အဆောက်အအုံဒီဇိုင်းရေးဆွဲသူများလိုက်နာရမည့် National building code 2020 ထွက်ရှိမည် - Property News in Myanmar from iMyanmarHouse.com
820 Views

အဆောက်အအုံဒီဇိုင်းရေးဆွဲသူများလိုက်နာရမည့် National building code 2020 ထွက်ရှိမည်

### Unicode Version ###

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးဒီဇိုင်းရေးဆွဲသူများ လိုက်နာရမည့် National building code 2020 ထွက်ရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ထံမှ သိရသည်။

"နောက်ပိုင်းကျရင် ဒီဇိုင်းလုပ်တဲ့လူတွေမှန်သမျှက building code ကို ကိုးကားတွေလုပ်ရမယ်။ အခုလည်း ၂၀၁၆ ကထွက်ထားတဲ့ building code ပါအချက်တွေကို လိုက်နာရမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကညွန်ကြားထားတယ်။ ဒီမှာကြတော့ လိုအပ်ချက်တွေရှိနေလို့ ၂၀၂၀ verction ကိုထပ်ရေးဆွဲတာ"ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌဦးအောင်မြင့် ကပြောကြားသည်။

အဆိုပါ National building code 2020 တွင် အဆောက်အအုံတည်ဆောက်မှုတွင် လိုအပ်သည့် အဆောက်အဦခိုင်ခန့်မှု၊ ရေသန့်ရရှိမှု၊ ငလျင်ဒါဏ်ခံနိုင်မှု၊ မီးဘေးအရေပေါ်ထွက်ပေါက်၊ လှေကား၊ သဘာဝအလင်းရောင်ရရှိမှု စသည့်လုပ်ငန်းများအပြင် အသေးစားလုပ်ငန်းများဖြစ်သည့် အဲကွန်းထားရှိမှု စသည့်အချက်များ နှင့် အခန်းပေါင်း ၈ ခန်းရေးဆွဲထားကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ထံမှသိရသည်။

လက်ရှိတွင် အဆောက်အအုံဒီဇိုင်းစတင်ရေးဆွဲချိန်တွင် လိုက်နာရမည့် ဗိသုကာပုံစံရေးဆွဲမှုနှင့် အဆောက်အအုံ ခိုင်ခန့်မှုများကိုသာ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က လိုက်နာရန်ညွန်ကြားထားခြင်းဖြစ်ကြောင်း အဆိုပါအသင်းချူပ်ထံမှသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ဆောက်လုပ်ထားပြီးပျက်စီးမှုရှိသည့် တန်ဖိုးနည်းအိမ်ရာများတွင် သတ်မှတ်ချက်နှင့်မကိုက်ညီသည့် အခြေအနေများကြောင့် မျက်နှာကျက်ကွာကျခြင်း၊ သံချောင်းများပေါ်ခြင်း စသည့် ပြသနာများကြုံတွေ့လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service