မြဝတီမြို့ပြဖွံ့ဖြိုးရေးအတွက် ထိုင်းနိုင်ငံထံမှ ဒေါ်လာ ၂၄ သန်းချေးငွေယူရန် သဘောတူ - Property News in Myanmar from iMyanmarHouse.com
638 Views

မြဝတီမြို့ပြဖွံ့ဖြိုးရေးအတွက် ထိုင်းနိုင်ငံထံမှ ဒေါ်လာ ၂၄ သန်းချေးငွေယူရန် သဘောတူ

### Unicode Version ###

မြဝတီမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထိုင်းနိုင်ငံထံမှ ဘတ်ငွေ သန်း ၇၀၀ (ဒေါ်လာ ၂၄ သန်း) ချေးငွေရယူရန် သဘောတူခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုချေးငွေကို ထိုင်းနိုင်ငံအိမ်နီးခြင်းနိုင်ငံများ ဖွံဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်ပူ အေဂျင်စီ Neighboring Countries Economics Development Cooperation Agency(NEDA)ထံမှ ရယူရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အာဆီယံမြောက်ပိုင်းနိုင်ငံများ၏ မဟာမဲခေါင် အရှေ့-အနောက် စီးပွားရေးစင်္ကြန့် တလျောက် မြို့ပြများ ဖွံဖြိုးတိုးတတ်ရန် ထိုချေးငွေရယူရန် ၂၀၁၈ နိုဝင်ဘာတွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုထားသည်။

အဆိုပါချေးငွေဖြင့် မြဝတီမြို့ ရေပေးဝေရေးစနစ်အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင်ဒေါ်လာ ၁၁ ဒသမ ၃ သန်း၊ အမှိုက်စွန့်ပစ် စနစ်အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် ကန်ဒေါ်လာ ၇ ဒသမ ၆ သန်း၊ Public Awareness Programs များ ဆောင်ရွက်ရန်ပါဝင် သည်။

မြဝတီမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ဒေါ်လာ ၂ ဒသမ ၂ သန်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်ကာလအတွင်း ကုန်ကျမည့် Financing Charges များ၊ အခြားကုန်ကျစရိတ်များအတွက်လည်း ချေးငွေကိုကျခံသုံးစွဲမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောသည်။

ယင်းအပြင် မြဝတီမြို့နှင့် မဲဆောက်မြို့၌ စီးပွားရေးကုန်သွယ်မှုဇုန်နှင့် စက်မှုဇုန်များထူထောင်၍ မြန်မာ-ထိုင်းနယ် စပ်ဒေသဘက်ညီမျှဖွံ့ဖြိုးစေရန် Joint Spatial Development Plan စီမံကိန်းပုံစံ ရေးဆွဲပေးခြင်းအတွက် ADB ချေးငွေမှ ဒေါ်လာ တစ်သန်းနီးပါး သုံးစွဲမည်ဖြစ်သည်။

NEDA ၏ ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များသည် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန် ဆပ်ကာလနှစ် ၂၀၊ စုစုပေါင်းချေး ငွေသက်တမ်းနှစ် ၃၀ ဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ စီမံခန့်ခွဲမှု စရိတ်အဖြစ် ချေးငွေပမာဏ၏ သုည ဒသမ ၁၅ ရာခိုင်နှုန်းကို တစ်ကြိမ်တည်း ပေးချေရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ျမ၀တီၿမိဳ႕ျပဖြံ႕ၿဖိဳး​​ေရးအတြက္ ထိုင္းႏိုင္ငံထံမွ ​​​​ ​ေဒၚလာ ၂၄ သန္း​ေခ်း​ေငြယူရန္ သ​ေဘာတူ

 

ျမဝတီၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းအတြက္ ထိုင္းႏိုင္ငံထံမွ ဘတ္​ေငြ သန္း ၇၀၀ ​​(ေဒၚလာ ၂၄ သန္း) ​ေခ်း​ေငြရယူရန္ သ​ေဘာတူခဲ့​ေၾကာင္း ​ေဆာက္လုပ္​ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထို​ေခ်း​ေငြကို ထိုင္းႏိုင္ငံအိမ္နီးျခင္းႏိုင္ငံမ်ား ဖြံၿဖိဳးတိုးတက္​ေစ​ေရးပူး​ေပါင္း​ေဆာင္႐ြက္ပူ ​ေအဂ်င္စီ Neighboring Countries Economics Development Cooperation Agency(NEDA)ထံမွ ရယူရန္ သ​ေဘာတူခဲ့ျခင္းျဖစ္သည္။

အာဆီယံ​ေျမာက္ပိုင္းႏိုင္ငံမ်ား၏ မဟာမဲ​ေခါင္ အ​ေရွ႕-အ​ေနာက္ စီးပြား​ေရးစၾကၤန္႔ တ​ေလ်ာက္ ၿမိဳ႕ျပမ်ား ဖြံၿဖိဳးတိုးတတ္ရန္ ထို​ေခ်း​​ေငြရယူရန္ ၂၀၁၈ ႏိုဝင္ဘာတြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ အတည္ျပဳထားသည္။

အဆိုပါေခ်းေငြျဖင့္ ျမဝတီၿမိဳ႕ ေရေပးေဝေရးစနစ္အဆင့္ျမႇင့္တင္ျခင္း စီမံကိန္းတြင္ေဒၚလာ ၁၁ ဒသမ ၃ သန္း၊ အမႈိက္စြန႔္ပစ္ စနစ္အဆင့္ျမႇင့္တင္ျခင္းစီမံကိန္းတြင္ ကန္ေဒၚလာ ၇ ဒသမ ၆ သန္း၊ Public Awareness Programs မ်ား ေဆာင္႐ြက္ရန္ပါဝင္ သည္။

ျမဝတီၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္ေနသည့္ အစိုးရဝန္ထမ္းမ်ား၏ စြမ္းေဆာင္ရည္ျမႇင့္တင္ရန္ ေဒၚလာ ၂ ဒသမ ၂ သန္းႏွင့္ စီမံကိန္းအေကာင္အထည္ေဖာ္မည့္ကာလအတြင္း ကုန္က်မည့္ Financing Charges မ်ား၊ အျခားကုန္က်စရိတ္မ်ားအတြက္လည္း ေခ်းေငြကိုက်ခံသုံးစြဲမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ႀကီးဦးေက်ာ္လင္းက ေျပာသည္။

ယင္းအျပင္ ျမဝတီၿမိဳ႕ႏွင့္ မဲေဆာက္ၿမိဳ႕၌ စီးပြားေရးကုန္သြယ္မႈဇုန္ႏွင့္ စက္မႈဇုန္မ်ားထူေထာင္၍ ျမန္မာ-ထိုင္းနယ္ စပ္ေဒသဘက္ညီမွ်ဖြံ႕ၿဖိဳးေစရန္ Joint Spatial Development Plan စီမံကိန္းပုံစံ ေရးဆြဲေပးျခင္းအတြက္ ADB ေခ်းေငြမွ ေဒၚလာ တစ္သန္းနီးပါး သုံးစြဲမည္ျဖစ္သည္။

NEDA ၏ ေခ်းေငြဆိုင္ရာ စည္းကမ္းသတ္မွတ္ခ်က္မ်ားသည္ ဆိုင္းငံ့ကာလ ၁၀ ႏွစ္၊ ျပန္ ဆပ္ကာလႏွစ္ ၂၀၊ စုစုေပါင္းေခ်း ေငြသက္တမ္းႏွစ္ ၃၀ ျဖစ္ၿပီး တစ္ႏွစ္လွ်င္အတိုးႏႈန္း ၁ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္ကာ စီမံခန႔္ခြဲမႈ စရိတ္အျဖစ္ ေခ်းေငြပမာဏ၏ သုည ဒသမ ၁၅ ရာခိုင္ႏႈန္းကို တစ္ႀကိမ္တည္း ေပးေခ်ရမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဒုတိယဝန္ႀကီးက ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service