မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်း ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ - Property News in Myanmar from iMyanmarHouse.com
763 Views

မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်း ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ

### Unicode Version ###

အမျိုးသားမြေအသုံးချမှုကောင်စီ၏ မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များစနစ်တကျရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို မတ် ၂၄ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှသိရသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ အမျိုးသားမြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၊ လုပ်ငန်းများကို အမျိုးသားမြေအသုံးချမှု မူဝါဒလမ်းညွှန်ချက်များနှင့်အညီအကောင်အထည်ဖော်ခြင်း၊ အမျိုးသား မြေအသုံးချမှု စီမံကိန်းများကို တစ်နိုင်ငံလုံးအတွက် အသစ်ရေးဆွဲခြင်း၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှုများ၊ မဟာဗျူဟာလုပ်ငန်း အစီအစဉ်များ ရေးဆွဲခြင်း စသည့်လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ အနေနှင့် မိမိတို့၏ အခန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက်ကျရာ နေရာမှပါဝင်ပြီး ကြိုးပမ်းထမ်းဆောင်ကြရန်နှင့် အမျိုးသားမြေအသုံးချမှုကောင်စီမှ မြေသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်နိုင်ရေး မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များကို အမျိုးသား မြေအသုံးချမှုမူဝါဒနှင့်အညီ စနစ်တကျ ရေးဆွဲအသုံးပြုနိုင်ရန်အတွက် အဖွဲ့ဝင်များအားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ညှိနှိုင်းကြစေလိုကြောင်း ပြောကြားသည်။

မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အမျိုးသားမြေအသုံးချမှုကော်မတီ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမြေအသုံးချမှု ကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် EU ၊ SDC တို့အကြား RoD ရေးထိုးခြင်းနှင့် EU အထောက်အပံ့နှင့် FAO မှ ဆောင်ရွက်မည့် စီမံကိန်းများကို လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရေးရာကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဆက်စပ်ဌာနများမှ အကြီးအကဲများနှင့် အဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်၊ အသုံးချနိုင်ရန် အတွက် လိုအပ်နေသည့် အမျိုးသား မြေအသုံးချမှု မူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ေျမအသုံးခ်မႈစီမံကိန္းမ်ား၊ ေျမအသုံးခ်မႈဇုန္မ်ား စနစ္တက်ေရးဆြဲအသုံးျပဳနိုင္ေရး ေျမအသုံးခ်မႈစီမံကိန္း ေရးဆြဲေရးႏွင့္ ေပါင္းစပ္ညႇိႏွိုင္းေရး လုပ္ငန္းေကာ္မတီ၏ ပထမအႀကိမ္အစည္းအေဝးက်င္းပ

အမ်ိဳးသားေျမအသုံးခ်မႈေကာင္စီ၏ ေျမအသုံးခ်မႈစီမံကိန္းမ်ား၊ ေျမအသုံးခ်မႈဇုန္မ်ားစနစ္တက်ေရးဆြဲအသုံးျပဳနိုင္ေရး ေျမအသုံးခ်မႈ စီမံကိန္းေရးဆြဲေရးႏွင့္ ေပါင္းစပ္ညႇိႏွိုင္းေရးလုပ္ငန္းေကာ္မတီ ပထမအႀကိမ္အစည္းအေဝးကို မတ္ ၂၄ ရက္က ေနျပည္ေတာ္ရွိ သစ္ေတာဦးစီးဌာန၊ အင္ၾကင္းခန္းမ၌ က်င္းပခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမွသိရသည္။

