ပဲခူးတိုင်းဝန်ကြီးချုပ် သိမ်းဆည်းခံ လယ်ယာမြေမြေဧရိယာ (၁၆၀) ဧကအတွက် လယ်သမားများအား ညှိနှိုင်းဖြေရှင်းပေးရန်တွေ့ဆုံ - Property News in Myanmar from iMyanmarHouse.com
864 Views

ပဲခူးတိုင်းဝန်ကြီးချုပ် သိမ်းဆည်းခံ လယ်ယာမြေမြေဧရိယာ (၁၆၀) ဧကအတွက် လယ်သမားများအား ညှိနှိုင်းဖြေရှင်းပေးရန်တွေ့ဆုံ

### Zawgyi Version ###

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းသည် သိမ်းဆည်းခံ လယ်ယာမြေမြေဧရိယာ(၁၆၀) ဧကအတွက် လယ်သမားများအား ညှိနှိုင်းဖြေရှင်း ပေးရန် မတ်လ(၁၆)ရက်က ပဲခူးတက္ကသိုလ်၌ တွေ့ဆုံခဲ့ကြောင်း ပဲခူးတိုင်းအစိုးရမှသိရသည်။

ယခင်က ပဲခူးတက္ကသိုလ် တည်ဆောက်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ နစ်နာ ကြေး၊ လျော်ကြေး ပေးလျော်ခဲ့ခြင်းမရှိသဖြင့် ယခုအခါ အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်ရန် လျာထားခဲ့သည့် မြေဧရိယာ (၁၆၀) ဧကအတွင်း နစ်နာခဲ့ရသည့် တောင်သူများအား ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်သည့် တစ်ဧကနှုန်းထား ငွေကျပ်သိန်း(၃၀)နှင့် မိမိတို့ပဲခူးတိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ (ပေ ၄၀× ပေ ၆၀) မြေကွက်(၁)ကွက် ခွင့်ပြုချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း နှင့် သက်ဆိုင်ရာတောင်သူများမှလည်း တစ်ဖွဲ့ချင်းအလိုက်တင်ပြပေးရန် ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်းသိရသည်။

ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၊ ကွင်းအမှတ်(၆၂၆)၊ ဘုရားသုံးဆူကွင်းနှင့် အထက်စီတီး အနောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၁၇)၊ ဘုရားသုံးဆူကွင်း၊ မြေဧရိယာ(၇၁၈.၆၅) ဧကအား ပဲခူးတက္ကသိုလ်မြေအဖြစ် ၁၉၉၅ ခုနှစ်၊ မေ(၁၆)ရက်က ပဲခူးတက္ကသိုလ် မြေအဖြစ် သိမ်းဆည်းခဲ့ပြီး၊ ယခုအခါ အဆိုပါမြေဧရိယာအနက်မှ မြေဧရိယာ(၁၆၀) ဧကအား အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) မြေအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တက်ရောက်လာသူများက အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် မြေစစ်မူဝါဒ (၅၂)ချက်နှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်ပေးရန်နှင့် ပဲခူးတက္ကသိုလ်မြေအဖြစ် စတင်သိမ်းယူစဉ်က လာဂမို့ကျေးရွာရှိ အိမ်ခြေများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လယ်ယာမြေများ ပါဝင်သွားမှုအား စိစစ်ဆောင်ရွက်ပေးရန်တို့အားတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာန ထပ်မံညှိနှိုင်း ဆောင်ရွက်ပေးရမည့် အချက်များနှင့် ဗဟိုမြေစစ်ကော်မတီသို့ ထပ်မံတင်ပြပေးရမည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ သိမ္းဆည္းခံ လယ္ယာေျမေျမဧရိယာ (၁၆၀) ဧကအတြက္ လယ္သမားမ်ားအား ညႇိႏွိုင္းေျဖရွင္းေပးရန္ေတြ႔ဆုံ

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးဝင္းသိန္းသည္ သိမ္းဆည္းခံ လယ္ယာေျမေျမဧရိယာ(၁၆၀) ဧကအတြက္ လယ္သမားမ်ားအား ညႇိႏွိုင္းေျဖရွင္း ေပးရန္ မတ္လ(၁၆)ရက္က ပဲခူးတကၠသိုလ္၌ ေတြ႕ဆုံခဲ့ေၾကာင္း ပဲခူးတိုင္းအစုိးရမွသိရသည္။

