အာရှ ရန်ကုန်ဘဏ်ကို ဗဟိုဘဏ်က လိုင်စင်ရုတ်သိမ်း - Property News in Myanmar from iMyanmarHouse.com
18998 Views

အာရှ ရန်ကုန်ဘဏ်ကို ဗဟိုဘဏ်က လိုင်စင်ရုတ်သိမ်း

### Unicode Version ###

အာရှ ရန်ကုန်ဘဏ်သည် တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်းကြောင့် ဘဏ်လုပ်ငန်းလိုင်စင်ကို မတ် ၁၆ ရက်တွင် ဗဟိုဘဏ်က ရပ်ဆိုင်းလိုက်သည်။

မတ် ၁၆ ရက် ညနေပိုင်းမှ စတင်ပြီး ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထား၍ ထိုဘဏ်ကို အုပ်ချုပ်မည်ဟုဆိုသည်။

ထိုကြောင့် ထိုဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများသည် ရုံးချိန်အတွင်း ဘဏ်ခွဲများ၌ ငွေထုတ်ယူနိုင်ကြောင်း ဗဟိုဘဏ်ကဆိုသည်။

ဗဟိုဘဏ်သည် ငွေကြေးစနစ် တည်ငြိမ်ခိုင်မာမူကို ထိန်းသိမ်းရန်တာဝန်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

ဗဟိုဘဏ်က မတ်လ ၁၆ ရက် ညနေကစတင်ပြီး အုပ်ချုပ်သူခန့်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်သည်။

အာရှရန်ကုန်ဘဏ်သည် ဗဟိုဘဏ်တွင် မ,တည်ရင်းနှီးငွေ ကျပ် ခုနစ်ဘီလီယံခန့် ထားရှိသည်။

‘‘အပ်နှံထားတဲ့ ငွေတွေကို ဗဟိုဘဏ်က မနေ့ညက ထိန်းကျောင်းလိုက်ပြီဖြစ်လို့ ငွေသားတွေလည်း ဗဟိုဘဏ်က ကိုင်ထားလိုက်ပြီ။ ဗဟိုဘဏ်ကလည်း ပေးစရာရှိတာကို အချိန်နဲ့တစ်ပြေးညီ ပေးသွားမှာဖြစ်တယ်’’ ဟုပြည်သူလွှတ်တော်၊ ဘဏ်များ နှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ထိုဘဏ်တွင် အပ်နှံထားသည့် ငွေများ ပြန်လည်ထုတ်ပေးပြီးပါက ကျပ်သုံးဘီလီယံပိုဦးမည်ဖြစ်ပြီး ယခုကဲ့သို့ အရေးယူမှုကို ချက်ချင်းဆောင်ရွက်ခြင်းမဟုတ်ဘဲ အကြိမ်ကြိမ်သတိပေး ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အာရှရန်ကုန်ဘဏ်ဥက္ကဋ္ဌ ဦးမျိုးပိုင်က မှတ်ချက်မပေးလိုကြောင်း နှင့် အသေးစိတ်ကို မသိရှိသေးကြောင်း ပြောသည်။

ပုဂ္ဂလိကဘဏ်တစ်ခုကို ယခုကဲ့သို့ အရေးယူခြင်းသည် အဆန်းတကြယ်မဟုတ်ကြောင်း၊ အာရှဓနဘဏ်၊ မေဖလားဝါး ဘဏ် စသည်တို့ကိုလည်း ငွေကြေးခဝါချမှုကြောင့် အရေးယူခဲ့ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဟောင်းဖြစ်သူ ကမ္ဘောဇဘဏ် အုပ်စုအကြီးတန်း အကြံပေး ဦးသန်းလွင်က ဆိုသည်။

ထိုသို့ အရေးယူခြင်းသည် ငွေကြေးခဝါချမှု၊ စည်းကမ်းမလိုက်နာမှုနှင့် စီမံအုပ်ချုပ်မှု မကောင်းသည့် ပြဿနာများတွင်အရေးယူလေ့ရှိသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

