ကျန်စစ်မင်းအိမ်ရာ အပိုင်း (၂) လျှပ်စစ်ဓာတ်အားတပ်ဆင်မှု ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည် - Property News in Myanmar from iMyanmarHouse.com
3885 Views

ကျန်စစ်မင်းအိမ်ရာ အပိုင်း (၂) လျှပ်စစ်ဓာတ်အားတပ်ဆင်မှု ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်

### Unicode Version ###

လှိုင်သာယာရှိ ကျန်စစ်မင်းအိမ်ရာ အပိုင်း ၂ အတွက် လျှပ်စစ်ဓာတ်အားတပ်ဆင်မှုမှာ လာမည့် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလဝက်တွင် အပြီးတပ်ဆင်ရန်အတွက်ကိုလည်း တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။

လက်ရှိတွင် ကျန်စစ်မင်းအိမ်ရာ အပိုင်း (၂) စီမံကိန်းကို လျှပ်စစ်ဓာတ် အားရရှိရန် (၁၁/ဝ.၄) ကေဗွီ၊ ၂၀ဝ ကေဗွီအေ (Single Pole Type) ဓာတ်အားခွဲရုံနှစ်ရုံ၊ (၁၁/ဝ.၄) ကေဗွီ၊ ၁၆၀ ကေဗွီအေ (Single Pole Type) ဓာတ်အားခွဲရုံ ၃၈ ရုံနှင့် (၁၁၀/ဝ.၄) ကေဗွီ၊ ၁၀ဝ ကေဗွီအေ (Single Pole Type) ဓာတ်အားခွဲရုံ ၄ ရုံတို့ဖြစ်ပြီး ဓာတ်အားလိုင်းတည်ဆောက်မှုနှင့် အိမ်သုံးမီတာတပ်ဆင်ခြင်းအပါအဝင်လုပ်ငန်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နောက်ဆုံးထားလုပ်ဆောင်ရန် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီနဲ့ ဖေဖော်ဝါရီ ၁၇ ရက်က စာချုပ်ချုပ်ဆို ပြီးပါပြီ။ ဘယ်နေ့နောက်ဆုံးထားပြီး အပြီးဆောင်ရွက်သွားဖို့ကို သတိပေးချက်ထုတ်ပြန်တာပါ' ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျန်စစ်မင်းအိမ်ရာ အပိုင်း ၂ လျှပ်စစ်မီးရရှိရေး တင်ဒါပုံစံဝယ်ယူသည့် ကုမ္ပဏီ ၁၄ ခုအနက် ကုမ္ပဏီ ၅ ခု ဝင်ရောက်ယှဉ်ပြိုင်ရာ Thida Chanmyay Electrical Trading Co., Ltd မှလုပ်ငန်းတန်ဖိုး ၁၅၃ ဒသမ ၆၂၃ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကျန်စစ်မင်းအိမ်ရာအပိုင်း ၁ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချပေးခဲ့ပြီး အခန်းတန်ဖိုးများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၁၀၂ သိန်းမှ ၁၄၂ သိန်းအထိ အစားစားသတ်မှတ်ထားသလို အခန်းအကျယ်အဝန်းမှာလည်း ၄၈၄ စတုရန်း ပေပတ်လည်နှင့် ၅၂၂ စတုရန်းပေပတ်လည်ရှိကြောင်း သိရသည်။

ထို့ပြင် လေးခန်းတွဲ ငါးထပ်တိုက်ရှိအခန်းများအတွက် တစ်ခန်းလျှင် အနည်းဆုံး ၂၁၄ သိန်းမှ အများဆုံး ၂၇၄ သိန်းအထိရှိပြီး အခန်းအကျယ်အဝန်းအနေဖြင့် ၆၅၀ စတုရန်းပေပတ်လည်ရှိ ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

က်န္စစ္မင္းအိမ္ရာ အပိုင္း (၂) လွ်ပ္စစ္ဓာတ္အားတပ္ဆင္မႈ ၂၀၂၁ ႏွစ္ကုန္ပိုင္းတြင္ ၿပီးစီးမည္

