ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
5069 Views

ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ

### Unicode Version ###

အစိုးရ၏ အငှားအိမ်ရာ စီမံကိန်းတစ်ခုဖြစ်သည့် မြေ ၁၇ ဧကကျယ်ဝန်းသည့် ကြို့ကုန်းအိမ်ရာ ပြန်လည်အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို သီလဝါအများပိုင်ကုမ္ပဏီ (MTSH) က တင်ဒါရကြောင်းအဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

ထိုစီမံကိန်းသည် အိမ်ရာအတွင်းနေထိုင်သူများ ပြန်လည်နေရာချထားရေး အဆောက်အဦးများဆောက်လုပ်ရန်တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာများ၊ ဈေးဝယ်စင်တာများနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦး ဆောက်လုပ်ရန်ဖြစ်သည်။

စီမံကိန်းတန်ဖိုးသည် ကျပ် ၁၇၈ ဘီလီယံကုန်ကျမည်ဖြစ်ပြီး MTSH ကုမ္ပဏီက တင်ဒါရရှိခြင်းမှာ သီလဝါအထူးစီးပွားရေးဇုန်တွင် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာတောင့်တင်းခြင်းနှင့် ကော်ပရိတ်အုပ်ချုပ်ပုံစနစ်တို့ကြောင့် တင်ဒါရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကုမ္ပဏီအနေဖြင့် အစိုးရ၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့နှင့် စာချုပ်များအပြီးသတ်ချုပ်ဆို ဆောင်ရွက်ပြီးမှသာ တင်ဒါအပြီးသတ်အောင်မြင်သူအဖြစ် သတ်မှတ်နိုင်သည်ဆိုသည်။ ထို့ကြောင့် ရှယ်ယာအရောင်းအဝယ်ကိစ္စရပ်များကို သတိထားဆောင်ရွက်ရန် ကုမ္ပဏီက အစုရှယ်ယာရှင်များအား သတိပေးထားသည်။

ရန်ကုန်တိုင်း အစိုးရက အင်းစိန်၊ ကြို့ကုန်းအိမ်ရာကို အဆင့်မြှင့်တင်ရေး ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ်အကောင်အထည်ဖော်ရန် နိုဝင်ဘာ ၁၃ ရက် တွင် တင်ဒါဖိတ်ခေါ်ခဲ့သည်။

ရန်ကုန်တိုင်း အစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်အစိုးရက ပြည်သူ့အိမ်ရာများကို အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းအနက် တစ်ခုဖြစ်သည်။ စီမံကိန်းအဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများ စိစစ်ရွေးချယ်ခြင်းကို Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့သည်။

ကြို့ကုန်းအိမ်ရာကို ၁၉၅၂ တွင် တည်ဆောက်ခဲ့ပြီး ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးအိမ်ရာတို့ နှင့်အတူ အငှားအိမ်ရာအဖြစ် ဆောင်ရွက်ခဲ့သည်။

MTSH ကုမ္ပဏီသည် သီလဝါအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရာတွင်မြန်မာဘက်မှပါဝင်ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပြီး အများပြည်သူရှယ်ယာ ၁၇,၀၀၀ ကျော်ပါဝင်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ႀကိဳ႕ကုန္းအိမ္ရာ ျပန္လည္ဖြံၿဖိဳးေရးစီမံကိန္းအတြက္ သီလဝါအမ်ားပိုင္ကုမၸဏီ (MTSH) လုပ္ကိုင္ခြင့္ရ

အစိုးရ၏ အငွားအိမ္ရာ စီမံကိန္းတစ္ခုျဖစ္သည့္ ေျမ ၁၇ ဧကက်ယ္ဝန္းသည့္ ႀကိဳ႕ကုန္းအိမ္ရာ ျပန္လည္အဆင့္ျမႇင့္တင္ျခင္းစီမံကိန္းကို သီလဝါအမ်ားပိုင္ကုမၸဏီ (MTSH) က တင္ဒါရေၾကာင္းအဆိုပါကုမၸဏီက ထုတ္ျပန္သည္။