အစည္းအေဝးတြင္ ေကာ္မတီဥကၠ႒ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္ျမင့္က ေကာ္မတီ၏ အဓိကလုပ္ငန္းတာဝန္မ်ားျဖစ္သည့္ အမ်ိဳးသားေျမအသုံးခ်မႈေကာင္စီ၏ အမ်ိဳးသားေျမအသုံးခ်မႈစီမံကိန္း ေရးဆြဲေရးဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ား၊ လုပ္ငန္းမ်ားကို အမ်ိဳးသားေျမအသုံးခ်မႈ မူဝါဒလမ္းညႊန္ခ်က္မ်ားႏွင့္အညီအေကာင္အထည္ေဖာ္ျခင္း၊ အမ်ိဳးသား ေျမအသုံးခ်မႈ စီမံကိန္းမ်ားကို တစ္နိုင္ငံလုံးအတြက္ အသစ္ေရးဆြဲျခင္း၊ ျပန္လည္သုံးသပ္ျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ေရးလမ္းညႊန္မႈမ်ား၊ မဟာဗ်ဴဟာလုပ္ငန္း အစီအစဥ္မ်ား ေရးဆြဲျခင္း စသည့္လုပ္ငန္းတာဝန္မ်ားကို ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးအတြက္ လုပ္ငန္းေကာ္မတီ အဖြဲ႕ဝင္မ်ား အေနႏွင့္ မိမိတို႔၏ အခန္းက႑အလိုက္၊ ေနရာေဒသအလိုက္က်ရာ ေနရာမွပါဝင္ၿပီး ႀကိဳးပမ္းထမ္းေဆာင္ၾကရန္ႏွင့္ အမ်ိဳးသားေျမအသုံးခ်မႈေကာင္စီမွ ေျမသယံဇာတမ်ားကို စနစ္တက် စီမံအုပ္ခ်ဳပ္လုပ္ကိုင္နိုင္ေရး ေျမအသုံးခ်မႈစီမံကိန္းမ်ား၊ ေျမအသုံးခ်မႈဇုန္မ်ားကို အမ်ိဳးသား ေျမအသုံးခ်မႈမူဝါဒႏွင့္အညီ စနစ္တက် ေရးဆြဲအသုံးျပဳနိုင္ရန္အတြက္ အဖြဲ႕ဝင္မ်ားအားလုံးက ႀကိဳးပမ္းေဆာင္ရြက္ၾကရန္ႏွင့္ အစည္းအေဝးတြင္ ေရွ႕ဆက္ေဆာင္ရြက္ၾကရမည့္ လုပ္ငန္းမ်ားကို ပြင့္ပြင့္လင္းလင္း တင္ျပေဆြးေႏြး ညႇိႏွိုင္းၾကေစလိုေၾကာင္း ေျပာၾကားသည္။

ေျမအသုံးခ်မႈ စီမံကိန္းေရးဆြဲျခင္းႏွင့္ ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္ရမည့္ လုပ္ငန္းမ်ား၊ အမ်ိဳးသားေျမအသုံးခ်မႈေကာ္မတီ၏ လမ္းညႊန္ခ်က္မ်ား၊ အမ်ိဳးသားေျမအသုံးခ်မႈ ေကာင္စီႏွင့္ ဖြံ့ၿဖိဳးမႈမိတ္ဖက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ EU ၊ SDC တို႔အၾကား RoD ေရးထိုးျခင္းႏွင့္ EU အေထာက္အပံ့ႏွင့္ FAO မွ ေဆာင္ရြက္မည့္ စီမံကိန္းမ်ားကို လုပ္ငန္းေကာ္မတီအတြင္းေရးမႉး၊ သစ္ေတာဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာညီညီေက်ာ္က ေဆြးေႏြးၿပီး အစည္းအေဝးတက္ေရာက္လာေသာ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ေရးရာေကာ္မတီဝင္မ်ား၊ အျမဲတမ္းအတြင္းဝန္မ်ား၊ ဆက္စပ္ဌာနမ်ားမွ အႀကီးအကဲမ်ားႏွင့္ အဖြဲ႕ဝင္မ်ားက မိမိတို႔သက္ဆိုင္ရာအခန္းက႑အလိုက္ ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။

နိုင္ငံေတာ္၏ ေျမသယံဇာတမ်ားကို စဥ္ဆက္မျပတ္ စီမံအုပ္ခ်ဳပ္၊ အသုံးခ်နိုင္ရန္ အတြက္ လိုအပ္ေနသည့္ အမ်ိဳးသား ေျမအသုံးခ်မႈ မူဝါဒကို ၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလတြင္ ထုတ္ျပန္ ေၾကညာခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service