ဗိုင်းရပ်စ် COVID-19 ကြောင့် ထိခိုက်မူများအတွက် အခွန်သက်သာခွင့်နှင့် အတိုးနှုန်းသက်သာသော ချေးငွေများ စီမံပေးမည်ဟု အတိုင်ပင်ခံဆို - Property News in Myanmar from iMyanmarHouse.com
600 Views

ဗိုင်းရပ်စ် COVID-19 ကြောင့် ထိခိုက်မူများအတွက် အခွန်သက်သာခွင့်နှင့် အတိုးနှုန်းသက်သာသော ချေးငွေများ စီမံပေးမည်ဟု အတိုင်ပင်ခံဆို

### Unicode Version ###

COVID-19 ကြောင့် ထိခိုက်မူအများဆုံးကြုံတွေ့နိုင်သည့် စီးပွားရေးလုပ်ငန်းများကို အထူးသက်သာသောအတိုးနှုန်းဖြင့်ချေးငွေများနှင့်အခွန်သက်သာခွင့်ရရှိရေး စီမံပေးမည်ဖြစ်ကြောင်း နှင့် ပို့ကုန်များအပေါ် ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ယခုဘဏ္ဍာနှစ်ကုန်ဆုံးချိန်အထိ ကင်းလွတ်ခွင့်ပြုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ယမန် နေ့တွင် ပြောကြားသည့် ပြည်သူလူထုသို့ပထဦးဆုံးအကြိမ်ပြောကြားသည့် အစီရင်ခံစာမိန့်ခွန်း၌ အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

"စီးပွားရေးနဲ့ပတ်သက်လို့ပြည်သူ့ပြည်သားများမနစ်နာစေဖို့ ၊တတ်နိုင်သမျှ ကျွန်မတို့အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေဖို့ ၊အလုပ်ရုံများဆက်လက်လည်ပတ်နိုင်ဖို့ ၊နိုင်ငံစီးပွားလည်ပတ်မှုကိုထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ကိုရည်ရွယ်ပြီးအခွန်အကောက် ဖြေလျော့ခြင်း ၊အတိုးနှုန်း လျော့ချခြင်း စတာတွေကိုဆောင်ရွက်မှာဖြစ်ပါတယ်။

COVID-19 ကြောင့်စီးပွားရေးထိခိုက်မှုအများဆုံးကြုံတွေ့နိုင်ရတဲ့ လုပ်ငန်းများ ၊CMP လို့အများ သိကြတဲ့ကုန်ကြမ်းပေးကုန်ချောယူ လက်ခစားစနစ် ၊ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းများ ၊ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အထူးသက်သာသောအတိုးနှုန်းနဲ့ ချေးငွေများနဲ့အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေးစီမံသွားပေးမှာဖြစ်ပါတယ်။

ဒါအပြင်ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံထားတဲ့ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်းကိုလည်း ယခုဘဏ္ဍာနှစ်ကုန်ထိ ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ " ဟု အတိုင်ပင်ခံကဆိုသည်။

စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူများ မနစ်နာစေရန်၊ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန်၊ စက်ရုံအလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ရန်နှင့် နိုင်ငံစီးပွားရေးလည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ အခွန်အကောက်ဖြေလျော့မူ၊ ဘဏ်အတိုးနှုန်းလျှော့ချမှုတို့ကို ဆောင်ရွက်သွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် စီးပွားရေးကဏ္ဍ နှင့်ပတ်သက်၍ လက်ခစား အထည်ချုပ်စက်ရုံများ၊ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အထောက်အပံ့ ဖြစ်စေမည့်အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးမည်ဟု ဒေါ် အောင်ဆန်းစုကြည်ကပြောသည်။

ထိုလုပ်ငန်းများကို သက်သာသော အတိုးနှုန်းဖြင့်ဘဏ်များမှ ငွေချေးယူနိုင်ရန်လည်းဆောင်ရွက်ပေးမည့်အပြင် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များပေးမည်ဟု ဆိုသည်။

