ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ မြေ ဧက ၁၁၀၀ ကျော်ကို စမတ်ခရိုင်အဖြစ်အကောင်အထည်ဖော်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1080 Views

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ မြေ ဧက ၁၁၀၀ ကျော်ကို စမတ်ခရိုင်အဖြစ်အကောင်အထည်ဖော်ရန် စီစဉ်

### Unicode Version ###

ဒဂုံမြို့သစ် (ဆိပ်ကမ်း) ရှိမြေဧက ၁,၁၀၀ ကျော်တွင် Smart District (စမတ်ခရိုင်)အဖြစ် ဆောင်ရွက်နိုင်ရေး တိုင်းရင်းသားကုမ္ပဏီတစ်ခုကို စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာတင်သွင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝဏ်-ရတနာအိမ်ရာ စီမံကိန်းနှင့် ဆက်စပ်နေသော မြေများပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

တည်ဆောက်ဆဲအဆောက်အအုံ ၃၅ လုံးပါဝင်ပြီး ဧရာဝဏ်လမ်း၊ ရွှေလီလမ်းနှင့် ရတနာလမ်းရှိ မြေနေရာများပါဝင်မည်ဖြစ်သည်။ ၎င်းတို့တွင် လမ်း၊ ရေ၊ မီး၊ မိလ္လာ၊ အိုင်တီကွန်ရက်၊ CCTV နှင့် လုံခြုံရေးစနစ်အခြေခံအဆောက်အအုံများပါဝင်မည်ဖြစ်သည်။

ဧရာဝဏ် - ရတနာအိမ်ရာစီမံကိန်းကို ၂၀၁၃ တွင် အစိုးရကတည်ဆောက်ခဲ့ပြီး တိုက်အလုံးရေ ၄၉ လုံးတည်ဆောက်ရန် စီစဉ်ခဲ့သည်။

ထိုစီမံကိန်းအတွက် ကုမ္ပဏီ က Swiss Challenge တင်သွင်းရမည်ဖြစ်ပြီး Swiss Challenge ဆိုသည်မှာ စီမံကိန်းတစ်ခုကို ကုမ္ပဏီတစ်ခုက စီမံကိန်းဒီဇိုင်းပုံစံနှင့် ကုန်ကျစရိတ်များကိုဦးစွာအဆို ပြုတင်သွင်းရခြင်းဖြစ်သည်။ ကျန်ကုမ္ပဏီများက ထိုကုမ္ပဏီ တင်ပြလာသည့် ဒီဇိုင်းပုံစံအပေါ် ကုန်ကျစရိတ်ကို ယှဉ်ပြိုင်၍ဈေးနှုန်းအဆိုပြုရခြင်းဖြစ်သည်။

ထိုစီမံကိန်းကို ဝင်ရောက်ယှဉ်ပြိုင်ရသည့် ကုမ္ပဏီကမူလအဆိုပြု ကုမ္ပဏီကို ယှဉ်ပြိုင်အနိုင်ရပါက ဒီဇိုင်းကုန်ကျစရိတ်နှင့် စီမံကိန်း လေ့လာဆန်းစစ်မှုကုန်ကျစရိတ်ကို ပြန်လည်ကျခံပေး၍ လုပ်ကိုင်ခွင့်ရခြင်းဖြစ်သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းနှစ်ခုကို ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်နေ ခြင်းဖြစ်သည်။ အပိုင်း (၁) တွင် မြေ ဧက ၂၈၅၀ ပါဝင်ပြီး အပိုင်း (၂) အတွက်မြေ ၆,၅၅၅ ဧက ရှိသည် ဟု ရန်ကုန်တိုင်းအစိုးရ၏ စီမံကိန်းဘဏ်စာရင်းတွင်ဖော်ပြထားသည်။

ထိုစီမံကိန်းများသည် အသေးစားနှင့် အလတ်စားစက်မှုဇုန်နှင့် လူနေအိမ်ရာများပါဝင်မည်ဟုဆိုထားသည်။ ယင်းစီမံကိန်းများကို တိုင်းအစိုးရက ၂၀၁၈ တွင်အကြိုလေ့လာမှုများ ဆောင်ရွက်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္ရွိ ေျမ ဧက ၁၁၀၀ ေက်ာ္ကို စမတ္ခ႐ိုင္အျဖစ္အေကာင္အထည္ေဖာ္ရန္ စီစဥ္

ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ရွိေျမဧက ၁,၁၀၀ ေက်ာ္တြင္ Smart District (စမတ္ခ႐ိုင္)အျဖစ္ ေဆာင္႐ြက္ႏိုင္ေရး တိုင္းရင္းသားကုမၸဏီတစ္ခုကို စီမံကိန္းယွဥ္ၿပိဳင္အဆိုျပဳလႊာတင္သြင္းရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဖိတ္ေခၚသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ ဧရာဝဏ္-ရတနာအိမ္ရာ စီမံကိန္းႏွင့္ ဆက္စပ္ေနေသာ ေျမမ်ားပါဝင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။

တည္ေဆာက္ဆဲအေဆာက္အအုံ ၃၅ လုံးပါဝင္ၿပီး ဧရာဝဏ္လမ္း၊ ေ႐ႊလီလမ္းႏွင့္ ရတနာလမ္းရွိ ေျမေနရာမ်ားပါဝင္မည္ျဖစ္သည္။ ၎တို႔တြင္ လမ္း၊ ေရ၊ မီး၊ မိလႅာ၊ အိုင္တီကြြန္ရက္၊ CCTV ႏွင့္ လုံၿခဳံေရးစနစ္အေျခခံအေဆာက္အအုံမ်ားပါဝင္မည္ျဖစ္သည္။

ဧရာဝဏ္ - ရတနာအိမ္ရာစီမံကိန္းကို ၂၀၁၃ တြင္ အစိုးရကတည္ေဆာက္ခဲ့ၿပီး တိုက္အလုံးေရ ၄၉ လုံးတည္ေဆာက္ရန္ စီစဥ္ခဲ့သည္။

ထိုစီမံကိန္းအတြက္ ကုမၸဏီ က Swiss Challenge တင္သြင္းရမည္ျဖစ္ၿပီး Swiss Challenge ဆိုသည္မွာ စီမံကိန္းတစ္ခုကို ကုမၸဏီတစ္ခုက စီမံကိန္းဒီဇိုင္းပုံစံႏွင့္ ကုန္က်စရိတ္မ်ားကိုဦးစြာအဆို ျပဳတင္သြင္းရျခင္းျဖစ္သည္။ က်န္ကုမၸဏီမ်ားက ထိုကုမၸဏီ တင္ျပလာသည့္ ဒီဇိုင္းပုံစံအေပၚ ကုန္က်စရိတ္ကို ယွဥ္ၿပိဳင္၍ေစ်းႏႈန္းအဆိုျပဳရျခင္းျဖစ္သည္။

ထိုစီမံကိန္းကို ဝင္ေရာက္ယွဥ္ၿပိဳင္ရသည့္ ကုမၸဏီကမူလအဆိုျပဳ ကုမၸဏီကို ယွဥ္ၿပိဳင္အႏိုင္ရပါက ဒီဇိုင္းကုန္က်စရိတ္ႏွင့္ စီမံကိန္း ေလ့လာဆန္းစစ္မႈကုန္က်စရိတ္ကို ျပန္လည္က်ခံေပး၍ လုပ္ကိုင္ခြင့္ရျခင္းျဖစ္သည္။

ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) တြင္ စက္မႈဇုန္ႏွင့္ အိမ္ရာစီမံကိန္းႏွစ္ခုကို ရန္ကုန္တိုင္းအစိုးရက အေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။ အပိုင္း (၁) တြင္ ေျမ ဧက ၂၈၅၀ ပါဝင္ၿပီး အပိုင္း (၂) အတြက္ေျမ ၆,၅၅၅ ဧက ရွိသည္ဟု ရန္ကုန္တိုင္းအစိုးရ၏ စီမံကိန္းဘဏ္စာရင္းတြင္ေဖာ္ျပထားသည္။

ထိုစီမံကိန္းမ်ားသည္ အေသးစားႏွင့္ အလတ္စားစက္မႈဇုန္ႏွင့္ လူေနအိမ္ရာမ်ားပါဝင္မည္ဟုဆိုထားသည္။ ယင္းစီမံကိန္းမ်ားကို တိုင္းအစိုးရက ၂၀၁၈ တြင္အႀကိဳေလ့လာမႈမ်ား ေဆာင္႐ြက္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service