လက်ရှိ အရေးယူခြင်းသည် ဘဏ်အငယ်စားဖြစ်၍ လိုင်စင်ပိတ်သိမ်းကာ အရေးယူခြင်းဖြစ်ပြီး ဘဏ်ကြီးများဖြစ်ပါက ပိုမိုညင်သာစွာကိုင်တွယ်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပေးသည်။

‘‘ဒါမျိုးက နိုင်ငံခြားတွေမှာလည်းရှိတယ်၊ ဘဏ်ရှယ်ယာတွေကို ဘဏ်ကြီးတွေဝယ်ခိုင်းတာမျိုး၊ ဒဏ်ငွေကြီးကြီးချတာမျိုး လုပ်လေ့ရှိတယ်’’ဟု ၎င်းက ဆိုသည်။

ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ အာရှရန်ကုန်ဘဏ်သည် လက်ရှိတွင် ဘဏ်ခွဲ ၁၀ ခုဖွင့်လှစ်ထားပြီး ဘဏ်ဖေ့စ်ဘွတ်ခ် ၌ ဘဏ်ခွဲ ၁၃ ခု ဖွင့်လှစ်ထားသည်ဟု ဖော်ပြထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အာရွ ရန္ကုန္ဘဏ္ကို ဗဟိုဘဏ္က လိုင္စင္႐ုတ္သိမ္း

အာရွ ရန္ကုန္ဘဏ္သည္ တည္ဆဲဥပ​ေဒမ်ားကို ခ်ိဳး​ေဖာက္ျခင္း​ေၾကာင့္ ဘဏ္လုပ္ငန္းလိုင္စင္ကို မတ္ ၁၆ ရက္တြင္ ဗဟိုဘဏ္က ရပ္ဆိုင္းလိုက္သည္။

မတ္ ၁၆ ရက္ ​ည​ေနပိုင္းမွ စတင္ၿပီး ဗဟိုဘဏ္က အုပ္ခ်ဳပ္သူခန္႔ထား၍ ထိုဘဏ္ကို အုပ္ခ်ဳပ္မည္ဟုဆိုသည္။

ထို​ေၾကာင့္ ထိုဘဏ္ႏွင့္ဆက္သြယ္​ေဆာင္႐ြက္သူမ်ားသည္ ႐ုံးခ်ိန္အတြင္း ဘဏ္ခြဲမ်ား၌ ​ေငြထုတ္ယူႏိုင္​ေၾကာင္း ဗဟိုဘဏ္ကဆိုသည္။

ဗဟိုဘဏ္သည္ ​ေငြ​ေၾကးစနစ္ တည္ၿငိမ္ခိုင္မာမူကို ထိန္းသိမ္းရန္တာဝန္အရ ​ေဆာင္႐ြက္ျခင္းျဖစ္သည္ဟုဆိုသည္။

ဗဟိုဘဏ္က မတ္လ ၁၆ ရက္ ညေနကစတင္ၿပီး အုပ္ခ်ဳပ္သူခန႔္ထားၿပီးျဖစ္သည္ဟု ထုတ္ျပန္သည္။

အာရွရန္ကုန္ဘဏ္သည္ ဗဟိုဘဏ္တြင္ မ,တည္ရင္းႏွီးေငြ က်ပ္ ခုနစ္ဘီလီယံခန႔္ထားရွိသည္။

‘‘အပ္ႏွံထားတဲ့ ေငြေတြကို ဗဟိုဘဏ္က မေန႔ညက ထိန္းေက်ာင္းလိုက္ၿပီျဖစ္လို႔ ေငြသားေတြလည္း ဗဟိုဘဏ္က ကိုင္ထားလိုက္ၿပီ။ ဗဟိုဘဏ္ကလည္း ေပးစရာရွိတာကို အခ်ိန္နဲ႔တစ္ေျပးညီ ေပးသြားမွာျဖစ္တယ္’’ ဟုျပည္သူလႊတ္ေတာ္၊ ဘဏ္မ်ားႏွင့္ ေငြေၾကးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီဥကၠ႒ ေဒၚခင္စန္းလႈိင္က ေျပာသည္။

