မြောက်ကိုရီးယားက ဂျပန်နိုင်ငံသို့ ဦးတည်ကာ ဒုံးကျည်ပစ်လွှတ်၊ တတိယကမ္ဘာစစ်ကြီးဖြစ်လာမည်လောဟု ရတက်မအေးဖြစ်မှုများ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
626 Views
မြောက်ကိုရီးယားက ဂျပန်နိုင်ငံသို့ ဦးတည်ကာ ဒုံးကျည်ပစ်လွှတ်၊ တတိယကမ္ဘာစစ်ကြီးဖြစ်လာမည်လောဟု ရတက်မအေးဖြစ်မှုများ ပေါ်ပေါက်
### Unicode Version ###
ကင်ဂျုံအန် ဦးဆောင်သော မြောက်ကိုရီးယားသည် ပြီးခဲ့သော မတ်လ ၂၀ ရက်နေ့က ဂျပန်နိုင်ငံသို့ ဦးတည်ကာ ဒုံးကျည် ၂ စင်းပစ်လွှတ်ခဲ့ပြီး ယခုအခါ တစ်စင်းထပ်မံပစ်လွှတ်လိုက်ခြင်းဖြစ်ရာ တတိယကမ္ဘာစစ်ကြီးဖြစ်လာမည်လောဟု ရတက်မအေးဖြစ်မှုများ မြင့်တက်လာနေကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။
တောင်ကိုရီးယားမှ ယုံဟပ်သတင်းအေဂျင်စီမှ သတင်းတစ်ရပ်အရ အရှေ့ပင်လယ်အတွင်းသု့ိ ဒုံးကျည်တစ်စင်းပစ်လွှတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြသည်။
ပြီးခဲ့သော မတ်လ ၂၀ ရက်က ဂျပန်ပင်လယ်ပြင်အတွင်းသို့ မြောက်ကိုရီးယားက ဒုံးကျည် ၂ စင်းပစ်လွှတ်မှု ပြုလုပ်ခဲ့ပြီး ရက်ပိုင်းသာ ရှိသေးချိန်တွင် ထပ်မံပစ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးအစားမသိရသော ဒုံးကျည်များသည် ဂျပန်သီးသန့်စီးပွားရေးဇုန် (EEZ) ရေပြင်နယ်နိမိတ်အပြင်တွင် ကျရောက်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်တွင် ဖြစ်သည်။
တောင်ကိုရီးယားစစ်ဘက်၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားကို ဆွေးနွေးစားပွဲသို့ ပြန်လာရန်နှင့် ၎င်းတို့၏ အနုမြူနှင့် ဒုံးကျည်စီမံကိန်းများ ရပ်ဆိုင်းရန် အမေရိကန်နှင့် တရုတ်တို့က ကမ်းလှမ်းထားသည်ဟု ဆိုသည်။
ယနေ့ပစ်ခတ်မှုသည် တစ်လအတွင်း ၄ ကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပြီး မတ်လ ၉ ရက်နှင့်၊ ၂၀ ရက်နေ့များက ဒုံးကျည်ဖြင့် ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း ယုံဟပ်သတင်းအေဂျင်စီက ထုတ်ပြန်သည်။
မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းဌာန ကေစီအန်အေ၏ ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားတပ်ဖွဲ့များအကြား လက်နက်ကြီးပစ်ခတ်မှု ပြိုင်ပွဲကျင်းပစေခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားတွင် ပြည်သူ့ညီလာခံခေါ်ယူသွားမည်ဟု ကြေညာထားရာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ အံ့အားသင့်သွားသည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် လူစုလူဝေးများ ရှောင်ရှားနေကြချိန်တွင် မြောက်ကိုရီးယားက နိုင်ငံထိပ်တန်းခေါင်းဆောင် ၇၀၀ ခန့် စုရုံးကြမည် ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
တောင်ကိုရီးယားမှ ယုံဟပ်သတင်းအေဂျင်စီမှ သတင်းတစ်ရပ်အရ အရှေ့ ပင်လယ်အတွင်းသို့ ဒုံးကျည်တစ်စင်းပစ်လွှတ်မှု ပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြသည်။
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 08 Jul To 08 Aug
Central Shophouse
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service