလုပ်ငန်းတို့ ဖြစ်သည်ဟု သံအမတ်က ပြောသည်။

ပင်းပက်စက်ရုံသည် နှစ် နိုင်ငံအစိုးရကြား ဆောင်ရွက်သည့်စက်ရုံဖြစ်ပြီး ငွေကြေးများ စွာအကုန်အကျခံအကောင်အ ထည်ဖော်ခဲ့သော်လည်း ဆောက်လုပ်မှုရပ်ဆိုင်းခံခဲ့ရသည်ဟု ၎င်း ကဆိုသည်။ သံမဏိသည် မြန်မာနိုင်ငံအတွက် လိုအပ်ပြီး ထိုဒေသတွင် သံရိုင်းနှင့်ကျောက်မီး သွေးများစွာလည်းရှိနေကြောင်း၊ ထို့ကြောင့် စီမံကိန်းကို ပြန်လည် စတင်သင့်ကြောင်း ဆိုသည်။

ဒုတိယစီမံကိန်းမှာ မြန်မာ နိုင်ငံအလယ်ပိုင်းရှိ EP-4 ကုန်း တွင်းရေနံလုပ်ကွက်ဖြစ်ပြီး ရုရှား ကုမ္ပဏီ JSOC Bashneft က လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။ ထိုလုပ်ကွက်ကို ရုရှားကုမ္ပဏီက ရှယ်ယာ ၉၀ ရာခိုင်နှုန်းပိုင်ဆိုင်ခြင်းဖြစ်ပြီး ၂၀၁၃ တွင် လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ရုရှားနိုင်ငံသို့ အဝတ်အထည်၊ ဖိနပ်၊ ရေထွက်ကုန်နှင့် ကော်ဖီတို့တင်ပို့နေသည် ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ သည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုကန်ဒေါ်လာ ၄၆ သန်းကျော်ရှိပြီး မြန်မာနိုင်ငံက ၂၇ သန်းကျော်ကုန် ပစ္စည်းတင်ပို့ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံက မြန်မာနိုင်ငံတွင် ဒေါ်လာ ၉၄ သန်းရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၁ နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုလုံး ဝဝင်ရောက်ခြင်းမရှိသေးဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ေျမဧက ၃၀၀၀ ေက်ာ္သည္ရွိသည့္ ပင္းပက္သံမဏီစက္႐ုံကို အၿပီးသတ္ေဆာင္႐ြက္ခ်င္သည္ဟု ႐ုရွားသံအမတ္ေျပာ

႐ုရွားႏိုင္ငံက ျမန္မာႏိုင္ငံရွိ ေျမဧက ၃၀၀၀ေက်ာ္က်ယ္ဝန္းသည့္ ပင္းပက္သံမဏီစက္႐ုံကို အၿပီးအသတ္ ရင္းႏွီးျမႇဳပ္ႏွံခ်င္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားဖက္ေဒးရွင္းႏိုင္ငံ သံအမတ္ေဒါက္တာနီကိုလိုင္းလစ္တို ပါေဒါ့ဗ္က ေျပာသည္။

႐ုရွားႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈစုစုေပါင္းအေမရိကန္ ေဒၚလာ ၉၄ သန္းရွိၿပီး ႏိုင္ငံအဆင့္ စီမံကိန္းႏွစ္ခုကို ရင္းႏွီးျမႇဳပ္ႏွံေနသည္ဟု ၎ကေျပာသည္။

ယင္းတို႔မွာ ပင္းပက္သံမဏိစက္႐ုံႏွင့္ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ေရနံရွာေဖြေရးလုပ္ငန္းတို႔ ျဖစ္သည္ဟု သံအမတ္က ေျပာသည္။

ပင္းပက္စက္႐ုံသည္ ႏွစ္ႏိုင္ငံအစိုးရၾကား ေဆာင္႐ြက္သည့္စက္႐ုံျဖစ္ၿပီး ေငြေၾကးမ်ား စြာအကုန္အက်ခံအေကာင္အထည္ေဖာ္ခဲ့ေသာ္လည္း ေဆာက္လုပ္မႈရပ္ဆိုင္းခံခဲ့ရသည္ဟု ၎ ကဆိုသည္။ သံမဏိသည္ ျမန္မာႏိုင္ငံအတြက္ လိုအပ္ၿပီး ထိုေဒသတြင္ သံ႐ိုင္းႏွင့္ေက်ာက္မီး ေသြးမ်ားစြာလည္းရွိေနေၾကာင္း၊ ထို႔ေၾကာင့္ စီမံကိန္းကို ျပန္လည္စတင္သင့္ေၾကာင္း ဆိုသည္။

ဒုတိယစီမံကိန္းမွာ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ EP-4 ကုန္း တြင္းေရနံလုပ္ကြက္ျဖစ္ၿပီး ႐ုရွား ကုမၸဏီ JSOC Bashneft က လုပ္ကိုင္ခြင့္ရျခင္းျဖစ္သည္။ ထိုလုပ္ကြက္ကို ႐ုရွားကုမၸဏီက ရွယ္ယာ ၉၀ ရာခိုင္ႏႈန္းပိုင္ဆိုင္ျခင္းျဖစ္ၿပီး ၂၀၁၃ တြင္ လုပ္ကိုင္ခြင့္ရရွိထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံက ႐ုရွားႏိုင္ငံသို႔ အဝတ္အထည္၊ ဖိနပ္၊ ေရထြက္ကုန္ႏွင့္ ေကာ္ဖီတို႔တင္ပို႔ေနသည္ ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံ သည္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈကန္ေဒၚလာ ၄၆ သန္းေက်ာ္ရွိၿပီး ျမန္မာႏိုင္ငံက ၂၇ သန္းေက်ာ္ကုန္ ပစၥည္းတင္ပို႔ခဲ့ျခင္းျဖစ္သည္။ ႐ုရွားႏိုင္ငံက ျမန္မာႏိုင္ငံတြင္ ေဒၚလာ ၉၄ သန္းရင္းႏွီးျမႇဳပ္ႏွံထားၿပီး ၂၀၁၁ ေနာက္ပိုင္းတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈလုံးဝဝင္ေရာက္ျခင္းမရွိေသးဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service