ထိုဘဏ္တြင္ အပ္ႏွံထားသည့္ ေငြမ်ား ျပန္လည္ထုတ္ေပးျပီးပါက က်ပ္သုံးဘီလီယံပိုဦးမည္ျဖစ္ၿပီး ယခုကဲ့သို႔ အေရးယူမႈကိုခ်က္ခ်င္းေဆာင္႐ြက္ျခင္းမဟုတ္ဘဲ အႀကိမ္ႀကိမ္သတိေပး ၿပီးျဖစ္သည္ဟု ၎က ဆိုသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ အာရွရန္ကုန္ဘဏ္ဥကၠ႒ ဦးမ်ိဳးပိုင္က မွတ္ခ်က္မေပးလိုေၾကာင္း ႏွင့္ အေသးစိတ္ကို မသိရွိေသးေၾကာင္း ေျပာသည္။

ပုဂၢလိကဘဏ္တစ္ခုကို ယခုကဲ့သို႔ အေရးယူျခင္းသည္ အဆန္းတၾကယ္မဟုတ္ေၾကာင္း၊ အာရွဓနဘဏ္၊ ေမဖလားဝါး ဘဏ္ စသည္တို႔ကိုလည္း ေငြေၾကးခဝါခ်မႈေၾကာင့္ အေရးယူခဲ့ေၾကာင္း ဗဟိုဘဏ္ဒုတိယဥကၠ႒ ေဟာင္းျဖစ္သူ ကေမာၻဇဘဏ္ အုပ္စုအႀကီးတန္း အႀကံေပး ဦးသန္းလြင္က ဆိုသည္။

ထိုသို႔ အေရးယူျခင္းသည္ ေငြေၾကးခဝါခ်မႈ၊ စည္းကမ္းမလိုက္နာမႈႏွင့္ စီမံအုပ္ခ်ဳပ္မႈ မေကာင္းသည့္ ျပႆနာမ်ားတြင္အေရးယူေလ့ရွိသည္ဟု ၎က မွတ္ခ်က္ေပးသည္။

လက္ရွိ အေရးယူျခင္းသည္ ဘဏ္အငယ္စားျဖစ္၍ လိုင္စင္ပိတ္သိမ္းကာ အေရးယူျခင္းျဖစ္ၿပီး ဘဏ္ႀကီးမ်ားျဖစ္ပါက ပိုမိုညင္သာစြာကိုင္တြယ္လိမ့္မည္ဟု ၎က မွတ္ခ်က္ေပးသည္။

‘‘ဒါမ်ိဳးက ႏိုင္ငံျခားေတြမွာလည္းရွိတယ္၊ ဘဏ္ရွယ္ယာေတြကို ဘဏ္ႀကီးေတြဝယ္ခိုင္းတာမ်ိဳး၊ ဒဏ္ေငြႀကီးႀကီးခ်တာမ်ိဳး လုပ္ေလ့ရွိတယ္’’ဟု ၎က ဆိုသည္။

ဗဟိုဘဏ္ထုတ္ျပန္ထားခ်က္အရ အာရွရန္ကုန္ဘဏ္သည္ လက္ရွိတြင္ ဘဏ္ခြဲ ၁၀ ခုဖြင့္လွစ္ထားၿပီး ဘဏ္ေဖ့စ္ဘြတ္ခ္ ၌ ဘဏ္ခြဲ ၁၃ ခု ဖြင့္လွစ္ထားသည္ဟု ေဖာ္ျပထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service