လိႈင္သာယာရွိ က်န္စစ္မင္းအိမ္ရာ အပိုင္း ၂ အတြက္ လွ်ပ္စစ္ဓာတ္အားတပ္ဆင္မႈမွာ လာမည့္ ၂၀၂၁ ခုႏွစ္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

ထိုကဲ့သို႔ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလဝက္တြင္ အၿပီးတပ္ဆင္ရန္အတြက္ကိုလည္း တာဝန္ယူေဆာက္လုပ္သည့္ ကုမၸဏီသို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အသိေပးခ်က္ထုတ္ျပန္ခဲ့ေၾကာင္း သိရ သည္။

လက္ရွိတြင္ က်န္စစ္မင္းအိမ္ရာ အပိုင္း (၂) စီမံကိန္းကို လွ်ပ္စစ္ဓာတ္ အားရရွိရန္ (၁၁/ဝ.၄) ေကဗြီ၊ ၂၀ဝ ေကဗြီေအ (Single Pole Type) ဓာတ္အားခြဲ႐ံုႏွစ္႐ံု၊ (၁၁/ဝ.၄) ေကဗြီ၊ ၁၆၀ ေကဗြီေအ (Single Pole Type) ဓာတ္အားခြဲ႐ံု ၃၈ ႐ံုႏွင့္ (၁၁၀/ဝ.၄) ေကဗြီ၊ ၁၀ဝ ေကဗြီေအ (Single Pole Type) ဓာတ္အားခြဲ႐ံု ၄ ႐ံုတို႔ျဖစ္ၿပီး ဓာတ္အားလိုင္းတည္ေဆာက္မႈႏွင့္ အိမ္သံုးမီတာတပ္ဆင္ျခင္းအပါအဝင္လုပ္ငန္းမ်ားကို ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာ ၁၅ ရက္ေနာက္ဆံုးထားလုပ္ေဆာင္ရန္ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

'တင္ဒါေအာင္ျမင္ခဲ့တဲ့ ကုမၸဏီနဲ႔ ေဖေဖာ္ဝါရီ ၁၇ ရက္က စာခ်ဳပ္ခ်ဳပ္ဆို ၿပီးပါၿပီ။ ဘယ္ေန႔ေနာက္ဆံုးထားၿပီး အၿပီးေဆာင္ရြက္သြားဖို႔ကို သတိေပးခ်က္ထုတ္ျပန္တာပါ' ဟု ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

က်န္စစ္မင္းအိမ္ရာ အပိုင္း ၂ လွ်ပ္စစ္မီးရရွိေရး တင္ဒါပံုစံဝယ္ယူသည့္ ကုမၸဏီ ၁၄ ခုအနက္ ကုမၸဏီ ၅ ခု ဝင္ေရာက္ယွဥ္ၿပိဳင္ရာ Thida Chanmyay Electrical Trading Co., Ltd မွလုပ္ငန္းတန္ဖိုး ၁၅၃ ဒသမ ၆၂၃ သန္းျဖင့္ တင္ဒါေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ က်န္စစ္မင္းအိမ္ရာအပိုင္း ၁ ကို တိုင္းေဒသၾကီး အစိုးရအဖြဲ႔မွ ေရာင္းခ်ေပးခဲ့ၿပီး အခန္းတန္ဖိုးမ်ားမွာ ရွစ္ခန္းတြဲ ငါးထပ္တိုက္ရွိ အခန္းတစ္ခန္းလွ်င္ ေငြက်ပ္ ၁၀၂ သိန္းမွ ၁၄၂ သိန္းအထိ အစားစားသတ္မွတ္ထားသလို အခန္းအက်ယ္အဝန္းမွာလည္း ၄၈၄ စတုရန္း ေပပတ္လည္ႏွင့္ ၅၂၂ စတုရန္းေပပတ္လည္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေလးခန္းတြဲ ငါးထပ္တိုက္႐ွိအခန္းမ်ားအတြက္ တစ္ခန္းလွ်င္ အနည္းဆံုး ၂၁၄ သိန္းမွ အမ်ားဆံုး ၂၇၄ သိန္းအထိရွိၿပီး အခန္းအက်ယ္အဝန္းအေနျဖင့္ ၆၅၀ စတုရန္းေပပတ္လည္ရွိ ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service