အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်အဆောက်အဦ (၁၈၉)လုံး၊ 4U4S (2Bed) အိမ်ခန်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မင်္ဂလာ နေပြည်တော်၌ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
1043 Views

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်အဆောက်အဦ (၁၈၉)လုံး၊ 4U4S (2Bed) အိမ်ခန်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မင်္ဂလာ နေပြည်တော်၌ဆောင်ရွက်

### Unicode Version ###

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်အဆောက်အဦ (၁၈၉) လုံး၊ 4U4S (2Bed) အိမ်ခန်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မင်္ဂလာကို မတ်လ ၂၁ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်း တောင်ဘက်တွင် အဆိုပါအိမ်ရာတည်ဆောက်မည့်မြေနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနား၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဆိုပါ အငြိမ်းစားဝန်ထမ်းအိမ်ရာ သည် ကော်မတီမှ စီမံခန့်ခွဲသည့် မြေဧရိယာ (၂၃၀)ဧကခန့်အနက် ပထမအဆင့်စီမံကိန်း ဧရိယာ (၆၉.၅)ဧက ပေါ်တွင်ဆောက်လုပ် မည်ဖြစ်ပြီး အဆောက်အဦဒီဇိုင်းပုံစံကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက အဆိုပြုရေးဆွဲထားသောအဆောက်အဦဗိသုကာပုံစံဖြစ်ကြောင်း၊အိမ်ရာတည်ဆောက်ရေးကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့ထံ လုပ်ငန်းအပ်နှံထားပြီး စတင်ချိန်မှ (၁) နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အဆောက်အဦအရည်အသွေးအတွက် ကောင်းမွန်စေရေး အတွက် ပြင်ပ third party QA/ QC အဖွဲ့များငှားရမ်း စစ်ဆေးစေမည်ဖြစ်ကြောင်း ပြောထားသည်။

အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် အခန်းတစ်ခန်းလျှင် (၆၅၀) စတုရန်းပေဖြင့် အိပ်ခန်း(၂)ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ရေချိုးခန်း၊သန့်စင်ခန်းများပါဝင်ပြီး ရိုးရိုးလှေကား၊ အရေးပေါ်ထွက်ပေါက်လှေကားများနှင့် သံကူကွန်ကရစ်(၄)ထပ် အဆောက်အဦစုစုပေါင်း (၁၈၉)လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းဝယ်ယူမည့် အငြိမ်းစားဝန်ထမ်းများအား နေပြည်တော်စည်ပင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံဘဏ်များ အသင်းဝင်ဘဏ်များမှ သတ်မှတ်အတိုးနှုန်းဖြင့် ချေးငွေ တိုက်ရိုက်ထုတ်ချေးပေးမည်ဖြစ်ပြီး၊ ကနဦးအနေဖြင့် ကျသင့်တန်ဖိုး၏ ပထမအရစ် (၂၀) ရာခိုင်နှုန်း သို့မဟုတ် (၃၀) ရာခိုင်နှုန်းကို ပေးသွင်းစေ၍ ကျန်ငွေအား အရစ်ကျငွေပေးသွင်းကာ ရောင်းချသွားရန်လျာထားကြောင်း၊ တိုက်ခန်းအလိုက် ပိုင်ဆိုင်မှုမှတ်ပုံတင်ကို ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

အဆိုပါ အိမ်ရာအတွက် လမ်း/တံတား၊ ရေပေးဝေရေးနှင့်လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများအတွက် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ သံကူကြန္ကရစ္အေဆာက္အဦ (၁၈၉)လုံး၊ 4U4S (2Bed) အိမ္ခန္း (၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း ပႏၷက္တင္မဂၤလာ ေနျပည္ေတာ္၌ေဆာင္ရြက္

