သိမ်ဇရပ်ရှိ စစ်တောင်းစက္ကူစက်ရုံကို ကိုရီးယားကုမ္ပဏီနှင့် စက်မူဥယျာဉ်ထူထောင်ရန်ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
2812 Views

သိမ်ဇရပ်ရှိ စစ်တောင်းစက္ကူစက်ရုံကို ကိုရီးယားကုမ္ပဏီနှင့် စက်မူဥယျာဉ်ထူထောင်ရန်ဆွေးနွေး

### Unicode Version ###

မွန်ပြည်နယ်  သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံ မြေ ဧက ၉၀၀ ကျော်၌ စက်မူဥယျာဉ်မြို့တော် ထူထောင်ရန် ကိုရီးယားကုမ္ပဏီ Korea Industrial Complexနှင့် ဆွေးနွေးနေသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြောသည်။

ထိုစစ်တောင်းစက္ကူစက်ရုံသည် စက်ရုံမြေဧရိယာ ဧက ၉၂၆ ဧကနှင့် ကုန်ကြမ်းစိုက်ကွင်းမြေဧက ၉,၆၃၀ ရှိပြီး မြေဧရိယာ စုစုပေါင်း ၁၀,၅၅၆ ဧကသည်ရှိဟု ဒုဝန်ကြီးက ပြောသည်။

ထိုပြင် Nilar holding ကုမ္ပဏီနှင့်လည်း မြေဧက ၁၈၀ကျော်တွင် ပျော့ဖတ်စက်ရုံတည်ဆောက်ရန်လည်း ပြည်နယ်အစိုးရက စီစဉ်ဆွေးနွေးနေသည်ဟုဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ၎င်းတို့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံဟောင်း မြေနေရာကို Industrial Complex ထူထောင်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက ပြောသည်။

စစ်တောင်းစက္ကူစက်ရုံမြေ ဧရိယာ ၆၉၈ ဧကကို ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီက စက်ရုံများ ဖော်ထုတ်နိုင်ရန် ယခင်အစိုးရ လက်ထက်က တစ်နှစ်လျှင် ကျပ် သိန်း ၄၀၀ နှုန်းဖြင့် ၂၀၁၅ မှ ၂၀၄၅ အထိ နှစ် ၃၀ ငှားရမ်းခဲ့ဖူးသည်။

ထို့အတူ စက်ရုံရှိ အဆောက်အအုံ၊ စက်နှင့် စက်ပစ္စည်းများကို ပုံသေပိုင်ပစ္စည်း လက်ကျန် တန်ဖိုးဖြင့်တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့်အဆိုပါကုမ္ပဏီက ဆယ်နှစ်စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၁၇ အောက်တိုဘာလမှစ၍ အဆိုပါ စက်ရုံကို ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီက လုပ်ငန်းဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပြည်နယ်အစိုးရထံ ပြန်လည်အပ်နှံရန် အဆိုပြုထားသည့်အပေါ် ပြန်လက်ခံရယူရန် ကော်မတီဖွဲ့၍ စိစစ်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက အောက်တိုဘာ နောက်ဆုံးပတ်တွင် ပြောကြား ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

သိမ္ဇရပ္ရွိ စစ္​ေတာင္းစကၠဴစက္႐ုံကို ကိုရီးယားကုမၸဏီႏွင့္ စက္မူဥယ်ာဥ္ထူ​ေထာင္ရန္​ေဆြး​ေႏြး

 

မြန္ျပည္နယ္ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္႐ုံ ေျမ ဧက ၉၀၀ ေက်ာ္၌ စက္မူဥယ်ာဥ္ၿမိဳ႕​ေတာ္ ထူ​ေထာင္ရန္ ကိုရီးယားကုမၸဏီ Korea Industrial Complexႏွင့္ ​ေဆြး​ေႏြး​ေနသည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာမင္းရဲပိုင္ဟိန္းက ေျပာသည္။

ထိုစစ္ေတာင္းစကၠဴစက္႐ုံသည္ စက္႐ုံေျမဧရိယာ ဧက ၉၂၆ ဧကႏွင့္ ကုန္ၾကမ္းစိုက္ကြင္းေျမဧက ၉,၆၃၀ ရွိၿပီး ​ေျမဧရိယာ စုစုေပါင္း ၁၀,၅၅၆ ဧကသည္ရွိဟု ဒုဝန္ႀကီးက ေျပာသည္။

ထိုျပင္ Nilar holding ကုမၸဏီႏွင့္လည္း ​​ေျမဧက ၁၈၀​ေက်ာ္တြင္ ေပ်ာ့ဖတ္စက္႐ုံတည္​ေဆာက္ရန္လည္း ျပည္နယ္အစိုးရက စီစဥ္​ေဆြး​ေႏြး​ေနသည္ဟုဆိုသည္။

မြန္ျပည္နယ္ အစိုးရအဖြဲ႕ အေနျဖင့္ ၎တို႔၏ စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္႐ုံေဟာင္း ေျမေနရာကို Industrial Complex ထူေထာင္ႏိုင္ေရး လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ေနၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန အေနျဖင့္ စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေစေရး မူဝါဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ဒုတိယဝန္ႀကီး ေဒါက္တာ မင္းရဲပိုင္ဟိန္းက ေျပာသည္။

စစ္ေတာင္းစကၠဴစက္႐ုံေျမ ဧရိယာ ၆၉၈ ဧကကို ေ႐ႊသံလြင္ ဟိုင္းေဝးကုမၸဏီက စက္႐ုံမ်ား ေဖာ္ထုတ္ႏိုင္ရန္ ယခင္အစိုးရ လက္ထက္က တစ္ႏွစ္လွ်င္ က်ပ္ သိန္း ၄၀၀ ႏႈန္းျဖင့္ ၂၀၁၅ မွ ၂၀၄၅ အထိ ႏွစ္ ၃၀ ငွားရမ္းခဲ့ဖူးသည္။

ထို႔အတူ စက္႐ုံရွိ အေဆာက္အအုံ၊ စက္ႏွင့္ စက္ပစၥည္းမ်ားကို ပုံေသပိုင္ပစၥည္း လက္က်န္ တန္ဖိုးျဖင့္တစ္ႏွစ္လွ်င္ က်ပ္သိန္း ၂၀၀ ေက်ာ္ျဖင့္အဆိုပါကုမၸဏီက ဆယ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို ငွားရမ္းခဲ့ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕႐ုံးမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

၂၀၁၇ ေအာက္တိုဘာလမွစ၍ အဆိုပါ စက္႐ုံကို ေ႐ႊသံလြင္ဟိုင္းေဝး ကုမၸဏီက လုပ္ငန္းဆက္လက္ေဆာင္႐ြက္ႏိုင္ျခင္း မရွိသျဖင့္ ျပည္နယ္အစိုးရထံ ျပန္လည္အပ္ႏွံရန္ အဆိုျပဳထားသည့္အေပၚ ျပန္လက္ခံရယူရန္ ေကာ္မတီဖြဲ႕၍ စိစစ္ေနေၾကာင္း မြန္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းဝင္းက ေအာက္တိုဘာ ေနာက္ဆုံးပတ္တြင္ ေျပာၾကား ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service