ကမ္ဘာကပ်ရောဂါကြောင့် ထိခိုက်သည့် လုပ်ငန်း (၃) မျိုးကို ကုစားရန် အစိုးရက ကျပ်ဘီလီယံ ၁၀၀ မတည် - Property News in Myanmar from iMyanmarHouse.com
9967 Views

ကမ္ဘာကပ်ရောဂါကြောင့် ထိခိုက်သည့် လုပ်ငန်း (၃) မျိုးကို ကုစားရန် အစိုးရက ကျပ်ဘီလီယံ ၁၀၀ မတည်

### Unicode Version ###

အသက်ရှုလမ်းကြောင်းဆိုင်ရာ ကမ္ဘာကပ်ရောဂါ COVID-19 ကြောင့် အများဆုံးထိခိုက်သည့် စီးပွားရေးကဏ္ဍ သုံးခုကိုကုစားရန် အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ မတည်မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန် ကြီးဌာနက သတင်းထုတ်ပြန်သည် ။

ထိုကဏ္ဍ သုံးမျိုးတွင် အထည်ချုပ်အပါအဝင် လက်ခစား လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ SME လုပ်ငန်းများဖြစ်သည်။ ၎င်းတို့ကို ပြန်လည်ကုစားရန် အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် တစ်နှစ်သက်တမ်းချေးငွေပေးမယ်ဖြစ်သည်။

သို့သော်လည်း ချေးငွေသက်တမ်းနှင့် အတိုးနှုန်းကို လုပ်ငန်းများ ထိခိုက်မှု အပေါ်မူတည်၍ ပြန်လည်သုံးသပ်မည်ဟုဆိုသည်၊

ထိုချေးငွေကို ပြည်ထောင်စု အစိုးရ၏ နိုင်ငံတော်လှည့်လည်ရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ နှင့် လူမှုဖူလုံ ရေးရန်ပုံငွေမှ ကျပ်ဘီလီယံ ၅၀ သုံးစွဲမည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါလုပ်ငန်းများအတွက် သုံးလတစ်ကြိမ် ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် တစ်လတစ်ကြိမ်ပေးဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း စက်တင်ဘာအထိ အချိန်ပေးထားသည်။

ထို့ကြောင့် ဝင်ငွေခွန် နှင့် ကုန်သွယ်လုပ်ငန်းခွန်ကို လတ်တလောပေးဆောင်ရန် မလိုတော့ဘဲ နောက်ခြောက်လအ ကြာ စက်တင်ဘာမှသာ ပေးဆောင်ရမည်ဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးကဏ္ဍ၌ ကြုံတွေ့နေရသည့် အခက်အခဲများ သက်သာစေရန် ပို့ကုန်များအပေါ် ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာ ခိုင်နှုန်းကို ယခုဘဏ္ဍာနှစ်ကုန်ဆုံးချိန် စက်တင်ဘာလကုန်အထိ ကင်းလွတ်ခွင့်ပေးကြောင်း မတ် လ ၁၆ ရက်ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည် သူလူထုသို့ အစီရင်ခံစာမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ကမာၻကပ္​ေရာဂါ​ေၾကာင့္ ထိခိုက္သည့္ လုပ္ငန္း (၃) မ်ိဳးကိုကုစားရန္ အစိုးရက က်ပ္ဘီလီယံ ၁၀၀ မတည္

အသက္ရႈလမ္း​ေၾကာင္းဆိုင္​ရာ ကမာၻကပ္​ေရာဂါ COVID-19 ေၾကာင့္ အမ်ားဆုံးထိခိုက္သည့္ စီးပြား​ေရးက႑ သုံးခုကိုကုစားရန္ အစိုးရက က်ပ္​ေငြ ဘီလီယံ ၁၀၀ မတည္မည္ျဖစ္​ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ထိုက႑ သုံးမ်ိဳးတြင္ အထည္ခ်ဳပ္အပါအဝင္ လက္ခစား လုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ား၊ SME လုပ္ငန္းမ်ားျဖစ္သည္။ ၎တို႔ကို ျပန္လည္ကုစားရန္ အတိုးႏႈန္း တစ္ရာခိုင္ႏႈန္းျဖင့္ တစ္ႏွစ္သက္တမ္း​ေခ်း​ေငြ​ေပးမယ္ျဖစ္သည္။

သို႔​ေသာ္လည္း ​ေခ်း​ေငြသက္တမ္းႏွင့္ အတိုးႏႈန္းကို လုပ္ငန္းမ်ား ထိခိုက္မႈ အ​ေပၚမူတည္၍ ျပန္လည္သုံးသပ္မည္ဟုဆိုသည္၊

ထို​ေခ်း​ေငြကို ျပည္ေထာင္စု အစိုးရ၏ ႏိုင္ငံေတာ္လွည့္လည္ရန္ပုံေငြမွ က်ပ္ဘီလီယံ ၅၀ ႏွင့္ လူမႈဖူလုံ ေရးရန္ပုံေငြမွ က်ပ္ဘီလီယံ ၅၀ သုံးစြဲမည္ဟု ဆိုသည္။

ထို႔အျပင္ အဆိုပါလုပ္ငန္းမ်ားအတြက္ သုံးလတစ္ႀကိမ္ ေပးေဆာင္ရသည့္ ဝင္ေငြခြန္ႏွင့္ တစ္လတစ္ႀကိမ္ေပးေဆာင္ရသည့္ ကုန္သြယ္လုပ္ငန္းခြန္ကိုလည္း စက္တင္ဘာအထိ အခ်ိန္ေပးထားသည္။

ထို႔ေၾကာင့္ ဝင္ေငြခြန္ ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္ကို လတ္တေလာေပးေဆာင္ရန္ မလိုေတာ့ဘဲ ေနာက္ေျခာက္လအ ၾကာ စက္တင္ဘာမွသာ ေပးေဆာင္ရမည္ျဖစ္သည္။

COVID-19 ေၾကာင့္ စီးပြားေရးက႑၌ ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ား သက္သာေစရန္ ပို႔ကုန္မ်ားအေပၚ ႀကိဳတင္ ေကာက္ခံသည့္ ဝင္ေငြခြန္ ၂ ရာ ခိုင္ႏႈန္းကို ယခုဘ႑ာႏွစ္ကုန္ဆုံးခ်ိန္ စက္တင္ဘာလကုန္အထိ ကင္းလြတ္ခြင့္ေပးေၾကာင္း မတ္ လ ၁၆ ရက္ညပိုင္းတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္ သူလူထုသို႔ အစီရင္ခံစာမိန႔္ခြန္း၌ ထည့္သြင္းေျပာၾကားခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service