ထို့အပြင် COVID-19 နှင့် ပတ်သက်၍ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်ဖြစ်၍ ပြည်သူများက ထည့်ဝင်လှူဒါန်းပေးရန်လည်း တိုက်တွန်းသည်။

ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံသားများ အလေးထားနိုင်ရန်နှင့် လိုက်နာဆောင်ရွက်ရန် ထပ်မံမှာကြားသည်။

ထို့အပြင် သင်္ကြန်ပွဲအပါအဝင် လူစုလူဝေးဖြစ်စေမည့်ပွဲတော်များ လတ်တလောမကျင်းပရေး၊ အစိုးရိမ်လွန်ပြီး စားနပ်ရိက္ခာ စုဆောင်းမှုများ မပြုလုပ်စေရေးတို့ ကိုလည်း ထည့်သွင်းပြောကြားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဗိုင္းရပ္စ္ ​​​COVID-19 ေၾကာင့္ ထိခိုက္မူမ်ားအတြက္ အခြန္သက္သာခြင့္ႏွင့္ အတိုးႏႈန္းသက္သာ​ေသာ ​ေခ်းေငြမ်ား စီမံ​ေပးမည္ဟု ​​အတိုင္ပင္ခံ​ဆို

COVID-19 ေၾကာင့္ ထိခိုက္မူအမ်ားဆုံးႀကဳံ​ေတြ႕ႏိုင္သည့္ စီးပြား​​ေရးလုပ္ငန္းမ်ားကို အထူးသက္သာ​ေသာအတိုးႏႈန္းျဖင့္​ေခ်းေငြမ်ားႏွင့္အခြန္သက္သာခြင့္​ရရွိ​ေရး စီမံ​ေပးမည္ျဖစ္ေၾကာင္း ႏွင့္ ပို႔ကုန္မ်ားအေပၚ ႀကိဳတင္ ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းကို ယခုဘ႑ာႏွစ္ကုန္ဆုံးခ်ိန္အထိ ကင္းလြတ္ခြင့္ျပဳေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က​ေျပာသည္။

ယမန္ ေန႔တြင္ ေျပာၾကားသည့္ ျပည္သူလူထုသို႔ပထဦးဆုံးအႀကိမ္​ေျပာၾကားသည့္ အစီရင္ခံစာမိန႔္ခြန္း၌ အတိုင္ပင္ခံက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

"စီးပြားေရးနဲ႔ပတ္သက္လို႔ျပည္သူ႔ျပည္သားမ်ားမနစ္နာေစဖို႔ ၊တတ္ႏိုင္သမွ် ကြၽန္မတို႔အလုပ္သမားမ်ား အလုပ္လက္မဲ့မျဖစ္ေစဖို႔ ၊အလုပ္႐ုံမ်ားဆက္လက္လည္ပတ္ႏိုင္ဖို႔ ၊ႏိုင္ငံစီးပြားလည္ပတ္မႈကိုထိခိုက္မႈအနည္းဆုံးျဖစ္ေစဖို႔ ကိုရည္႐ြယ္ၿပီးအခြန္အေကာက္ ေျဖေလ်ာ့ျခင္း ၊အတိုးႏႈန္းေလ်ာ့ခ်ျခင္း စတာေတြကိုေဆာင္႐ြက္မွာျဖစ္ပါတယ္။

COVID-19 ေၾကာင့္စီးပြားေရးထိခိုက္မႈအမ်ားဆုံးႀကဳံေတြ႕ႏိုင္ရတဲ့ လုပ္ငန္းမ်ား ၊CMP လို႔အမ်ား သိၾကတဲ့ကုန္ၾကမ္းေပးကုန္ေခ်ာယူ လက္ခစားစနစ္ ၊ ဟိုတယ္နဲ႔ ခရီးသြားလာေရး လုပ္ငန္းမ်ား ၊ အေသးစားနဲ႔အလတ္စားစီးပြားေရးလုပ္ငန္းမ်ားအတြက္ အထူးသက္သာေသာအတိုးႏႈန္းနဲ႔ ေခ်းေငြမ်ားနဲ႔အခြန္ကင္းလြတ္ခြင့္ရရွိႏိုင္ေရးစီမံသြားေပးမွာျဖစ္ပါတယ္။

