မြေအောက်လျှောက်လမ်းစီမံကိန်း ပန္နက်တင်အခမ်းအနားကျင်းပခဲ့ တစ်နာရီလျှင် လူ ၆၀၀၀ ခန့်ကူးလူးသွားလာနိုင်မည် - Property News in Myanmar from iMyanmarHouse.com
1005 Views

မြေအောက်လျှောက်လမ်းစီမံကိန်း ပန္နက်တင်အခမ်းအနားကျင်းပခဲ့ တစ်နာရီလျှင် လူ ၆၀၀၀ ခန့်ကူးလူးသွားလာနိုင်မည်

### Unicode Version ###

ရန်ကုန်မြို့ မြေအောက်လျှောက်လမ်း (Underpass) စီမံကိန်း ပန္နက်တင်အခမ်းအနားကို ဖေဖေါ်ဝါရီ ၂၃ ရက်က အဆိုပါစီမံကိန်းစတင်မည့် ပညာရေးတက္ကသိုလ်ဘက်ခြမ်းနေရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။ယင်းစီမံကိန်းပြီးစီးလျှင် တစ်နာရီလျှင် လူ ၆၀၀၀ ခန့်ကူးလူးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တောဝန်ဦးစိုးလွင်၊အတွင်းရေးမှူးဒေါ်လှိုင်မော်ဦး၊တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ စီမံကိန်းတာဝန်ခံများတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး ဥမင်အတွင်း ဈေးဆိုင်ခန်း ၁၃ ခန်း ပါဝင်ပြီး ပင်မဥမင်အမြင့်သည် ကြမ်းခင်မှ အပေါ်ဘက်အတွင်လိုင်နင်အထိ ၁၁ ပေရှိသည်။ခန်းဖွင့်သည် ၄၀ ပေ (၁၂ မီတာ)၊ပင်လယ် ရေမျက်နှာပြင်အမြင့် ၃၁ မီတာ၊မြေအောက်အနက် ၁၇ ပေ ၁ လက်မ(၅ ဒသမ ၇)၊ပင်မဥမင်လူသွားလမ်းအကျယ် ၁၉ ပေ ၈ လက်မ(၆ မီတာ)၊ဥမင်အလျား ၁၂၆ ပေ၊၁၀ လက်မ(၃၈ ဒသမ ၇) မီတာရှိကြောင်းသိရသည်။

ဝင်/ထွက်လမ်း ၄ ခုနှင့် အပေါ်မြေအမြင့် ၃ ပေ ၃ လက်မ၊ဥမင်လိုင်နင်သည် သံကူကွန်ကရစ် အမျိုးအစားဖြစ်ကာ ဝင်/ထွက်ဥမင်များ၏ လျောဇောက်ထောင့် ၃၀ ဒီဂရီရှိပြီး ရွေ့လျားစက်လှေကား(၃)စင်း၊မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၂ နှစ်စင်း၊ကြမ်းခင်းဧရိ ယာ ၁၁၂၅၀ စတုရန်းပေ(၁၀၄၅ စတုရန်းမီတာ)ရှိပြီး တည်ဆောက်ရေးစီမံကိန်း တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ေျမေအာက္ေလွ်ာက္လမ္းစီမံကိန္း ပႏၷက္တင္အခမ္းအနားက်င္းပခဲ့ တစ္နာရီလွ်င္ လူ ၆၀၀၀ ခန္႔ကူးလူးသြားလာႏိုင္မည္

ရန္ကုန္ၿမိဳ႕ ေျမေအာက္ေလွ်ာက္လမ္း (Underpass) စီမံကိန္း ပႏၷက္တင္အခမ္းအနားကို ေဖေဖၚဝါရီ ၂၃ ရက္က အဆိုပါစီမံကိန္းစတင္မည့္ ပညာေရးတကၠသိုလ္ဘက္ျခမ္းေနရာ၌ က်င္းပခဲ့ေၾကာင္းသိရသည္။ယင္းစီမံကိန္းၿပီးစီးလွ်င္ တစ္နာရီလွ်င္ လူ ၆၀၀၀ ခန္႔ကူးလူးသြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ဒုတိယဥကၠ႒ ဦးလင္းႏိုင္ျမင့္၊တိုင္းေဒသႀကီးအစိုးရ အဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ရန္ကုန္ၿမိဳ့ေတာ္ဝန္ဦးေမာင္ေမာင္စိုး၊တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီ ဒုတိယဥကၠ႒ ဒုတိယၿမိဳ့ေတာဝန္ဦးစိုးလြင္၊အတြင္းေရးမႉးေဒၚလႈိင္ေမာ္ဦး၊တြဲဖက္အတြင္းေရးမႉး ဦးသန္းႏွင့္ေကာ္မတီဝင္မ်ား၊ ဌာနဆိုင္ရာမ်ား၊ ဖိတ္ၾကားထားသူမ်ား စီမံကိန္းတာဝန္ခံမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါလမ္းကို ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီမွတာဝန္ယူတည္ေဆာက္မည္ျဖစ္ၿပီး ဥမင္အတြင္း ေဈးဆိုင္ခန္း ၁၃ ခန္း ပါဝင္ၿပီး ပင္မဥမင္အျမင့္သည္ ၾကမ္းခင္မွ အေပၚဘက္အတြင္လိုင္နင္အထိ ၁၁ ေပရွိသည္။ခန္းဖြင့္သည္ ၄၀ ေပ (၁၂ မီတာ)၊ပင္လယ္ ေရမ်က္ႏွာျပင္အျမင့္ ၃၁ မီတာ၊ေျမေအာက္အနက္ ၁၇ ေပ ၁ လက္မ(၅ ဒသမ ၇)၊ပင္မဥမင္လူသြားလမ္းအက်ယ္ ၁၉ ေပ ၈ လက္မ(၆ မီတာ)၊ဥမင္အလ်ား ၁၂၆ ေပ၊၁၀ လက္မ(၃၈ ဒသမ ၇) မီတာရွိေၾကာင္းသိရသည္။

ဝင္/ထြက္လမ္း ၄ ခုႏွင့္ အေပၚေျမအျမင့္ ၃ ေပ ၃ လက္မ၊ဥမင္လိုင္နင္သည္ သံကူကြန္ကရစ္ အမ်ိဳးအစားျဖစ္ကာ ဝင္/ထြက္ဥမင္မ်ား၏ ေလ်ာေဇာက္ေထာင့္ ၃၀ ဒီဂရီရွိၿပီး ေရြ႕လ်ားစက္ေလွကား(၃)စင္း၊မသန္စြမ္းသူမ်ားအသုံးျပဳရန္ ဓာတ္ေလွကား ၂ ႏွစ္စင္း၊ၾကမ္းခင္းဧရိ ယာ ၁၁၂၅၀ စတုရန္းေပ(၁၀၄၅ စတုရန္းမီတာ)ရွိၿပီး တည္ေဆာက္ေရးစီမံကိန္း တစ္ႏွစ္ခန္႔ၾကာျမင့္မည္ျဖစ္ေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service