အၿငိမ္းစားနိုင္ငံ့ဝန္ထမ္းအိမ္ရာ သံကူကြန္ကရစ္အေဆာက္အဦ (၁၈၉) လုံး၊ 4U4S (2Bed) အိမ္ခန္း (၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း ပႏၷက္တင္မဂၤလာကို မတ္လ ၂၁ ရက္က ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္၊ ဉာဏသိဒၶိရပ္ကြက္ ပ်ဥ္းမနား-ေတာင္ညိဳလမ္း ေတာင္ဘက္တြင္ အဆိုပါအိမ္ရာတည္ေဆာက္မည့္ေျမေနရာ၌ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ပႏၷက္တင္မဂၤလာအခမ္းအနား၌ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္က အဆိုပါ အၿငိမ္းစားဝန္ထမ္းအိမ္ရာ သည္ ေကာ္မတီမွ စီမံခန႔္ခြဲသည့္ ေျမဧရိယာ (၂၃၀)ဧကခန႔္အနက္ ပထမအဆင့္စီမံကိန္း ဧရိယာ (၆၉.၅)ဧက ေပၚတြင္ေဆာက္လုပ္ မည္ျဖစ္ၿပီး အေဆာက္အဦဒီဇိုင္းပုံစံကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ရြာႏွင့္အိုးအိမ္ဖြံ့ၿဖိဳးေရး ဦးစီးဌာနက အဆိုျပဳေရးဆြဲထားေသာအေဆာက္အဦဗိသုကာပုံစံျဖစ္ေၾကာင္း၊အိမ္ရာတည္ေဆာက္ေရးကို ျမန္မာနိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊ လိုင္စင္ရကန္ထရိုက္တာမ်ားအသင္းခ်ဳပ္တို႔ထံ လုပ္ငန္းအပ္ႏွံထားၿပီး စတင္ခ်ိန္မွ (၁) ႏွစ္အတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ၾကရမည္ ျဖစ္ေၾကာင္း၊ အေဆာက္အဦအရည္အေသြးအတြက္ ေကာင္းမြန္ေစေရး အတြက္ ျပင္ပ third party QA/ QC အဖြဲ႕မ်ားငွားရမ္း စစ္ေဆးေစမည္ျဖစ္ေၾကာင္း ေျပာထားသည္။

အၿငိမ္းစားဝန္ထမ္းအိမ္ရာတြင္ အခန္းတစ္ခန္းလၽွင္ (၆၅၀) စတုရန္းေပျဖင့္ အိပ္ခန္း(၂)ခန္း၊ ဧည့္ခန္း၊ မီးဖိုခန္း၊ေရခ်ိဳးခန္း၊သန႔္စင္ခန္းမ်ားပါဝင္ၿပီး ရိုးရိုးေလွကား၊ အေရးေပၚထြက္ေပါက္ေလွကားမ်ားႏွင့္ သံကူကြန္ကရစ္(၄)ထပ္ အေဆာက္အဦစုစုေပါင္း (၁၈၉)လုံး ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တိုက္ခန္းဝယ္ယူမည့္ အၿငိမ္းစားဝန္ထမ္းမ်ားအား ေနျပည္ေတာ္စည္ပင္ဘဏ္လီမိတက္၊ ျမန္မာနိုင္ငံဘဏ္မ်ား အသင္းဝင္ဘဏ္မ်ားမွ သတ္မွတ္အတိုးႏႈန္းျဖင့္ ေခ်းေငြ တိုက္ရိုက္ထုတ္ေခ်းေပးမည္ျဖစ္ၿပီး၊ ကနဦးအေနျဖင့္ က်သင့္တန္ဖိုး၏ ပထမအရစ္ (၂၀) ရာခိုင္ႏႈန္း သို႔မဟုတ္ (၃၀) ရာခိုင္ႏႈန္းကို ေပးသြင္းေစ၍ က်န္ေငြအား အရစ္က်ေငြေပးသြင္းကာ ေရာင္းခ်သြားရန္လ်ာထားေၾကာင္း၊ တိုက္ခန္းအလိုက္ ပိုင္ဆိုင္မႈမွတ္ပုံတင္ကို ေကာ္မတီ၏ စီမံခန႔္ခြဲမႈျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာၾကားသည္။

အဆိုပါ အိမ္ရာအတြက္ လမ္း/တံတား၊ ေရေပးေဝေရးႏွင့္လၽွပ္စစ္မီးသြယ္တန္းျခင္းလုပ္ငန္းမ်ားအတြက္ နိုင္ငံေတာ္ ေထာက္ပံ့ရန္ပုံေငြမွ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service