ရန်ကုန်မိုးပျံလမ်း ရင်းနှီးမြှုပ်နှံငွေများကို ဗဟိုဘဏ်ထိန်းချုပ်မှုဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
891 Views

ရန်ကုန်မိုးပျံလမ်း ရင်းနှီးမြှုပ်နှံငွေများကို ဗဟိုဘဏ်ထိန်းချုပ်မှုဖြင့် ဆောင်ရွက်မည်

### Unicode Version ###

ရန်ကုန်မိုးပျံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို ဗဟိုဘဏ်ထိန်းချုပ်မှုအောက်တွင်ထားရှိ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

" ကျွန်တော်တို့မှာဒါနဲ့ပတ်သတ်ပြီး ဥပဒေရှိတယ်။ ဒီငွေတွေကိုသွင်းလာတဲ့အခါမှာ နိုင်ငံမှာလည်း ငွေရေး ကြေးရေးအရ တည်ငြိမ်မှုကို ဗဟိုဘဏ်က ထိန်းရတယ်။ သူတို့အနေနဲ့ အမြတ်တွေ ပြန်ထုတ်သွားမယ်ဆိုရင် အဆိုပြုထားတဲ့ အမြတ်ပဲထုတ်မှာလားဆိုတာထိန်းရတယ်။ ရှိသမျှအကုန် ထုတ်လို့မရဘူး။"ဟု ရန်ကုန်မိုးပျံလမ်းစီမံကိန်းလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် ကပြောသည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်း တည်ဆောက်ရန်အတွက် ဆောက်လုပ်ခွင့်ရရှိသည့် ကုမ္ပဏီဘက်မှ မတည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာသန်းတစ်ထောင်ခန့် မြန်မာနိုင်ငံအစိုးရသို့ ပေးချေရမည်ဖြစ်ပြီး အစိုးရဘက်မှ အဆိုပါနိုင်ငံခြားငွေများကို ငွေကြေးကွာခြားချက်လျော့နည်းစေရန် ဗဟိုဘဏ်ထိန်းချုပ်မှုဖြင့်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့် ကုမ္မဏီသည် အဆိုပါငွေများကို မြန်မာနိုင်ငံဘက်မှ မြန်မာငွေကြေးဖြင့် ပြန်လည်ကောက်ခံရရှိမည်ဖြစ်ပြီး အဆိုပါငွေကြေးများကို အမြတ်ခွဲဝေမှုနှင့် မူလတန်ဖိုးပြန်လည် ပေးချေရာတွင် ဒေါ်လာအဖြစ် ပြောင်းလဲရာတွင် ဗဟိုဘဏ်၏လုပ်ဆောင်မှုဖြင့် ပေးချေသွားမည်ဖြစ်သည်။

''ကျွန်တော်တို့ဘက်က နိုင်ငံရဲ့ငွေရေးကြေးရေးတည်ငြိမ်မှုကိုဖြစ်စေဖို့ ဗဟိုဘဏ်ကတဆင့် စီမံခန့်ခွဲတာ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် တင်ဒါအောင်ကုမ္ပဏီများနှင့် PPP စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်း လမ်းအသုံးပြုခွင့်ကောက်ခံမည့် ငွေကြေးများကို တည်ဆောက်မည့် ရင်းနှီးမြှုပ်ထားသော ကုမ္ပဏီကို ၃၅ နှစ် ကောက်ခံခွင့်ပြုသွားမည်ဖြစ်ပြီး ယင်းသက်တမ်းကျော်လွန်သည့် ကာလတွင်အစိုးရဘက်မှ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းထံမှ သိရသည်။

လမ်းအသုံးပြုခများကို လမ်းအကွာအဝေးအသုံးပြုမှုပေါ်မူတည်၍ ကျပ် ၁၃၀၀ ဝန်းကျင်မှ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ကောက်ခံသွားမည်ဖြစ်ပြီး ဒေါ်လာဈေးအတက်အကျဖြင့်လည်း ဈေးနှုန်းပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ရန္ကုန္မိုးပ်ံလမ္း ရင္းနွီးျမွဳပ္နွံေငြမ်ားကုိ ဗဟိုဘဏ္ထိန္းခ်ဳပ္မွဳျဖင့္ ေဆာင္ရြက္မည္

ရန္ကုန္မိုးပ်ံစီမံကိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ေငြေၾကးမ်ားကုိ ဗဟိုဘဏ္ထိန္းခ်ဳပ္မႈေအာက္တြင္ထားရွိ၍ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ သိရသည္။