ဒါအျပင္ပို႔ကုန္လုပ္ငန္းမ်ားမွ ႀကိဳတင္ေကာက္ခံထားတဲ့ ဝင္ေငြခြန္ႏွစ္ရာခိုင္ႏႈန္းကိုလည္း ယခုဘ႑ာႏွစ္ကုန္ထိ ကင္းလြတ္ခြင့္ေပးသြားမွာျဖစ္ပါတယ္။ " ဟု အတိုင္ပင္ခံကဆိုသည္။

စီးပြားေရးႏွင့္ ပတ္သက္၍ ျပည္သူမ်ား မနစ္နာေစရန္၊ အလုပ္သမားမ်ား အလုပ္လက္မဲ့မျဖစ္ေစရန္၊ စက္႐ုံအလုပ္႐ုံမ်ား ဆက္လက္လည္ပတ္ႏိုင္ရန္ႏွင့္ ႏိုင္ငံစီးပြားေရးလည္ပတ္မႈကို ထိခိုက္မႈအနည္းဆုံးျဖစ္ေစရန္ ရည္႐ြယ္၍ အခြန္အ​ေကာက္​ေျဖ​ေလ်ာ့မူ၊ ဘဏ္အတိုးႏႈန္းေလွ်ာ့ခ်မႈတို႔ကို ေဆာင္႐ြက္သြားမည္ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ထို႔အျပင္ စီးပြားေရးက႑ ႏွင့္ပတ္သက္၍ လက္ခစား အထည္ခ်ဳပ္စက္႐ုံမ်ား၊ ဟိုတယ္ ႏွင့္ ခရီးသြားလာေရးလုပ္ငန္းမ်ား၊ အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ားအတြက္ အေထာက္အပံ့ ျဖစ္ေစမည့္အစီအစဥ္မ်ားကိုလည္း ေဆာင္႐ြက္ေပးမည္ဟု ေဒၚ ေအာင္ဆန္းစုၾကည္ကေျပာသည္။

ထိုလုပ္ငန္းမ်ားကို သက္သာေသာ အတိုးႏႈန္းျဖင့္ဘဏ္မ်ားမွ ေငြေခ်းယူႏိုင္ရန္လည္းေဆာင္႐ြက္ေပးမည့္အျပင္ အခြန္ကင္းလြတ္ခြင့္၊ သက္သာခြင့္မ်ားေပးမည္ဟု ဆိုသည္။

ထို႔အျပင္ COVID-19 ႏွင့္ ပတ္သက္၍ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးဆိုင္ရာ ရန္ပုံေငြတစ္ရပ္ ထူေထာင္ရမည္ျဖစ္၍ ျပည္သူမ်ားက ထည့္ဝင္လႉဒါန္းေပးရန္လည္း တိုက္တြန္းသည္။

ထို႔အျပင္ က်န္းမာေရးႏွင့္ ပတ္သက္၍ႏိုင္ငံသားမ်ား အေလးထားႏိုင္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ရန္ ထပ္မံမွာၾကားသည္။

ထို႔အျပင္ သၾကၤန္ပြဲအပါအဝင္ လူစုလူေဝးျဖစ္ေစမည့္ပြဲေတာ္မ်ား လတ္တေလာမက်င္းပေရး၊ အစိုးရိမ္လြန္ၿပီး စားနပ္ရိကၡာစုေဆာင္းမႈမ်ား မျပဳလုပ္ေစေရးတို႔ ကိုလည္း ထည့္သြင္းေျပာၾကားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service