ယခင္က ပဲခူးတကၠသိုလ္ တည္ေဆာက္ရန္ သိမ္းဆည္းခဲ့ေသာ လယ္ယာေျမမ်ားအတြက္ သက္ဆိုင္ရာ ပညာေရးဝန္ႀကီးဌာနမွ နစ္နာ ေၾကး၊ ေလ်ာ္ေၾကး ေပးေလ်ာ္ခဲ့ျခင္းမရွိသျဖင့္ ယခုအခါ အစိုးရစက္မႈ၊လက္မႈသိပၸံ(ပဲခူး) တည္ေဆာက္ရန္ လ်ာထားခဲ့သည့္ ေျမဧရိယာ (၁၆၀) ဧကအတြင္း နစ္နာခဲ့ရသည့္ ေတာင္သူမ်ားအား ပညာေရးဝန္ႀကီးဌာနမွ သတ္မွတ္သည့္ တစ္ဧကႏႈန္းထား ေငြက်ပ္သိန္း(၃၀)ႏွင့္ မိမိတို႔ပဲခူးတိုင္းေဒသႀကီးအစိုးရမွ ထပ္မံ၍ (ေပ ၄၀× ေပ ၆၀) ေျမကြက္(၁)ကြက္ ခြင့္ျပဳခ်ထားေပးနိုင္ရန္ စီစဥ္ေဆာင္ရြက္ထားရွိေၾကာင္း ႏွင့္ သက္ဆိုင္ရာေတာင္သူမ်ားမွလည္း တစ္ဖြဲ႕ခ်င္းအလိုက္တင္ျပေပးရန္ ဝန္ႀကီးခ်ဳပ္ကေျပာၾကားခဲ့ေၾကာင္းသိရသည္။

ပဲခူးၿမိဳ႕နယ္၊ ဥႆာၿမိဳ႕သစ္၊ ရပ္ကြက္ႀကီး(၈)၊ ကြင္းအမွတ္(၆၂၆)၊ ဘုရားသုံးဆူကြင္းႏွင့္ အထက္စီတီး အေနာက္ေက်းရြာအုပ္စု၊ ကြင္းအမွတ္ (၆၁၇)၊ ဘုရားသုံးဆူကြင္း၊ ေျမဧရိယာ(၇၁၈.၆၅) ဧကအား ပဲခူးတကၠသိုလ္ေျမအျဖစ္ ၁၉၉၅ ခုႏွစ္၊ ေမ(၁၆)ရက္က ပဲခူးတကၠသိုလ္ ေျမအျဖစ္ သိမ္းဆည္းခဲ့ၿပီး၊ ယခုအခါ အဆိုပါေျမဧရိယာအနက္မွ ေျမဧရိယာ(၁၆၀) ဧကအား အစိုးရစက္မႈ၊လက္မႈသိပၸံ(ပဲခူး) ေျမအျဖစ္ အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

တက္ေရာက္လာသူမ်ားက အစိုးရစက္မႈ၊လက္မႈသိပၸံ(ပဲခူး) တည္ေဆာက္ရာတြင္ ပါဝင္သြားသည့္ လယ္ယာေျမမ်ားအတြက္ ေျမစစ္မူဝါဒ (၅၂)ခ်က္ႏွင့္အညီ ျပန္လည္စိစစ္ေဆာင္ရြက္ေပးရန္ႏွင့္ ပဲခူးတကၠသိုလ္ေျမအျဖစ္ စတင္သိမ္းယူစဥ္က လာဂမို႔ေက်းရြာရွိ အိမ္ေျခမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ လယ္ယာေျမမ်ား ပါဝင္သြားမႈအား စိစစ္ေဆာင္ရြက္ေပးရန္တို႔အားတင္ျပခဲ့ရာ ဝန္ႀကီးခ်ဳပ္က ပညာေရးဝန္ၾကီးဌာန ထပ္မံညႇိႏွိုင္း ေဆာင္ရြက္ေပးရမည့္ အခ်က္မ်ားႏွင့္ ဗဟိုေျမစစ္ေကာ္မတီသို႔ ထပ္မံတင္ျပေပးရမည့္ အေျခအေနမ်ားအား ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service