ထိုစီမံကိန္းသည္ အိမ္ရာအတြင္းေနထိုင္သူမ်ား ျပန္လည္ေနရာခ်ထားေရး အေဆာက္အဦးမ်ားေဆာက္လုပ္ရန္တန္ဖိုးသင့္၊ တန္ဖိုးမွ် အိမ္ရာမ်ား၊ ေဈးဝယ္စင္တာမ်ားႏွင့္ စီးပြားေရးဆိုင္ရာ အေဆာက္အဦး ေဆာက္လုပ္ရန္ျဖစ္သည္။

စီမံကိန္းတန္ဖိုးသည္ က်ပ္ ၁၇၈ ဘီလီယံကုန္က်မည္ျဖစ္ၿပီး MTSH ကုမၸဏီက တင္ဒါရရွိျခင္းမွာ သီလဝါအထူးစီးပြားေရးဇုန္တြင္ အႀကီးစားၿမိဳ႕ျပႏွင့္ အိမ္ရာစီမံကိန္းေဆာင္႐ြက္ခဲ့သည့္ အေတြ႕အႀကဳံရွိျခင္း၊ ဘ႑ာေရးဆိုင္ရာေတာင့္တင္းျခင္းႏွင့္ ေကာ္ပရိတ္အုပ္ခ်ဳပ္ပုံစနစ္တို႔ေၾကာင့္ တင္ဒါရရွိခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

ကုမၸဏီအေနျဖင့္ အစိုးရ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္တို႔ႏွင့္ စာခ်ဳပ္မ်ားအၿပီးသတ္ခ်ဳပ္ဆို ေဆာင္႐ြက္ၿပီးမွသာ တင္ဒါအၿပီးသတ္ေအာင္ျမင္သူအျဖစ္ သတ္မွတ္ႏိုင္သည္ဆိုသည္။ ထို႔ေၾကာင့္ ရွယ္ယာအေရာင္းအဝယ္ကိစၥရပ္မ်ားကို သတိထားေဆာင္႐ြက္ရန္ ကုမၸဏီက အစုရွယ္ယာရွင္မ်ားအား သတိေပးထားသည္။

ရန္ကုန္တိုင္း အစိုးရက အင္းစိန္၊ ႀကိဳ႕ကုန္းအိမ္ရာကို အဆင့္ျမႇင့္တင္ေရး ျပန္လည္ဖြံ႕ၿဖိဳးေရးစီမံကိန္းအျဖစ္အေကာင္အထည္ေဖာ္ရန္ ႏိုဝင္ဘာ ၁၃ ရက္ တြင္ တင္ဒါဖိတ္ေခၚခဲ့သည္။

ရန္ကုန္တိုင္း အစိုးရႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္သည့္ ရန္ကုန္အစိုးရက ျပည္သူ႔အိမ္ရာမ်ားကို အဆင့္ျမႇင့္တင္တည္ေဆာက္ေရးစီမံကိန္းအနက္ တစ္ခုျဖစ္သည္။ စီမံကိန္းအဆိုျပဳလႊာႏွင့္ တင္ဒါလုပ္ငန္းမ်ား စိစစ္ေ႐ြးခ်ယ္ျခင္းကို Yangon Metropolitan Development အမ်ားပိုင္ကုမၸဏီက ေဆာင္႐ြက္ခဲ့သည္။

ႀကိဳ႕ကုန္းအိမ္ရာကို ၁၉၅၂ တြင္ တည္ေဆာက္ခဲ့ၿပီး ဦးဝိစာရအိမ္ရာ၊ ဖဆပလအိမ္ရာ၊ ရန္ကင္း ၁၂ လုံးအိမ္ရာတို႔ ႏွင့္အတူ အငွားအိမ္ရာအျဖစ္ ေဆာင္႐ြက္ခဲ့သည္။

MTSH ကုမၸဏီသည္ သီလဝါအထူးစီးပြားေရးဇုန္အေကာင္အထည္ေဖာ္ရာတြင္ျမန္မာဘက္မွပါဝင္ေဆာင္႐ြက္သည့္ ကုမၸဏီျဖစ္ၿပီး အမ်ားျပည္သူရွယ္ယာ ၁၇,၀၀၀ ေက်ာ္ပါဝင္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service