" ကၽြန္ေတာ္တို႔မွာဒါနဲ့ပတ္သတ္ျပီး ဥပေဒရွိတယ္။ ဒီေငြေတြကိုသြင္းလာတဲ့အခါမွာ ႏိုင္ငံမွာလည္း ေငြေရး ေၾကးေရးအရ တည္ၿငိမ္မႈကို ဗဟိုဘဏ္က ထိန္းရတယ္။ သူတို႔အေနနဲ႔ အျမတ္ေတြ ျပန္ထုတ္သြားမယ္ဆိုရင္ အဆိုျပဳထားတဲ့ အျမတ္ပဲထုတ္မွာလားဆိုတာထိန္းရတယ္။ ရွိသမၽွအကုန္ ထုတ္လို႔မရဘူး။"ဟု ရန္ကုန္မိုးပ်ံလမ္းစီမံကိန္းလုပ္ငန္း ေကာ္မတီအတြင္းေရးမႉး၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနလမ္းဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးၾကည္ေဇာ္ျမင့္ ကေျပာသည္။

ရန္ကုန္မိိုးပ်ံလမ္းစီမံကိန္း တည္ေဆာက္ရန္အတြက္ ေဆာက္လုပ္ခြင့္ရရွိသည့္ ကုမၸဏီဘက္မွ မတည္ရင္းနွီးျမွဳပ္နွံမွဳအျဖစ္ ေဒၚလာသန္းတစ္ေထာင္ခန့္ ျမန္မာနိုင္ငံအစိုးရသို့ ေပးေခ်ရမည္ျဖစ္ျပီး အစိုးရဘက္မွ အဆိုပါနိုင္ငံျခားေငြမ်ားကို ေငြေၾကးကြာျခားခ်က္ေလ်ာ့နည္းေစရန္ ဗဟိုဘဏ္ထိန္းခ်ဳပ္မႈျဖင့္ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အဆိုပါ၀န္ႀကီးဌာနမွ သိရသည္။

လုပ္ငန္းလုပ္ကုိင္ခြင့္ရရွိသည့္ ကုမၼဏီသည္ အဆိုပါေငြမ်ားကို ျမန္မာနိုင္ငံဘက္မွ ျမန္မာေငြေၾကးျဖင့္ ျပန္လည္ေကာက္ခံရရွိမည္ျဖစ္ျပီး အဆိုပါေငြေၾကးမ်ားကုိ အျမတ္ခြဲေ၀မွဳနွင့္ မူလတန္ဖိုးျပန္လည္ ေပးေခ်ရာတြင္ ေဒၚလာအျဖစ္ ေျပာင္းလဲရာတြင္ ဗဟိုဘဏ္၏လုပ္ေဆာင္မွဳျဖင့္ ေပးေခ်သြားမည္ျဖစ္သည္။

''ကၽြန္ေတာ္တို႔ဘက္က ႏိုင္ငံရဲ႕ေငြေရးေၾကးေရးတည္ၿငိမ္မႈကိုျဖစ္ေစဖို့ ဗဟိုဘဏ္ကတဆင့္ စီမံခန္႔ခြဲတာ'' ဟု ၎က ဆက္လက္ေျပာၾကားသည္။

ရန္ကုန္မိုးပ်ံလမ္းစီမံကိန္းကုိ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔၏ ဦးေဆာင္မွဳျဖင့္ တင္ဒါေအာင္ကုမၸဏီမ်ားႏွင့္ PPP စနစ္ျဖင့္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ယင္း၀န္ႀကီးဌာနမွ သိရသည္။

အဆိုပါစီမံကိန္း လမ္းအသံုးျပဳခြင့္ေကာက္ခံမည့္ ေငြေၾကးမ်ားကုိ တည္ေဆာက္မည့္ ရင္းနွီးျမွဳပ္ထားေသာ ကုမၸဏီကုိ ၃၅ နွစ္ ေကာက္ခံခြင့္ျပဳသြားမည္ျဖစ္ျပီး ယင္းသက္တမ္းေက်ာ္လြန္သည့္ ကာလတြင္အစိုးရဘက္မွ ဆက္လက္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း အဆိုပါစီမံကိန္းထံမွ သိရသည္။

လမ္းအသံုးျပဳခမ်ားကို လမ္းအကြာအေ၀းအသံုးျပဳမွဳေပၚမူတည္၍ က်ပ္ ၁၃၀၀ ၀န္းက်င္မွ က်ပ္ ၃၀၀၀ ၀န္းက်င္အထိ ေကာက္ခံသြားမည္ျဖစ္ျပီး ေဒၚလာေစ်းအတက္အက်ျဖင့္လည္း ေစ်းနွဳန္းေျပာင္းလဲေကာက္ခံမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service